သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေသို့ မူဆလင် ၇၀၀၀ ကျော် စစ်ရှောင်ခိုလှုံ

မောင်တောနှင့် ဘူးသီးတောင်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေမှုကြောင့် အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေသို့ မူဆလင် ၇၀၀၀ ကျော် စစ်ရှောင်ခိုလှုံလာကြောင်း သိရသည်။

AA ထံခိုလှုံလာသူများမှာ ဘူးသီးတောင်မြို့နယ်မှ ကကျက်ဘက် ၊ အလယ်ချောင်း၊ ဘဂုံး၊ မြောင်းနား၊ ဒုံးချောင်းအပါအဝင် တစ်ခြားရွာများနှင့် မောင်တောမြို့နယ်မှ ဂူးနား၊ လှဘော်ဇား ၊ ပေါင်းဇား အစရှိသည့် ရွာများမှ ပါဝင်ကြောင်း သိရသည်။

မောင်တောမြို့နယ်တွင်တိုက်ပွဲ ဖြစ်ပွားနေခြင်း၊ အကြမ်းဖက် စစ်ကောင်စီက နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းကြောင့် AA ထိန်းချုပ်ရာနယ်မြေသို့ စစ်ဘေးရှောင်လာခြင်းဖြစ်ကြောင်း ဒေသခံမူဆလင်တစ်ဦး က AB News သို့ပြောသည်။

“ကျမတို့မြို့မှာလည်း တိုက်ပွဲက ပြင်းလာနေတယ်။ စစ်ကောင်စီကလည်း ပြည်သူပိုင်နေအိမ်တွေ မီးရှို့ဖျက်ဆီးလာတယ်။ ကျမတို့လည်းမနေဝံ့တော့ AA ဆီခိုလှုံဖို့ရောက်လာတာပါ။ AA ကလည်း ကျမတို့ကလေးတွေကို ပွေ့ချီပေးတယ် “ဟု ဆိုသည်။

အာရက္ခတပ်တော်ထံ ခိုလှုံလာသည့် သက်ကြီးရွယ်အို မူဆလင်အမျိုးသမီးများ၊ အမျိုးသားများ နှင့် ကလေးများကို အာရက္ခစစ်သည်တော်၊ အာရက္ခစစ်မေများက ပွေ့ချီကိုင်ဆောင်ကာ ကူညီပေးနေသည်ကို ဓာတ်ပုံများတွင်တွေ့ရသည်။

၎င်းတို့အား အာရက္ခတပ်ဖွဲ့ဝင်များက လိုအပ်သည့်ပစ္စည်းများအချို့ကူညီထောက်ပံ့နေခြင်း ပြုလုပ်ပေးနေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

စစ်ကောင်စီနှင့် ဒေသခံစစ်သွေးကြွ ဘင်္ဂလီ ပူးပေါင်းတပ်များသည် ဘူးသီးတောင်မြို့ထဲရှိ ရပ်ကွက်များမှ ရက္ခိုင်၊ ဟိန္ဒူ၊ ရက္ခိုင်မျိုးနွယ်စုဝင်များ၏ လူနေအိမ် ၅၀၀၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြို့ခံများက ဆိုကြသည်။

ပြီးခဲ့သည့် မေလ ၉ ရက်၊ နံနက် ၅နာရီခန့်အချိန်တွင် မောင်တောမြို့နယ်ရှိ ရွှေရင်အေးရွာကို မြိုသူကြီး နခခ ၅မှ စစ်ကောင်စီနှင့် ဒေသခံစစ်သွေးကြွ ဘင်္ဂလီမူဆလင်ပူးပေါင်းတပ်မှ မီးရှို့ခဲ့ရာ လူနေအိမ် ၅၀ ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ရသည်။

လက်ရှိတွင် ရက္ခိုင်-ဘင်္ဂလာနယ်စပ်ရှိ ဘူးသီးတောင်၊ မောင်တောနှင့် စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရာရှိ အမ်းမြို့တို့ကို အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ရက္ခိုင်တောင်ပိုင်းရှိ သံတွဲနယ်တွင်လည်း တဖြည်းဖြည်း စစ်နယ်ကျယ်ပြန့်လာလျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
ဘူသီးတောင်မြို့နယ် ၊ ဆင်စွယ်ရကျေးရွာကို အကြမ်းဖက် ARSA အဖွဲ့က လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ပြီး၊ နေအိမ်များကို မီးရှိုးဖျက်ဆီးခဲ့သည့်အတွက် ဆယ်ကျော်သက် မိန်းကလေးငယ် ၁ ဦး သေဆုံးပြီး ၊ နေအိမ်၂ ဆောင်မီးလောင်ပျက်စီး