Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမ်းမြို့ နပခအနီး ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ တိုက်ပွဲ ပြင်းထန်၊ စစ်ကောင်စီက Mi-35 တိုက်လေယာဥ်ဖြင့် ပစ်ကူပေး

AB News – မတ်လ ၂၇၊ ၂၀၂၄

ရက္ခိုင်ပြည်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရာတည်ရှိရာ အမ်းမြို့မှ ၂ မိုင်ခန့်အကွာတွင် ရက္ခိုင့်တပ်တော် နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း သတင်း ရရှိသည်။

ရက္ခိုင့်တပ်တော်သည် ယနေ့မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ဂါယ်လောင်းရွာ ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်ရာ ၂ ဖက်တိုက်ပွဲ ပြင်းထန်ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

” AA ကစပြီးဝင်တိုက်ပါတယ်။ စစ်ကောင်စီတွေလည်း ပြေးကြတယ်။ လေယာဥ်နဲ့ ပစ်ကူပေးနေတယ်။ စစ်ပွဲကပြင်းထန်နေတယ် ” ဟု ဆိုသည်။

တိုက်ပွဲ ဖြစ်ပွားနေသည့်အတွက် နပခထဲမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေကြောင်း AB News က စုံစမ်းသိရှိရသည်။

အနီးအနားရှိရွာများမှ ဒေသခံအချို့လည်း ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှတဆင့် သိရသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အနီးရှိ စစ်ကောင်စီ စခန်းများကို ရက္ခိုင့်တပ်တော်က မတ်လ ၂၄ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့တိုက်ခိုက်စဥ်အတွင်း စစ်ကောင်စီဖက်မှ အင်အား ၁၀၀ ခန့်ပါစစ်ကြောင်းတစ်ခုလုံးအားကျဆုံးအောင် ရက္ခိုင့်တပ်တော်က တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး ဂါယ်လောင်းရွာ ဘုန်းတော်ကြီးမှ ကျောင်းဆောင်တစ်ဆောင် ပျက်စီးသွားကြောင်းလည်း စုံစမ်းသိရှိရသည်။

အမ်းမြို့ နပခလက်အောက်ခံ တပ်ရင်းများမှာ ခမရ ၃၇၁၊ ခမရ ၃၇၂၊ ခမရ ၃၇၃နှင့် ဆောက်လုပ်ရေးအင်ဂျင်နီယာတပ် (G.E တပ်)၊ စစ်မြေပြင်အင်ဂျင်နီယာတပ် (B.E တပ်)၊ ဆေးတပ်နှင့် စစ်လက်နက်ပစ္စည်းတပ်ဖွဲ့များ ရှိကြောင်း သိရှိရသည်။

လက်ရှိတွင် ရက္ခိုင့်တပ်တော်သည် စစ်ကောင်စီ၏ ဌာနချုပ်အနီးထိ ထိုးစစ်ဆင်တိုက်ခိုက်လာသည့်အတွက် စစ်ကောင်စီဖက်မှလည်း လေကြောင်းဖြင့် ခုခံကာကွယ်လျက်ရှိကြောင်းတွေ့ရသည်။

ရုပ်သံ-အမ်းတွင် စစ်ကောင်စီက ညဖက် လက်နက်ကြီးများဖြင့် ပစ်ခတ်သည်ကို တွေ့ရစဥ်/CJ/ABN

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ