Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အာရက္ခပြည်သူ့အစိုးရ၏ တရားစီရင်ရေး ဌာနမှ ၂၀၂၃ ခုနှစ်အတွင်း အမှုစုစုပေါင်း ၃၄၂၂မှုကိုဖြေရှင်းပေးနိုင်ခဲ့သည်ဟု ထုတ်ပြန်

အာရက္ခပြည်သူ့အစိုးရ၏ တရားစီရင်ရေး ဌာနမှ ၂၀၂၃ ခုနှစ်အတွင်း အမှုစုစုပေါင်း ၃၄၂၂မှုကိုဖြေရှင်းပေးနိုင်ခဲ့သည်ဟု ထုတ်ပြန်

ABN-ရှိုင်းမိုး

အောက်တိုဘာ ၂၄ရက်

အာရက္ခပြည်သူ့အစိုးရ၏ တရားစီရင်ရေးဌာနမှ ၂၀၂၃ ခုနှစ်အစပိုင်းမှ စက်တင်ဘာလအထိ ၉လတာကာလအတွင်း အမှုစုစုပေါင်း ၃၄၂၂မှုကို ဖြေရှင်းပေးနိုင်ခဲ့ကြောင်း ယနေ့ထုတ်ပြန်လိုက်သည်။

၂၀၂၃ ခုနှစ်ဇန်နဝါရီလမှစ၍ အာရက္ခပြည်သူ့တရားစီရင်ရေးဌာနသို့ ရာဇဝတ်မှု ၁၃၉၁မှုနှင့် တရားမမှု ၁၇၂၁မှု စုစုပေါင်းအမှု ၃၁၁၂မှုကို ပြည်သူများမှတိုင်ကြားခဲ့ကြသည်။

ထိုအမှုထဲမှ တစ်ချို့တစ်ဝက်ကို အာရက္ခပြည်သူ့အစိုးရ၏ တရားစီရင်ရေးဌာနမှ ဖြေရှင်းပေးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ထိုဖြေရှင်းပြီးသောအမှု ၃၄၂၂ ထဲတွင် ရာဇဝတ်မှု ၁၅၄၀မှုနှင့် တရားမမှု ၁၈၈၂ မှုတို့ကဖြစ်သည်ဟု သိရှိရသည်။

လက်ရှိ ၂၀၂၃ ခုနှစ်အတွင်းဖြေရှင်းရန်ကျန်ရှိနေသောအမှုစုစုပေါင်း ၂၅၇၂မှုရှိသေးသည်ဟုသိရှိရသည်။

ထိုအထဲတွင် ရာဇဝတ်မှု ၈၅၀မှုနှင့် တရားမမှု ၁၇၂၂မှုတို့သည် ဖြေရှင်းရန်ကျန်ရှိနေသေးကြောင်း ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်၏အချက်အလက်အရ တရားမမှုသည် ရာဇဝတ်မှုထက်များနေရခြင်းသည် တရားမမှု၏အမှုဖြေရှင်းချက်သည် ရာဇဝတ်မှုထက်အချိန်ပေးလုပ်ဆောင်နေရခြင်းကြောင့် ဖြစ်သည်ဟုသိရှိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က ရာဇဝတ်မှု ၉၉၉မှုနှင့် တရားမမှု ၁၈၈၃မှု၊ စုစုပေါင်း ၂၈၈၂မှုလည်းကျန်ရှိနေသေးကြောင်းသိရသည်။

ရက္ခိုင့်တပ်တော်သည် ရခိုင်ပြည်ရှိ မြို့နယ် အများစုတွင် အမှုများကို လက်ခံ ဖြေရှင်းပေးလျက်ရှိနေပြီး၊ ပြည်သူများကလည်း အမှုများကို စစ်ကောင်စီ၏ ရုံးများတွင် တိုင်တန်းမှု နည်းပါးပြီး အာရက္ခပြည်သူ့အစိုးရ၏ တရားစီရင်ရေးဌာနများတွင် တိုင်တန်းမှုများလာသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ