Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမ်းမြို့နယ် တပ်တောင်မြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့ခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

AB News-မတ်လ ၂၊ ၂၀၂၄

အမ်းမြို့နယ်၊ တပ်တောင်မြို့တွင် အကြမ်းဖက်စစ်ကောင်စီသည် အရပ်သားပြည်သူများကို ဦးတည်ကာ ဗုံးကြဲတိုက်ခိုက်လာသည့်အတွက်  မြို့ခံပြည်သူများမှာ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း AB News မှ စုံစမ်းသိရှိရသည်။

တပ်တောင်မြို့ကို စစ်ကောင်စီအဖွဲ့က ယနေ့ မတ်လ ၂ရက်နေ့၊ နံနက် ၁၁နာရီခန့် အချိန်တွင် တိုက်လေယာဉ်ဖြင့် ပုလဲ၊ ဈေးတောင်ရပ်ကွက်၊အထက်တန်းကျောင်းတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဖက်သုံးလေယာဉ်မှ ပစ်ခတ်ခဲ့သည့် ဖျက်အားပြင်းဗုံးသည် တပ်တောင်မြို့အထက်တန်းကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ကာ ကျောင်းအဆောက်အဦးများနှင့် ခြံစည်းရိုးအုတ်နံရံများ ပျက်စီးခဲ့ရပြီး ဈေးတောင်ရပ်ကွက်အတွင်းသို့ ဗုံး၂လုံးထက်မနည်း ကျရောက်ခဲ့သည်။

တပ်တောင်မြို့အတွင်းသို့ စစ်ကောင်စီတိုက်လေယာဉ်မှ ဗုံး ၅လုံးထက်မနည်း  ကြဲချတိုက်ခတ်ခဲ့သည်။

ထို့အပြင် တပ်တောင်မြို့အတွင်း ရပ်ကွက်များတွင် စစ်ကောင်စီ၏ တိုက်လေယာဉ်မှ ပစ်ခတ်ကြဲချခဲ့သည့် ဗုံးအချို့မှာ မ‌ပေါက်ကွဲဘဲ ကျန်ရှိနေသေးသည်ဟု သိရသည်။

ယနေ့ မနက်က စစ်ကောင်စီက Y12 အမျိုးအစားလေယာဥ်ဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တပ်တောင်မြို့ဧရိယာအား စစ်ကောင်စီက ဖုန်းလိုင်း အင်တာနက်လိုင်းများကိုလည်း ဖြတ်တောက်ထားသည့်အတွက် သတင်းအတိအကျရရှိနိုင်ရန် အခက်အခဲ ဖြစ်နေဆဲဖြစ်သည်။

တပ်တောင်မြို့မှာ အမ်းမြို့မှ ၂၅ မိုင်ခန့်သာဝေးသော မြို့ဖြစ်ပြီး ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ကြား ၂ ဖက်တိုက်ပွဲ ဖြစ်ပွားခြင်းလည်း မရှိသေးသည့် နေရာဖြစ်သည်။

Video-တပ်တောင်မြို့မှ ပြည်သူများ ကြောက်လန့်စွာဖြင့် စစ်ဘေးရှောင်နေသည်ကိုတွေ့ရစဥ်/CJ-Saya San

Website
www.arakanbaynews.com    

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ