Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အာရှတွင် ဒုတိယအကြီးဆုံး ဝန်ဗိုက်ဒီရေတောကြီး ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ရန် ထောက်ပံ့ငွေ လိုအပ်နေ

ရခိုင်ပြည် ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ်တွင်ရှိသည့် ဝန်ဗိုက်ဒီရေတောမှာ အာရှတွင် ဒုတိယအကြီးဆုံးဒီရေတော သစ်တောကြိုးဝိုင်းကြီးတစ်ခုဖြစ်ပြီး ဆက်လက်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ထောက်ပံ့ငွေများ လိုအပ်လျှက်ရှိနေကြောင်း ဒီရေတောကို ထိန်းသိမ်းစောင့်ရှောက်နေကြသည့်ဒေသခံအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ယခင်က ဝန်ဗိုက်ဒီရေတောကို ထိန်းသိမ်းစောင့်ရှောက်ရန် သစ်တော၀န်ထမ်းများရှိသော်လည်း ၂၀၂၀ ခုနှစ်အစောပိုင်းကတည်းက နိုင်ငံရေးအခြေအနေကြောင့် ၀နျထမျးမြား ဒီရေတောမှ ထွက်သွားခဲ့ကြပြီး ယခုအချိန်အထိ ပြန်လည်မရောက်ရှိသေးကြောင်း သိရှိရသည်။

၀နျဗိုကျဒီရတေော ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကို ၂၀၂၀ စက်တင်ဘာလက စတင်ခဲ့ကြပြီးအနီးအနားရှိ ရွာပေါင်း ၁၄ ရွာက ဒေသခံ ပြည်သူများစုပေါင်းဖွဲ့စည်းကာ ယခုအချိန်ထိ ထိန်းသိမ်းစောင့်ရှောက်နေကြခြင်းဖြစ်ကြောင်း ကြိုးဝိုင်းထိန်းသိမ်းစောင့်ရှောက်ရေးဥက္ကဌ ဦးထွေးအောင်က ပြောကြားသည်။

ဝန်ဗိုက်ဒီရေတောကြိုးဝိုင်းကို ကင်းလှည့်ရန်အတွက် စက်လှေ ၃ စင်းအသုံးပြုကာ တစ်ပတ်လျှင် ၂ ကြိမ်မှ ၃ ကြိမ်အထိ ကင်းလှည့်ခြင်း ပုံမှန်ပြုလုပ်လျက်ရှိသော်လည်း ယခုအခါ ကင်းလှည့်သွားလာရန်အတွက် ဓာတ်ဆီဝယ်ယူရန် ငွေကြေး အခက်အခဲရှိနေကြောင်းပြောသည်။

စက်လှေ ၃ စီးဖြင့် တစ်ရက်ကင်းလှည့်လျှင် ဓာတ်ဆီ ၁၅ ဂါလံခန့် ကုန်ကျပြီး တစ်လလျှင် ၁၂၀ ဂါလံမျှ အကူအညီလိုအပ်နေကြောင်းဆိုသည်။

“စက်လှေ ၃စီးဆို ပိုပြီးကာကွယ်နိုင်တာပေါ့ ခုက စက်သုံးဆီစျေးကလည်း တက်နေတော့ တစ်နေ့ကိုစက်လှေတစ်စီးဆို ဆီ ၅ဂါလံကုန်တယ် ၃စီးဆိုတော့၁၅ဂါလံလောက်ကိုကုန်နေတာ ငွေကြေးကလိုက်မနိုင်ဘူးဖြစ်နေတယ် ပြည်သူတွေဆီက အကူအညီတွေရရင်တော့ ပိုကောင်းတာပေါ့” ဟု အဖွဲ့ဥက္ကဌက ABNကိုပြောဆိုသည်။

လက်ရှိတွင် ပုံမှန် ကင်းလှည့်နိုင်ရန် ဓာတ်ဆီအခက်အခဲရှိသောကြောင့် ဒီရေတောကြိုးဝိုင်းတွင် သစ်လာရောက်ခုတ်သူ၊ ထင်းခုတ်သူများ ရှိလာနေကြောင်းလည်း ကြိုးဝိုင်း ထိန်းသိမ်းစောင့်ရှောက်ရေးနာယကအဖွဲ့ဝင် ဦးမောင်သိန်းကျော်က ပြောသည်။

ထိန်းသိမ်းစောင့်ရှောက်နေစဥ်အတွင်း ဖမ်းဆီးရမိသည့် သစ်ဘုတ်များနှင့်စက်လှေများထဲမှ သစ်တချို့ကို သိမ်းဆည်းပြီး တချို့ကိုနောက်တစ်ခါမပြုလုပ်ရန် သတိပေးကာပြန်လည် လွှတ်လိုက်ရသည်များရှိကြောင်း သိရှိရသည်။

၀နျဗိုကျဒီရတေောသညျ ၅၆၆၃၃ ဧကကျယ်၀န်းကာ အာရှတွင်ဒုတိယအကြီးဆုံး ဒီရေတောတစ်ခုဖြစ်ကာ ထိန်းသိမ်းစောင့်ရှောက်ရန် ဝန်ထမ်းမရှိခြင်းကြောင့် ထင်းနှင့် သစ်များတရားမ၀င်ခိုးထုတ်ခြင်းကြောင့် အပင်ကြီးများမရှိသလောက်နည်းပါးကာ ၇၅ ရာခိုင်နှုန်းခန့် ပြုန်းတီးမှုနဲ့ ရင်ဆိုင်နေရပြီး ပြန်လည်းထိန်းသိမ်းစောင့်ရှောက်ရန်အရေးတကြီး လိုအပ်နေသည့် နေရာတစ်ခုဖြစ်သည်။

အာရှတွင် ဒုတိယအကြီးဆုံး ဝန်ဗိုက်ဒီရေတောကြီး ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ရန် ထောက်ပံ့ငွေ လိုအပ်နေ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ