Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အာဏာလက်လွှတ်ရန် လက်တစ်လုံးအလိုသို့ ရောက်ရှိနေသော စကစအဖွဲ့သည် ပြည်သူများ၊ လူနေအိမ်များအပါအဝင် စေတီပုထိုးများအားအဓိကပစ်မှတ်ထား တိုက်ခိုက်လာကြောင်း ညီနောင် ၃ ဖွဲ့ထုတ်ပြန်

အာဏာလက်လွှတ်ရန် လက်တစ်လုံးအလိုသို့ ရောက်ရှိနေသော စကစအဖွဲ့သည် ပြည်သူများ၊ လူနေအိမ်များအပါအဝင် စေတီပုထိုးများအားအဓိကပစ်မှတ်ထား တိုက်ခိုက်လာကြောင်း ညီနောင် ၃ ဖွဲ့ထုတ်ပြန်

AB News -ဒီဇင်ဘာ ၁၄၊ ၂၀၂၃

ရှမ်းမြောက်နှင့် ရက္ခိုင်ဒေသအတွင်း အချိန်ကိုက် ကျဆုံးလျက်ရှိသော စကစအဖွဲ့တို့သည် အာဏာလက်လွှတ်ရန် လက်တစ်လုံးအလိုသို့ ရောက်ရှိနေသည့်အတွက် တိုက်ပွဲနှင့်မသက်ဆိုင်သော အရပ်သားပြည်သူများ ၊ လူနေအိမ်များအပါအဝင် စေတီပုထိုးများအား အဓိကဦးတည် ပစ်မှတ်ထားလာကြောင်း ညီနောင် ၃ ဖွဲ့က ယမန်နေ့ ဒီဇင်ဘာ ၁၃ ရက်နေ့ ညည့် ၁၂ နာရီ ၄၉ မိနစ်က ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီ၏ လုပ်နည်းထုံးစံအတိုင်း ပြည်သူများအား မိုက်ရူးရဲစွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်လာခြင်းမှာ အာဏာရှင်အဆက်ဆက်၏ လူမဆန်သောလုပ်ရပ်များဖြစ်ကြောင်း တွေ့ရသည်။

ထုတ်ပြန်ချက်တွင် အာဏာလက်လွှတ်ရန် လက်တစ်လုံးအလိုသို့ ရောက်ရှိနေသော စစ်ကောင်စီသည် မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့၏ စစ်ရေးလှုပ်ရှားရာနေရာများကို တိုက်ခိုက်ခြင်းထက် တိုက်ပွဲနှင့်မသက်ဆိုင်သော အရပ်သားပြည်သူများ၊ လူနေအိမ်များ၊ စေတီပုထိုး၊ ဘုရားကျောင်းကန်များကို အဓိကထားပစ်မှတ်ထားတိုက်ခိုက်ခြင်းများကို ယခုရက်များတွင် ဆက်တိုက် တွေ့မြင်နေရသည် ဟု ဆိုသည်။

ထို့အပြင် ညနေ (၄:၂၈) အချိန်ခန့်တွင် စစ်ကောင်စီ၏ Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်သည် မြောက်ဦးမြို့အား ပစ်မှတ်ထား တိုက်ခိုက်ခဲ့သောကြောင့် မြောက်ဦးမြို့၊ ရှေးဟောင်းသမိုင်းဝင်နယ်‌မြေအတွင်းရှိ ရတနာ့မာန်အောင်စေတီ၊ ဘုရား သိမ်တော်ကြီးနှင့် ဘုန်းကြီးကျောင်းတို့အား ထိမှန်ခဲ့၍ ပျက်စီးမှုအချို့ရှိခဲ့သည် ညီနောင်မဟာမိတ် ၃ ဖွဲ့ကဆိုသည်။

အကြမ်းဖက်စစ်ကောင်စီအဖွဲ့သည် ရက္ခိုင်ပြည်တွင်းရှိ သမိုင်းဝင်​ ပုထိုးတော်များအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပျက်စီးရန် ပျက်စီးစေလိုကြောင်း ပစ်ခတ်လာခြင်း၊ မြို့ခံပြည်သူများကို အင်အားပြခြိမ်းခြောက်လာခြင်း နှင့် သတင်းပေးပို့သူများအား ရန်သူ့သဖွယ်ဖမ်းဆီးမှုပြုလုပ်လာခြင်းများသည် လူ့အခွင့်အရေးများကို ပြောင်းပြောင်းတင်းတင်း ချိုးဖောက်လာနေခြင်းဖြစ်သည်။

ရက္ခိုင်ပြည် မြို့နယ်အများစုတွင်လည်း ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ ၂ ဖက်တိုက်ပွဲများဆက်လက်ရှိနေပြီး လက်နက်ချ အညံ့မခံသော စစ်ကောင်စီအဖွဲ့ဝင်များအား လိုက်လံချေမှုန်းလျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ