Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာချုပ်အနီးတွင် ရက္ခိုင်တပ်တော်၏ ထိုးစစ်ဆင်တိုက်ခိုက် မှုကြောင့် စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်းသေဆုံး၊ ၁၅ ဦးဒဏ်ရာရ

အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာချုပ်အနီးတွင် ရက္ခိုင်တပ်တော်၏ ထိုးစစ်ဆင်တိုက်ခိုက် မှုကြောင့် စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်းသေဆုံး၊ ၁၅ ဦးဒဏ်ရာရ

AB News – မတ်လ ၂၈၊ ၂၀၂၄

အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာချုပ်အနီးတွင် ရက္ခိုင်တပ်တော်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်းသေဆုံးပြီး ၁၅ ဒဏ်ရာရရှိသွားကြောင်း မတ်လ ၂၈ ရက်နေ့တွင် AA ကထုတ်ပြန်သည်။

ထုတ်​​ပြန်ချက်တွင် စစ်ကောင်စီက ဒရုန်း၊ လေကြောင်းပစ်ကူ နှင့် မြေပြင်လက်နက်ကြီးပစ်ကူများပေး၍ တိုက်ခိုက်ခဲ့သော်လည်း နာရီဝက်ခန့်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၁၅) ဦးခန့်ကျဆုံးကာ (၁၅) ဦးခန့်ဒဏ်ရာရရှိခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီ၏လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း AA ကဆိုသည်။

ရက္ခိုင်ဒေသအတွင်း၌ လက်နက်ချအညံ့ခံရန်ပြောထားသော်လည်း ယခုအချိန်အထိ လက်နက်ချအညံ့မခံသေးသော ဖက်ဆစ် အကြမ်းဖက်စစ်ကောင်စီ၏ ရက္ခိုင်ဒေသဌာနချုပ် (တနည်း)  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ ရက္ခိုင်ပြည်၊ အမ်းမြို့နယ်၊ လုံးကျေးရွာ၏ အနောက်ဘက် မီတာ (၁၄၀၀) ခန့်အကွာတွင် ရက္ခိုင့်တပ်တော် နှင့် အကြမ်းဖက်စစ်ကောင်စီတို့ ယမန်နေ့ (မတ်လ ၂၆ ရက်နေ့) ၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

စစ်ကောင်စီ၏ စကခ (၅) လက်အောက်ခံ ခမရ (၃၄၆) နှင့် တခြားတပ်များမှ စုပေါင်းထားသောစစ်ကြောင်း နှင့် ရက္ခိုင့်တပ်တော်တို့သည် ၂၀၂၄ ခုနှစ်၊ မတ်လ (၂၆) ရက်နေ့၊ နံနက် (၁၀) နာရီ (၁၈) မိနစ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မိနစ် (၃၀) ခန့်ကြာမြင့်ခဲ့ကြောင်း ဖော်ပြထားသည်။

လက်ရှိ ယခု သတင်းရေးနေသည့်အချိန်တွင်လည်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များ တရစပ်ပစ်ခတ်နေကြောင်းသိရသည်။

ထို့အပြင် စစ်ကောင်စီတပ်သားများသေဆုံးမှုများလာသည့်အတွက် ကျန်ရှိနေသော စစ်ကောင်စီ မိသားစုဝင်များသည် ၎င်းဌာနချုပ်သို့ ရွှေ့ပြောင်းထားကြောင်း သိရသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ