Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမ်းမြို့နယ် ကဇုကိုင်းတံတားအနီးတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီအဖွဲ့တို့ တိုက်ပွဲဖြစ်

( စစ်ကောင်စီဖက်မှ သေဆုံးသူနှင့် ဒဏ်ရာရသူများရှိဟု သိရ )

AB News – ဒီဇင်ဘာ ၁၃၊ ၂၀၂၃

ရက္ခိုင်ပြည်၊ အမ်းမြို့နယ် ကဇုကိုင်းတံတားအနီးတွင် ရက္ခိုင့်တပ်တော် နှင့် စစ်ကောင်စီအဖွဲ့တို့ တိုက်ပွဲ ပြင်းထန်နေပြီး စကစဖက်မှ သေဆုံး ဒဏ်ရာရရှိသူများ ရှိနေကြောင်း AB News မှ ထောက်လှမ်းသိရသည်။

ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့သည် ယမန်နေ့ည ၇ နာရီကျော်ခန့်က အပြန်အလှန်ပစ်ခတ်ခဲ့ပြီး စကစဖက်မှ ဂျက်လေယာဥ်တစ်စီးဖြင့် လာရောက်ပြီး ဗုံး ၂ လုံးထက်မနည်းကြဲချသွားခဲ့သည်ဟု ဒေသခံများထံမှ တစ်ဆင့်သိရှိရသည်။

ယနေ့မနက်ပိုင်း ၆နာရီကျော်တွင် ရက္ခိုင့်တပ်တော်မှပစ်ခတ်ခဲ့မှုကြောင့် စကစတပ်ဖွဲ့တစ်ချို့ သေဆုံးသွားခဲ့ပြီး တစ်ချို့သေဆုံးကာ အရှင်ဖမ်းမိရသူတစ်ချို့လည်း ရှိနေကြောင်း AB News မှ စုံစမ်းသိရှိရသည်။

၂ ဖက်တိုက်ပွဲ ဖြစ်ပွားနေသည့်အတွက်ကြောင့် အနီးအနားရှိရွာများမှ ပြည်သူတစ်ချို့ စစ်ဘေးရှောင်နေရပြီး အခက်အခဲတွေ့နေရကြောင်း ကဇုကိုင်းရွာမှ ဒေသခံတစ်ဦးက AB News သို့ပြောသည်။

” တိုက်ပွဲကတော့ မနေ့ညကစဖြစ်တာပါ၊ အခုလည်းတိုက်နေကြတယ်၊ လက်နက်ကြီးတွေ၊ လေကြောင်းပစ်ကူတွေလည်း လုပ်နေတယ် ၊ ရွာသူ/ရွာသားတွေလည်း စစ်ဘေးရှောင်နေရတယ် ” ဟုဆိုသည်။

အကြမ်းစစ်ကောင်စီသည် လူနေအိမ်များသို့ လက်နက်ကြီးများဖြင့် လှမ်းပစ်နေပြီး ဒေသခံပြည်သူများအားလည်း ဖမ်းဆီးရန်ပြုလုပ်နေသည်ဟု သိရသည်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အထိနာ ကျဆုံးများလျက်ရှိသော အကြမ်းစစ်ကောင်စီအဖွဲ့ သည် ရက္ခိုင်ပြည်သူများအား AAဟု သတ်မှတ်လာသည့်အတွက် မြို့နယ်အများမှ ဒေသခံ သိန်းနှင့်ချီထွက်ပြေးနေရသည်။

ထို့အပြင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ရက်နေ့ နေ့လည် ၁၂ နာရီ ကျော်တွင် ဘူးသီးတောင်မြို့နယ် သစ်တောရွာအနီး တောင်ကုန်းမှ ဆင်းလာသော စစ်ကားများထဲမှ ဗိုလ်ကြီးပါသော ကားတစ်စီးကို ရက္ခိုင့်တပ်တော် စနိုက်ဘာသမားတစ်ဦးက မျက်လုံးတစ်ဖက်အား ချိန်ရွယ်ပြီး ပစ်ခတ်ခဲ့ခြင်းကြောင့် ဗိုလ်ကြီးတစ်ဦးထိမှန်သွားခဲ့ကာ ရန်ကုန်တွင်ဆေးကုသမှုခံယူနေကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ