Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အာရက္ခပြည်သူ့အစိုးရ HDCO မှ မိုခါမုန်တိုင်းရှောင်ပြည်သူများကို ဆန်အိတ် ၁၀၀၀ ကျော် ထောက်ပံ့ပေး

ABN – ကိုဟိန်းထွန်း

ရခိုင်ပြည်၊ အာရက္ခပြည်သူ့အစိုးရ၏ HDCO မှ မိုခါမုန်တိုင်းရှောင် ပြည်သူများကို ဆန်အိတ် ၁၀၀၀ ကျော် ထောက်ပံ့ပေးနေကြောင်းနီးစပ်သည့် သတင်းရင်းမြစ်များမှ သိရသည်။

နေရာဒေသကွာခြားချက်အရ လူတစ်ဦးလျှင် တစ်ရက်လျှင် ဆန် ၂ ဗူးကျစီထောက်ပံ့ပေးနေပြီး အချို့ရွာများတွင် ၄ ဗူးကျ ပေးနေကြောင်းသိရသည်။

HDCO သည် လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးကိုလုပ်ကိုင်နေသည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA မှဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။

မိုခါမုန်တိုင်းရှောင်အများဆုံးဖြစ်သည့် မြေပုံမြို့နယ် ငမန်းရဲကျွန်းမှ ပြည်သူများကို ဆန်များထောက်ပံ့ပေးနေကြောင်း သတင်းရင်းမြစ်များထံမှသိရသည်။

ရပ်ရွာတစ်ချို့တွင် တိတိကျကျသတ်မှတ်ထားခြင်းမရှိပဲ လူဦးရေ၊ အုပ်စုအလိုက် မျှတစွာပေးနေသည့်အပြင် အဓိကလိုအပ်သည့်ပြည်သူများကိုလည်း ဦးစားပေးထောက်ပံ့နေကြောင်းသိရသည်။

HDCO သည် ရခိုင်ပြည်ရှိ မိုခါ ဆိုင်ကလုန်းမုန်တိုင်း၏ သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ အသိပေးနေပြီး မုန်တိုင်းဒဏ်သင့်ပြည်သူများကို ကူညီရန်လည်း အဆင်သင့်ပြင်ဆင်ထားကြောင်း တာဝန်ရှိသူများထံက သိရသည်။

ULA/AA ကလည်း ရခိုင်ပြည်အနှံ့ရှိ ကုန်းနိမ့်ပိုင်းက မုန်တိုင်းအန္တရာယ်ကျရောက်လာနိုင်သည့် ပြည်သူများကို ကူညီကယ်ဆယ်ရေးများ ပေးလျက်ရှိပြီး လူပေါင်း ၄၀၀၀၀ ကို ဘေးလွတ်ရာသို့ ပို့ပေးထားပြီဖြစ်ကြောင်း AA ပြောခွင့်ရက ပြောထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ