Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အာရက္ခပြည်သူ့အစိုးရ၏ တရားဥပဒေရေးရာဌာနအောက်တွင် တာဝန်ထမ်းဆောင်ရန် ကျောင်းသူ/သားများ ခေါ်ယူ

ABN-ဟိန်းထွန်း

အောက်တိုဘာ ၁ ရက်

အာရက္ခပြည်သူ့အစိုးရ၊ တရားဥပဒေရေးရာဌာနလက်အောက်ရှိတရားရုံးနှင့်ဥပဒေရုံးအသီးသီးတွင် တာဝန်ထမ်းဆောင်လိုသူများအတွက် ဥပဒေရေးရာလေ့ကျင့်ရေးကျောင်းဝင်ခွင့်လျှောက်လွှာ ခေါ်ယူမှုကို တရားရေးဌာနက ကြော်ငြာစာအမှတ် ( ၁/၂၀၂၃) ရက်စွဲဖြင့် ယနေ့တွင်ထုတ်ပြန်သည်ကို တွေ့ရသည်။

လျှောက်ထားသူများသည် အာရက္ခနိုင်ငံတော်နှင့် အာရက္ခပြည်သူ့အစိုးရအား သစ္စာခံသူဖြစ်ရမည့်အပြင် အာရက္ခပြည်သူ့အစိုးရ၏ ဌာနတစ်ခုခုတွင် လက်ရှိတာဝန်ထမ်းဆောင်နေသူဖြစ်လျှင် အနိမ့်ဆုံးအဆင့် ပညာအရည်အချင်းမှာတက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ ဖြစ်ရမည်ဖြစ်ပြီး ပြင်ပမှ လျှောက်ထားလိုသူဆိုလျှင် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိပြီးသူ ဖြစ်ရမည်ဟု ထုတ်ပြန်ချက်အရသိရသည်။

ထို့အပြင် တာဝန်ထမ်းဆောင်လိုသူများသည် နေရာဒေသမရွေး သွားရောက်တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်ဟု ဖော်ပြထားသည့်အပြင် ကိုယ်လက်အင်္ဂါကျန်းမာသန်စွမ်းသူဖြစ်ရမည် ဟု တရားရေးဌာနကဆိုထားသည်။

၂၀၂၃-ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် အသက်(၂၀)နှစ်အောက်မငယ်သူ၊ အသက်(၃၂) နှစ်ထက်မကြီးသူဖြစ်ရမည်ဖြစ်ပြီး အာရက္ခပြည်သူ့အစိုးရ၏ ဌာနတစ်ခုခုတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းဖြစ်လျှင် အသက်အရွယ်ကန့်သတ်ချက်အား လျှော့ပေါ့စဉ်းစားပေးသွားမည်ကြောင်းလည်း တွေ့ရှိရသည်။

လျှောက်ထားလိုသူ သင်တန်းသား/သူ များသည် အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည့်အပြင် ရက္ခိုင့်အမျိုးသားရေးကို စိတ်အားထက်သန်သူဖြစ်ရမည်ဖြစ်ကြောင်း အာရက္ခပြည်သူ့အစိုးရ၊ ဥပဒေရေးရာလေ့ကျင့်ရေးကျောင်းတွင် (၇)လကြာသင်တန်းကို ပြီးမြောက်အောင် တက်ရောက်နိုင်သူ ဖြစ်ရမည်ဟုပါရှိသည်။

လျှောက်ထားလိုများအနေနှင့် ဝင်ခွင့်အရည်အချင်းစစ်ဆေးမှုကိုခံရမည်ဖြစ်ပြီး ဝင်ခွင့်အရည်အချင်းစစ်ဆေးမည့် နေ့ရက်၊ နေရာနှင့် အချိန်တို့ကို အချိန်မီချိတ်ဆက်ပေးပို့သွားမည်ဖြစ်ရာ စိတ်ပါဝင်စားသည့် သင်တန်းသူ/သားများသည် မိမိတို့လျှောက်လွှာများကို အာရက္ခပြည်သူ့အစိုးရ၏ ဥပဒေရုံး၊ တရားရုံး၊ နီးစပ်ရာ စစ်ဒေသကွပ်ကဲရေးရုံး၊ နိုင်ငံရေးဌာန၊ အုပ်ချုပ်ရေးဌာနတို့တွင် (၁-၁၀-၂၀၂၃) ရက်နေ့မှစတင်၍ ထုတ်ယူ၍လျှောက်ထားနိုင်ကြောင်း တရားရေးဌာနက ထုတ်ပြန်ထားသည်။

လျှောက်လွှာကို (၁၅-၁၀-၂၀၂၃)ရက်နိ နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ပြီး လျှောက်လွှာနှင့် စပ်လျဉ်း၍ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းမပြည့်စုံလျှင်သော်လည်းကောင်း၊ သတ်မှတ်ထားသောရက်ထက် နောက်ကျရောက်ရှိလာလျှင်သော်လည်းကောင်း ထိုလျှောက်လွှာများကို လက်ခံစဉ်းစားမည်မဟုတ်ကြောင်း သိရသည်။

လျှောက်လွှာနှင့်အတူအောက်ပါအချက်အလက်များ ပူးတွဲပါရှိရမည့်တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်လက်မှတ် မိတ္တူမှန်၊ဘွဲ့လက်မှတ် မိတ္တူမှန်(ပြင်ပမှလျှောက်ထားသူများသာ)၊ပြင်ပမှ လျှောက်ထားလိုသူဖြစ်လျှင် အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်၊ အာရက္ခပြည်သူ့ အစိုးရ ဌာနတစ်ခုခု၏ ထောက်ခံချက် မူရင်း၊ အာရက္ခပြည်သူ့အစိုးရ၊ တရားဥပဒေ​ရေးရာဌာနမှအပ အခြားဌာနများမှ ဝန်ထမ်းများဖြစ်လျှင် မိမိဌာနအကြီးအကဲ၏ ထောက်ခံချက်မူရင်း၊ ရွေးချယ်ခြင်းခံရလျှင် သင်တန်းပြီးမြောက်သည့်အခါ အာရက္ခပြည်သူ့အစိုးရ၊ တရားဥပဒေရေးရာရာဌာနတွင် အနည်းဆုံး(၅)နှစ် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ