Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမ်းမြို့နယ် ဒါးလက်ချောင်းတွင် စစ်ကောင်စီပစ်သည့် လက်နက်ကြီးကျည်ကျ၍ ၁ ဦး သေဆုံးပြီး ၂ နှစ်သားအရွယ် ကလေးတစ်ယောက်အပါဝင် ၅ ဦးဒဏ်ရာရ

AB News-နိုဝင်ဘာ ၁၅၊ ၂၀၂၃

ရက္ခိုင်ပြည်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းရှိ ကျေးရွာ ၂ ရွာတွင် စစ်ကောင်စီ၏ ကဇုကိုင်းဗျူဟာကုန်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက်၍ သက်ကြီးပိုင်း ၁ ဦးနှင့် ၂ နှစ်သားအရွယ် ကလေး ၁ ဦးအပါအဝင် ရွာသား ၅ ဦး ကျည်စထိမှန်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ အမ်းမြို့နယ် ကဇုကိုင်းအုပ်စု၊ သဲကမ်းထောင်းရွာမှ အသက် ၇၀ နှစ်အရွယ်ရှိ ဦးစောရွှေဖြစ်ပြီး ၎င်းမှာ ညာဖက်ညှပ်ရိုးတွင် လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရခဲ့ပြီး ကမ်းထောင်းကြီး ဆေးရုံတွင် ဆေးရုံတွင် ဆေးကုသမှု ခံယူနေစဥ် ညိည့် ၂ နာရီ ၄၈ မိနစ်တွင် သေဆုံးသွားကြောင်း သိရသည်။

ဒဏ်ရာရရှိသူများမှာ အမ်းမြို့နယ် ကဇုကိုင်းအုပ်စု သဲကမ်းထောင်းရွာမှ အသက် ၄၂ နှစ်အရွယ်ရှိ ဒေါ်ခင်ဆန်းရွှေ၊ ဒါးလက်ချောင်း၊ အလယ်ကျွန်းရွာမှ အသက် ၂၀ နှစ်ရှိ မောင်နိုင်းနိုင်းကျော်နှင့် အသက် ၂၈ နှစ်ရှိ အဖ ဦးအောင်သိန်းမြင့်၊ အသက် ၂၆ နှစ်ရှိ အမိ ဒေါ်ဝေဝေကြည်၊ သားဖြစ်သူ အသက် ၂ နှစ်ရှိ မောင်ကောင်းသီဟကို တို့ ဖြစ်ကြသည်။

လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရသူများသည် ဗုံးခိုကျင်းတွင် ပုန်းနေကြစဥ် ကျည်ကျရောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့မှ လက်ရှိတွင် ဒါးလက် အနောက်ရွာ တိုက်နယ်ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိနေကြကြောင်း သိရသည်။

၂ နှစ်သားအရွယ် မောင်ကောင်းသီဟကိုတွင် ဦးခေါင်းတွင် ကျည်စထိမှန် ဒဏ်ရာရှိခဲ့ပြီး မိခင်ဖြစ်သူ ဒေါ်ဝေဝေကြည်တွင် ညာဖက်လက်မောင်းအောက် နို့အုံတွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ညက ကဇုကိုင်းအုပ်စု သဲကမ်းထောင်းရွာသို့ ၁၁ နာရီ ၄၃ မိနစ်တွင် လက်နက်ကြီးကျည်ကျ ပေါက်ကွဲခဲ့ပြီး ဒါးလက်ချောင်း၊ အလယ်ကျွန်းရွာသို့ ၁၁ နာရီ ၁၀ မိနစ်အချိန်တွင် လက်နက်ကြီးကျခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ