Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အသားဝါရောဂါဖြင့် ဆေးကုသမှုခံယူနေရသည့် ဝါးတောင် စစ်ဘေးရှောင်စခန်းမှ အဘွားအိုတစ်ဦး ကုန်ကျစရိတ်အတွက် ငွေကြေးအကူအညီလိုအပ်နေ

ABN-ကိုဟိန်းထွန်း

ကျောက်တော်မြို့နယ်၊ ကန်စောက်တောင်အလွန် တံတားဦးအနီးရှိ ဝါးတောင်စစ်ဘေးရှောင်စခန်းမှ အသည်းရောင်အသားဝါရောဂါဖြင့် ဆေးကုသမှုခံယူနေရသည့် အဘွားအိုတစ်ဦးကုန်ကျစရိတ်အတွက် ငွေကြေးအကူအညီ လိုအပ်နေကြောင်းသိရသည်။

အသက် ၆၂ နှစ်ရွယ် မလှဖြူသည် မြိုလူမျိုးတစ်ဦးဖြစ်ပြီး ကျောက်တော်မြို့နယ် သလူချောင်းအုပ်စု ယိုးချောင်းဖျား ခမောင်းရွာမှဖြစ်သည်။

အဆိုပါသူမှာ အသည်းရောင် အသားဝါရောဂါဖြင့် စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ဆးကုသမှုခံယူနေရသည်မှာ ၂ လကျော်ကြာမြင့်နေသည့်အတွက် ငွေကြေးကုန်ကျမှုများလာသည့်အတွက် အကူအညီလိုအပ်နေသည်ဟု ဆွေမျိုးတော်စပ်သူတစ်ဦးက ABN ကိုပြောသည်။

“ရောဂါဖြစ်တာက ၂လ ကျော်ပါပြီ၊ ဆရာဝန်ကတော့ အသည်းရောင် အသားဝါရောဂါလို့​ပြောတယ်၊ ငွေကြေးအကုန်အကျက များပါတယ်၊ ပိုက်ဆံလည်းမတတ်နိုင်ဘူး၊ ဆေးဝါးကုသဖို့အတွက် လိုအပ်နေတာတွေကို ကူညီပါဟု” ဆိုသည်။

ထို့အပြင် အဘွားအို၏ ငွေကြေးကုန်ကျမှုအတွက် မည်သူမဆို ထောက်ပံ့ပေစေလိုကြောင်း စခန်းတာဝန်ခံ ဦးအောင်လှရွှေမှ ပြောသည်။

“အဘွားအိုကတော့ ဆေးကုသမှုခံယူနေရပါတယ်၊ ငွေကြေးကုန်ကျမှုလည်းများပါတယ်၊ စေတနာရှင်တွေ မည်သူမဆို တတ်နိုင်သလောက် ထောက်ပံ့ပေးစေချင်ပါတယ်” ဟု ဆိုသည်။

ဝါးတောင်စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စုအရေအတွက် ၁၅၇ စုရှိပြီး၊ လူဦးရေ ကျား ၄၄၈ ဦး၊ မ ၄၄၅ စုစုပေါင်း ၈၉၃ ဦးရှိသည်။

၅ နှစ်အောက်ကလေးငယ်( ကျား ၊ မ) ဦးရေ ၁၉၀ ဦး၊ ၁၈ နှစ်အောက်လူငယ် (ကျား ၊ မ ) ဦးရေ ၄၂၉ ဦး၊ ၁၈ နှစ်အထက်မှ ၃၅ နှစ်အထိ (ကျား ၊ မ ) ဦးရေ ၁၇၄ ဦး ရှိသည်။

ထိုစခန်း၌ မြို၊ ရခိုင်၊ ခမီး တို့နေထိုင်ပြီး အများစုမှာ မြိုလူမျိုးများဖြစ်သည့်အပြင် ရောဂါဖြစ်ပွားခဲ့သည့် အမျိုးသမီး ၂ ဦးမှာလည်း မြိုလူမျိုး ဖြစ်သည်။

စစ်ကောင်စီက တောင်မင်းကုလားအနီးတွင် စစ်ဆေးဂိတ်ဖွင့်ပြီး ပြည်သူများကို စားနပ်ရိက္ခာ ဖြတ်တောက်ခြင်း၊ လမ်းပမ်းဆက်သွယ်ရေး ပိတ်ဆို့မှု၊ တိုက်ပွဲဖြစ်ပွားမှုတို့ကြောင့် စစ်ဘေးရှောင်လာနေကြရသူများဖြစ်သည်။

ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်များမှာ ခမောင်းရွာ၊ ကဘိရွာ၊ သိန်းချောင်းရွာ၊ တဲဝရွာ ၊ ပညာကြီးရွာ၊ င/စရိုင်းကိုင်းရွာ ၊ ကျောက်တန်းရွာ နှင့် လေကွိတို့မှဖြစ်သည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှ စတင်တည်ဆောက်ခဲ့ပြီး ယခုနှစ်ဆို ၅ နှစ်နီးပါးပြည့်တော့မည့်စခန်းတစ်ခုလည်းဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ