Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမ်းမြို့၊ နစခဂိတ် အနီးရှိ B.Eတပ်အတွင်း မိုင်းနင်းပြီး စစ်ကောင်စီတပ်သား ၁ဦး သေဆုံး

AB News – မတ်လ ၁၂၊ ၂၀၂၄

အမ်းမြို့အဝင် နစခ စစ်ဆေးရေးဂိတ်အနီးရှိ စစ်​​ကောင်စီ၏ B.E တပ်အတွင်း ထောင်ထားသည့် မိုင်းအား နင်းမိကာ ပြီးခဲ့သည့် မတ်လ ၁၀ရက်နေ့က စစ်ကောင်စီတပ်သား ၁ဦး သေဆုံးခဲ့သည်ဟု စစ်တပ်နှင့် နီးစပ်သည့်သတင်းရင်းမြစ်က AB Newsသို့ ပြောသည်။

​ပြီးခဲ့သည့် မတ်လ ၁၀ရက်နေ့ ညအချိန်တွင်  B.E တပ်အတွင်းမှ မိုင်းပေါက်ကွဲသံကြားရပြီး တပ်သား ၁ဦး သေဆုံးခဲ့ကြောင်း AB News သို့ ပြောသည်။

“မိုင်းနင်းပြီး စစ်သားတစ်ယောက် သေသွားတယ်လို့ သိရပါတယ်။ ကင်းလှည့်နေချိန်မှာ မိုင်းနင်းမိခဲ့တာလို့ ကြားရတယ်။ မိုင်းကတော့ နေရာအနှံ့ ထောင်နေကြတာပဲ။ သူတို့တပ်အပြင်ဘက်မှာလည်း မိုင်းထောင်တာတွေ ရှိတယ်” ဟု ဆိုသည်။ 

သေဆုံးသူ၏ နာမည် အသက်စသည့်အချက်အလက်အပြည့်အစုံကိုမူ ABN အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။

စစ်ကောင်စီအဖွဲ့သည် ၎င်းတို့၏ တပ်ရင်း၊ ဗျူဟာစခန်းများ အနီးပတ်ဝန်းကျင်တွင် မိုင်းထောင်ထားသည့်အတွက် ပြီးခဲ့နှစ် ၂၀၂၃နှစ်တွင် ရသေ့တောင်မြို့၌ အကြမ်းစစ်ကောင်စီအဖွဲ့ဝင်တပ်သား ၂ဦး သေဆုံးခဲ့သည်ကို ကြားသိခဲ့ရသည်။
 

ထို့အပြင် အကြမ်းဖက်စစ်ကောင်သည် စစ်ဘက်နှင့် မဆိုင်သည့်နေရာများ၊ အရပ်သားပြည်သူများ သွားလာနေသည့် နေရာများတွင် မိုင်းထောင်ထားသည့်အတွက် နေ့စဉ်နှင့်အမျှ အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုများ ရှိနေသည်ကိုလည်း တွေ့ရသည်။

ပြီးခဲ့သည့် မတ်လ ၄ရက်နေ့ကလည်း ပလက်ဝမြို့၊ ရိက္ခာရပ်ကွက်မှ အမျိုးသမီး ၂ဦးသည် ဟင်းရှာသွားရာတွင် စစ်ကောင်စီအဖွဲ့ ထောင်ထားသည့် မိုင်းနင်းမိကာ  ထိခိုဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သေးသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ