Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမ်းမြို့နယ်တွင် ရက္ခိုင့်တပ်တော် နှင့် စစ်ကောင်စီတို့ တိုက်ပွဲ ဖြစ်

အမ်းမြို့နယ်တွင် ရက္ခိုင့်တပ်တော် နှင့် စစ်ကောင်စီတို့ တိုက်ပွဲ ဖြစ်

( စစ်ကောင်စီတပ်သားအချို့ သေဆုံးဟု သိရ)

AB News-ဒီဇင်ဘာ ၁၆၊ ၂၀၂၃

ရက္ခိုင်ပြည်၊ အမ်းမြို့ ကဇုကိုင်းတံတားအနီးမှာ ရက္ခိုင့်တပ်တော် နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ သေဆုံးမှုရှိခဲ့ကြောင်း AB News မှ ထောက်လှမ်းသိရှိရသည်။

ရက္ခိုင့်တပ်တော်သည် ယမန့်နေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်တွင် အကြမ်းဖက် စစ်ကောင်စီအဖွဲ့နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားသည့်အတွက် ဒေသခံအများအပြားထွက်ပြေးခဲ့ရသည်။

၂ ဖက်တိုက်ပွဲကြောင့် စစ်ကောင်စီ၏ အခြေချတပ်စွဲထားသော ကဇုကိုင်းအခြေစိုက် ဗျူဟာကုန်း များမှ လက်နက်ကြီးများ လှမ်းကူပစ်ခတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက AB News သို့ ပြောသည်။

“တိုက်ပွဲကတော့ ပြင်းထန်ပါတယ်၊ စကစ ဗျူဟာကုန်းတွေကနေပြီး လက်နက်ကြီးတွေ ပစ်ကူပေးတယ်၊ ပြည်သူတွေ ပုန်းနေရတာပေါ့”ဟု ဆိုသည်။

၎င်းဗျူဟာကုန်းတို့မှ ပစ်ခတ်ခဲ့သောလက်နက်ကြီးများသည် ကမ်းထောင်းကြီးမြို့အပေါ်မှ ကျော်လွန်ပြီး လက်ကွင်းများတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

ရက္ခိုင့်တပ်တော် နှင့် စစ်ကောင်စီတို့ အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း AB News က စုံစမ်းသိရှိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက်နေ့ ကလည်း ကုဇုကိုင်းတံတားအနီးတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စကစ ဖက်မှ ဂျက်တိုက်လေယာဥ်ဖြင့် ဗုံး ၂ လုံးကြဲချခဲ့သည်။

လက်ရှိ ရက္ခိုင်ပြည် ပေါက်တောမြို့နယ်၊ ပလက်ဝမြို့နယ်၊ မြေပုံမြို့နယ်၊ အမ်းမြို့နယ်၊ မင်းပြားမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်နှင့် တစ်ခြားမြို့နယ်အပါအဝင် ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီစခန်းကြီး၊ စခန်းငယ် စုစုပေါင်း ၁၄၂ ခုထိ သိမ်းပိုက်ရရှိထားကြောင်း AA ကဆိုထားသည်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရှုံးဖြင့် တိုက်ပွဲဝင်နေသော စစ်ကောင်စီတို့သည် ပြည်သူများအား ပစ်မှတ်ထားဗုံးကြဲလာခြင်း၊ ဖမ်းဆီးခြင်းများ အပါအဝင် အင်အားပြခြိမ်းခြောက်မှုများကို နေ့စဥ်ရက်ဆက် ပြုလုပ်လာသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ