Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမ်းမှ စစ်ကောင်စီ စစ်ကားကြီး ၁၀စီးအပါဝင် ကားငယ် ၃စီး တောင်ကုတ်ဖက်သို့ဦးတည် ထွက်သွားသည်ဟု သိရ

အမ်းမှ စစ်ကောင်စီ စစ်ကားကြီး ၁၀စီးအပါဝင် ကားငယ် ၃စီး တောင်ကုတ်ဖက်သို့ဦးတည် ထွက်သွားသည်ဟု သိရ

ABN- ရှိုင်းမိုး

ယနေ့ နံနက် ၇နာရီအချိန်တွင် အမ်းဖက်မှ စစ်ကား ၁၀ စီး စစ်သားအပြည့်နှင့် ကားငယ် ၃စီး တောင်ကုတ်မြို့ဖက်သို့ သွားသည်ဟု အမ်းမှ ဒေသခံတစ်ဦးပြောကြားးချက်အရသိရသသည်။

ထိုစစ်ကား ၁၀စီးတွင် စစ်ကောင်စီတပ်သား ၁၀၀ ကျော်ပါရှိပြီး ကားငယ် ၃စီးတွင်လည်း စစ်သားများနှင့်အတူ လက်နက်များလည်းပါရှိသွားကြောင်း၎င်းကပြောသည်။

“စစ်ကား ၁၀ စီးအပြည့်ပါ၊ ကျွန်တော်တို့ အမ်းဖက်က တောင်ကုတ်ဖက်ကိုထွက်သွားတာ၊ စစ်ကား ၁၀ စီးမှာ စစ်သား ၁၀၀ ကျော်လောက်ပါသွားပါတယ်၊ လက်နက်တွေကိုယ်စီနဲ့ပါ၊ နောက် ကားငယ် ၃စီးမှာလည်း စစ်သားတွေ လက်နက်တွေကိုကိုင်ပြီး ပါသွားကြတယ်” ဟု ပြောသည်။

ယနေ့ နံနက် ၇နာရီ ၅၀ခန့် အချိန်တွင် တောင်ကုတ်မြို့မှ စစ်အင်အား ၂၀ကျော်ခန့်ပါသော စစ်ကား ၁စီးနှင့် အိမ်စီးကား ၁၂စီး သံတွဲမြို့ဖက်သို့ ထွက်သွားသည်ဟု မျက်မြင်သက်သေတစ်ဦးပြောကြားချက်အရသိရသည်။

တောင်ကုတ်မြို့သို့ ယမန်နေ့က စစ်ကောင်စီ ဝန်ကြီးချူပ် ထိန်လင်း ရောက်နေကြောင်း ဒေသခံများပြောကြားချက်အရသိရသည်။

ယနေ့ မနက်က စစ်ကောင်စီဝန်ကြီးချုပ် ထိမ်လင်းနဲ့အဖွဲ့သည် သံတွဲမြို့ဖက်သို့ သွားကြကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“မနေ့က ဝန်ကြီးချုပ် ထိန်လင်းရောက်လို့ရှိပါတယ်၊ ဒီနေ့ ၇ နာရီကျော် ၈နာရီနီးပါးလောက်မှာတော့ သူတို့သံတွဲမြို့ဖက်ကိုထွက်သွားကြပါတယ်၊ စစ်အင်အား ၂၀ကျော်လောက်နဲ့ စစ်ကား ၁စီးပါ၊ အိမ်စီးကား ၁၂ စီးပါတယ်၊ အိမ်စီးကားထဲမှာတော့ ဝန်ကြီးချုပ် ထိန်လင်းအပါဝင် ဘယ်သူတွေပါလဲတော့မသိပါဘူး” ပြောသည်။

အပစ်ခတ်ရပ်စဲပြီးနောက် ရခိုင်တွင် စစ်ကောင်စီမှ စစ်ရေးပြင်ဆင်မှု များလာသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ