Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမ်းမြို့နယ်ဒါးလက်ချောင်းတွင် ရေကြီးမှုကြောင့် ဆောင်သီးနှံစိုက် ၅၀ရာခိုင်နှုန်းခန့်ပျက်စီး

အမ်းမြို့နယ်ဒါးလက်ချောင်းတွင် ရေကြီးမှုကြောင့် ဆောင်သီးနှံစိုက် ၅၀ရာခိုင်နှုန်းခန့်ပျက်စီး

ABN-ရှိုင်းမိုး

ရခိုင်ပြည် အမ်းမြို့နယ် ဒါးလက်ချောင်းတွင် တောင်သူလယ်သမား ဆောင်းသီးနှံစိုက်ပျိုးသူများတွင် ယခုနှစ် ချောင်းရေကြီးမှုကြောင့် စိုက်ပျိုးသီးနှံ ၅၀ ရာခိုင်နှုန်းခန့်ပျက်စီးသွားသည်ဟု တောင်သူလယ်သမားတစ်ဦးဖြစ်သည့် ဦးင/မဲက ABN ကို ပြောသည်။

“စိုက်တာကတော့ ကုန်ခတဲ့နှစ်အတိုင်းစိုက်ပျိုးတာပါပဲ၊ ဒါပေမယ့် ဒီနှစ် တအားလျော့ပါတယ်၊ အဆင်မပြေပါဘူး၊ ၅၀ ရာခိုင်နှုန်း ခန့်ဟာ ပျက်စီးပါတယ်” ဟု ဆိုသည်။

ဒါးလက်ချောင်းတွင် ချင်းအများစုနေထိုင်ပြီး၊ ကောက်ပဲသီးနှံများကိုလည်း ချင်းလူမျိုးအများစုက စိုက်ပျိုးသည်ဟုသိရသည်။ စိုက်ပျိုးသီးနှံများမှာ မြေပဲ၊ ဖရဲ၊ ဘူး၊ ခရမ်း၊ သံပရာ စသည့်ကောက်ပဲသီးနှံများကို စိုက်ပျိုးကြသည်ဟုသိရသည်။

ယခုနှစ်စိုက်ပျိုးသီးနှံ ၅၀ ရာခိုင်နှုန်းခန့်လျော့ကျခြင်းမှာ သီးနှံစိုက်ပျိုးသည့် နည်းစနစ်များလည်းပါဝင်ပြီး၊ ရေကြီးမှုကြောင့်လည်း ပါဝင်ကြောင်း ‌တောင်သူလယ်သမား တစ်ဦးကပြောသည်။

ကောက်ပဲသီးနှံစိုက်ရာတွင် မြေသြဇာအသုံးပြုမှုမရှိဘဲ၊နှစ်စဥ် နှစ်တိုင်း ရိုးရိုးသာ စိုက်ပျိုးသည်ဟု အမ်းမြို့နယ် ဒါးလက်ချောင်း အိုင်ဝန်းရွာမှ စိုက်ပျိုးသီးနှံခင်းစိုက်သည့် ဦးထွန်းနိုင် ပြောသည်။

“ကျွန်တော်က နှစ်တိုင်း ဘာမြေသြဇာမှ မသုံးဘဲ ဒီတိုင်းရိုးရိုးစိုက်တာပါပဲ၊ အပင်တွေ ထွက်စအချိန်ဆိုရင် ပိုးသတ်ဆေးတစ်ခေါက် ဖြန်းလိုက်ပါတယ်၊ နောက်ဘာမှမသုံးပါဘူး၊ ပိုးသတ်ဆေးလည်း ထွက်စခါတစ်ခေါက်ပဲ သုံးတာပါ၊ ဒါပေမယ့် ဒီနှစ်က အခြေနေတွေကတော့ အယင်နှစ်တွေနှင့် မတူဘူး” ဟု ၎င်းကဆက်ပြောသည်။

ရခိုင်ပြည်တွင် ယခုနှစ် ဆောင်းပဲသီးနှံထွက်နှုန်းမှာ ၂၀၂၂ ခုနှစ်ထက် မြင့်တတ်သည်ဟု တောင်သူလယ်သမားသမဂ္ဂမှ ပြောသည်။

“ဒီနှစ်ဆောင်းပဲသီးနှံအထွက်နှုန်းက ဟိုမနှစ်ကထက်မြင့်တတ်နေတယ်လိုပြောလို့ရပါတယ်၊ ရသေ့တောင်တို့ ကျောက်တော်ဖက်တွေမှာဆိုရင် မြေပဲလည်းထွက်တယ်၊ စျေးကောင်းလည်းရတယ်လို့စိုက်ခင်းသမားတွေက ပြောပါတယ်” ဟု ဆိုသည်။

အမ်းမြို့နယ် ဒါးလက်ချောင်းတွင် ချောင်းရေစီးမှုများသည့်အတွက် ဆောင်းသီးနှံစိုက်ပျိုးမှုကို ထိခိုက်မှု ဖြစ်သွားကြောင်း တောင်သူလယ်သမားသမဂ္ဂ ပြောခွင့်ရက ဆက်ပြောသည်။

“အဲဒီ ဒါးလက်ချောင်းဖက်တွေကကျတော၊ ၅၀ ရာခိုင်နှုန်းလောက်လျော့ကျသွားတာဖြစ်နိုင်ပါတယ်၊ ဘာလို့ဆို အဲဒီဖက်ကကျတော့ ရေကြီးရင်အပင်တွေကိုထိခိုက်တယ်၊ ဒီဖက်တွေကကျတော့ မြေလည်းမြင့်တယ်၊ အဲဖက်တော့ အညာရေတွေဘာတွေကြီးရင်၊ အပင်တွေပျက်စီးနိုင်တယ်” ဟု ၎င်းကဆက်ပြောသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ