Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမ်းလေဆိပ်တွင်လည်း နေရပ်ပြန်လာသူ ၄၀ ဦးအား စစ်ကောင်စီအဖွဲ့က ဖမ်းဆီးထား

အမ်းလေဆိပ်တွင်လည်း နေရပ်ပြန်လာသူ ၄၀ ဦးအား စစ်ကောင်စီအဖွဲ့က ဖမ်းဆီးထား

Arakan Bay News-ABN
ဖေဖော်ဝါရီ ၂၀ ရက်

ရန်ကုန်မှ အမ်းသို့  လေယာဥ်ဖြင့် ပြန်လာသူ အမျိုးသား ၂၃ဦးနှင့် အမျိုးသမီး ၁၇ဦး တို့အား ရက္ခိုင်ပြည် အမ်းမြို့ လေဆိပ်တွင် ယမန်နေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့က စစ်ကောင်စီအဖွဲ့ ဖမ်းဆီး စစ်ဆေးနေကြောင်း သိရသည်။

အမ်းလေဆိပ်တွင် အကြမ်းဖက်စစ်ကောင်စီဖွဲ့က ဖမ်းဆီးခံထားသည့် အရပ်သားပြည်သူ ၄၀ဦးကို စစ်ဆေးမှုများပြုလုပ်နေပြီး ယခုလက်ရှိအချိန်ထိ ထိန်းသိမ်းထားကြောင်း အမ်းမြို့ခံ ၁ဦးက AB News သို့ ပြောကြားသည်။

“ကိုယ့်အိမ်ကို ပြန်လာတဲ့ သူတွေကို ဖမ်းဆီးတာက‌တော့ တရားနည်းလမ်းမကျပါဘူး။ အဖမ်းခံထားရသူတွေက ပြစ်မှုကျူးလွန်ထားသူတွေလည်း မဟုတ်ဘူး။ အကုန်လုံးက ရက္ခိုင်တွေ ပြည်သူတွေပါဘဲ။ သူတို့က ကိုယ့်နေရာကို မပြန်ရင် ဘယ်မှာသွားပြီးနေရမှာလဲ။ ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုဝင်တွေက သက်ဆိုင်ရာကို ပြန်လွှတ်ပေးဖို့ တောင်းဆိုနေတယ်လို့ သိရတယ်” ဟု ဆိုသည်။

စစ်မှုမထမ်း‌မနေရ ဥပဒေကို ပြဌာန်းပြီးနောက် အာဏာသိမ်းစစ်ကောင်စီက မန္တလေးမြို့များရှိ လူစည်ကားသည့်‌ နေရာများတွင် ရက္ခိုင်နှင့် ဗမာတို့ကြား လူမျိုးရေး အဓိကရုဏ်း၊ လူမျိုးရေး မုန်းတီးမှုများကို ဖြစ်စေနိုင်သည့် ဝါဒဖြန့် လက်ကမ်းစာစောင်များကို လိုက်လံဖြန့်ဝေခဲ့သည်။

ယင်းနောက် ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ထန်းခြောက်ပင်ရပ်ကွက်တွင် နေထိုင်သည့် ရက္ခိုင်အမျိုးသမီး ၅ ဦးကို ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရသည့် ၅ဦးနက် ၁ဦးကို ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

စစ်ကောင်စီသည် အသက် ၁၈နှစ်နှင့် ၃၅နှစ်ကြား အမျိုးသားများနှင့် အသက် ၁၈နှစ်နှင့် ၂၇ကြား အမျိုးသမီးများကို  စစ်မှုထမ်းဆောင်ရန် ဖမ်းဆီး‌နေသောကြောင့် ရန်ကုန်နှင့် မန္တလေးတို့ အလုပ်လုပ် ကိုင်နေသည့် ရက္ခိုင်မှ လူငယ်များမှာ မိမိတို့မြို့ရွာများသို့ ပြန်လာရန် ကြိုးစားလျက်ရှိနေသည်။

လေယာဉ်လက်မှတ်များကို ဈေးကြီးပေးပြီး ခက်ခက်ခဲခဲဖြင့် ပြန်လာသူများမှာလည်း ကျောက်ဖြူ၊ စစ်တွေ၊ အမ်းလေဆိပ်များတွင် အကြမ်းဖက် စစ်ကောင်စီ၏ မတရားဖမ်းဆီး၊ ထိန်းသိမ်းခြင်း ခံခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၈ရက်နေ့တွင် ရန်ကုန်မှ ပြန်လာသည့် ရက္ခိုင်လူငယ် ၆၆ ဦးကို ကျောက်ဖြူလေဆိပ်တွင် စစ်ကောင်စီက ဖမ်းဆီးကာ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ငွေပေးဆောင်သည့် သူများကိုသာ ပြန်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် ယမန်နေ့ ဖေဖော်ဝါရီ ၁၈ရက်နေ့တွင်လည်း ရန်ကုန်မှ ပြန်လာသည့် အရပ်သားပြည်သူများကို စစ်တွေလေဆိပ်တွင် ဖမ်းဆီးကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ