Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမ်းမြို့နယ်မှ ဖမ်းဆီးခံ

အရပ်သားတစ်ဦး (၅) ရက်ကြာထိ မိသားစုနှင့်အဆက်အသွယ်မရသေး

ရခိုင်ပြည်နယ် အမ်းမြို့နယ် လုံးကောက်အုပ်စု ညောင်ချောင်းကျေးရွာမှ အရပ်သားတစ်ဦး တစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်မှာ ၅ ရက်ခန့်ကြာသော်လည်း မိသားစုနှင့် ဆက်သွယ်မရသေးကြောင်း သိရသည်။

ဖမ်းဆီးခံရသူမှာ အမ်းမြို့နယ်Iလုံးကောက်အုပ်စုIညောင်ချောင်းကျေးရွာမှ ဦးအောင်တင်မြင့်(၄၅)နှစ်ဖြစ်ကြောင်းသိရသည် ။

၎င်းဦးအောင်တင်မြင့်ကို နိုဝင်ဘာလ ၁၄ ရက်၊ နေ့လယ် ၁ နာရီခန့်က အမ်းမြို့ တစ်မိုင်ကုန်းဂိတ်တွင် မေးစရာရှိသည်ဟုဆိုကာဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦးကပြောသည်။

“နာမည်ကိုမေးပြီးတော့ ပြောစရာ ရှိတယ် ဆိုပြီးစစ်တပ်က ဖမ်းဆီးသွားတာပါ၊ ဘာကြောင့်ဖမ်းသွားလဲ မသိရပါဘူး၊ မိသားစုတွေက အဆက်အသွယ်လည်း မရတော့ အရမ်းစိုးရိမ်နေကြပတယ်” ဟုပြောသည်။

ဖမ်းဆီးခံရသည့် ဦးအောင်တင်မြင့်သည်

ညောင်ချောင်းကျေးရွာသားဖြစ်ပြီး

အမ်းမြို့သို့ ဈေးဝယ်သွားရာလမ်းတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။

လက်ရှိတွင် သူ့အား မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို မသိရသေးသောကြောင့် မိသားစုဝင်များမှာ စိုးရိမ်နေကြကြောင်း သိရသည်။

ထို နိုဝင်ဘာ ၁၄ ရက်နေ့က အမ်းမြို့ နယ်၊ လုံးအုပ်စု၊ ခရမ်းကျွန်းရွာ အ.မ.က ကျောင်းတွင် ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်နေသည့် ကျောင်းဆရာ ဦးဇော်ဖြိုးဝေ အသက် ၂၉ နှစ်ကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးယူသွားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ