Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် ရခိုင်တွင် သင်္ကြန်ကျမည်ဟု သတင်းထွက်ပေါ်

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် ရခိုင်တွင် သင်္ကြန်ကျမည်ဟု သတင်းထွက်ပေါ်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယခုနှစ် သင်္ကြန်ပွဲတော်ကာလ၌ ရခိုင်တွင် သင်္ကြန်ကျမည်ဟု စကစ အသိုင်းအဝန်းက သိရသည်။

ယခုနှစ် နှစ်စပိုင်းကစပြီး ၁လ တစ်ကြိမ် ရခိုင်သို့ ရောက်ရှိခဲ့ပြီး ယခုလာမည့် သင်္ကြန်ကာလတွင်လည်း ရခိုင်တွင် ရှိနေမည်ဖြစ်ကြောင်း ခိုင်လုံသည့် စကစ ဝန်ထမ်းများထံမှ သိရသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သင်္ကြန်ကာလတွင် စစ်တွေမြို့၊ အမ်းမြို့များတွင် သင်္ကြန်ရေကစားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီက ရခိုင်ရှိ မြို့အများစုတွင် ဗဟိုမဏ္ဍာပ်များကို ဆောက်လုပ်နေပြီစည်ကားသိုက်မြိုက်စွာ ကျင်းပရန် စီစဥ်လျက်ရှိနေသည်။

ရေလောင်း ဗဟိုမဏ္ဍာပ်များ ဆောက်လုပ်ရန် ၁ မြို့လျှင် ငွေကျပ် သိန်း ၅၀ စီထုတ်ပေးခဲ့ပြီး ထုတ်ပေးသည့် ငွေကြေးမှာ နည်းပါးသဖြင့် မဏ္ဍာပ်ဆောက်လုပ်ရေးအဖွဲ့များမှာလည်း အခက်တွေ့နေရကြောင်း စုံစမ်းသိရှိရသည်။

ဓာတ်ပုံ-Facebook

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ