Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အာဏာသိမ်းစစ်ကောင်စီက ရခိုင်ပြည်အတွင်းကျင်းပသည့် ရေကစားမဏ္ဍာပ်များတွင် ရေကစားသူနည်းပါး

အာဏာသိမ်းစစ်ကောင်စီက ရခိုင်ပြည်အတွင်းကျင်းပသည့် ရေကစားမဏ္ဍာပ်များတွင် ရေကစားသူနည်းပါး

ABN-ရာဟု

ရခိုင်ပြည်တွင် အာဏာသိမ်းစစ်ကောင်စီကကျင်းပနေသည့် ရေကစားမဏ္ဍာပ်များတွင် ဒေသခံပြည်သူများ လာရောက်ရေကစားသူနည်းပါးသည်ဟု သိရသည်။

အာဏာသိမ်းစစ်ကောင်စီက ရခိုင်ပြည်ရှိမြို့နယ်တိုင်းတွင် မြို့အလယ်များ၌ ရေကစားမဏ္ဍာပ်များဆောက်လုပ်ကာထားသော်လည်း ဒေသခံပြည်သူများ လာရောက်ရေကစားသူနည်းပါးသည့်အတွက် ပျင်းစရာကောင်းကြောင်း တောင်ကုတ်မြို့ခံတစ်ဦးကပြောသည်။

“ဒီမှာက မဏ္ဍာပ်တွေရှိတယ် စကစကလုပ်တာ လာရောက် ရေကစားတဲ့လူက တအားနည်းတော့ ပွဲကပျော်စရာမကောင်းဘူး၊ ခြောက်ကပ်ကပ်နဲ့ပျင်းစရာကြီး” ဟုတောင်ကုတ်မှ ကိုမျ်ိုးဝင်းက ABNကိုပြောသည်။

မင်းပြားနှင့်ပေါက်တောမြို့များတွင်လည်း ဧပြီလအစောပိုင်းက စစ်ကောင်စီဝန်ကြီးများအဖွဲ့ ခရီးစဥ်တွင် သင်္ကြန်ဗဟိုမဏ္ဍာပ်များ ဆောက်လုပ်ရန်အတွက် တစ်မြို့လျှင် ငွေကျပ်သိန်း၅၀ ပေးကာ ဆောက်လုပ်ခဲ့သော်လည်း လာရောက်ရေကစားသူ နည်းပါးသည်ဟု သိရသည်။

ဒေသခံပြည်သူများမှာ စကစကို မယုံကြည်သဖြင့် လာရောက်လည်ပတ် ရေကစားသူနည်းပါးခြင်း ဖြစ်သည်ဟု ဒေသခံပြည်သူတစ်ဦးကပြောသည်။

“ကျနော်တို့ ပေါက်တော နှင့် မင်းပြားကို စကစ သင်္ကြန်မဏ္ဍာပ်တွေချဖို့ ငွေသိန်း၅၀ ပေးခဲ့တယ်၊ မဏ္ဍာပ်တွေဆောက်လည်း ပြည်သူမှမလာတာ၊ သူတို့တစ်ခုခုလုပ်မှာ ပြည်သူတွေကစိုးရိမ်နေတယ်၊ ပြည်သူတွေက ယုံမှမယုံကြတာ” ဟု ပေါက်တောမှ ကိုသာထွန်းလှကABN သို့ပြောသည်။

အလားတူ ဘူးသီးတောင်မြို့တွင်လည်း စကစတပ်ရှေ့ ဗျူဟာရေလောင်းမဏ္ဍာပ်ကို ၁၃ရက်နေ့က ဖွင့်ပွဲပြုလုပ်ကာဖွင့်လှစ်ခဲ့သော်လည်း လာရောက်လည်ပတ်သူနည်းပါးသည်ဟုသိရသည်။

အာဏာသိမ်းစစ်ကောင်စီကရခိုင်ပြည် စစ်တွေမြို့တွင်လည်းမဏ္ဍာပ်ကြီးများဆောက်လုပ်ကာ ရေကစားနိုင်ရန် စီစဥ်ထားသော်လည်း ရေကစားသူများမှာ ယခင်နှစ်ကထက် လျှော့နည်းသည်ဟုသိရသည်။

ယခုနှစ်တွင် အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် ရခိုင်ပြည်တွင် သင်္ကြန်ပွဲဆင်နွဲရန် ဧပြီ၁၃ရက်နေ့ကတည်းက အမ်းကိုရောက်ရှိနေကြောင်း သတင်းရရှိသည်။

စကစခေါင်းဆောင် ရောက်ရှိနေသဖြင့် စကစတပ်တွေနေရာတ်ိုင်းတွင် လုံခြုံရေးတိုးမြှင့်ကာ စစ်ဆေးမှုများပြုလုပ်နေသည့်အတွက် ပြည်သူများက စိုးရိမ်ကြောက်လန့်ကာ ရေကစားထွက်ရန် မသွားရဲ ဖြစ်နေကြသည်ဟု စစ်တွေမြို့ခံတစ်ဦးက ABNကိုပြောသည်။

“စကစ ခေါင်းဆောင်က ရခိုင်ရောက်နေတာ၊နေရာတိုင်းမှာ လုံခြုံရေးစစ်သားတွေရှိတယ်၊ သူတို့မချင်ရင် ရစ်တာ ၊တစ်ခုခုဖြစ်သွားရင် ဘာမှမတတ်နိုင်ဘူး၊ သင်္ကြန်လျှောက်လည်ချင်တာတောင် မသွားရဲဘူး” ဟု က်ိုနေလင်းဟိန်းက ABNကိုပြောသည်။

ရခိုင်တွင် စကစခေါင်းဆောင်မင်အောင်လှိုင်ရောက်ရှိနေပြီး အမ်း၊ စစ်တွေနှင့် ကျောက်ဖြူမြို့၊ သံတွဲ၊ ဂွမြို့များကိုသင်္ကြန်ကာလရက်များတွင် လာရောက်မည်ဖြစ်သဖြင့် လုံးခြုံရေးများကို နေရာတိုင်းတွင်တင်းကျပ်ထားသဖြင့် ပြည်သူများသင်္ကြန်ကာလတွင် လွတ်လပ်ပျော်ရွှင်စွာ မဆင်နွဲနိုင်ရဘဲဖြစ်နေကြရသည်ကိုတွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ