Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမ်းမြို့နယ်တွင် ဘောလုံးဆော့ကစားရာမှ မိုးကြိုးပစ်ခံရမှုကြောင့် ၁၂ တန်းကျောင်းသား ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ

ရက္ခိုင်ပြည်၊ အမ်းမြို့နယ် တလိုင်းတောင်အထက်ရွာတွင် ဘောလုံးဆော့ကစားရာမှ မိုးကြိုးပစ်ခံရမှုကြောင့် ၁၂ တန်းကျောင်းသား ၁ ဦး သေဆုံးကာ ၁ ဦးဒဏ်ရာရသွားခဲ့ကြောင်း သတင်း ရရှိသည်။

သေဆုံးသွားသူမှာ အမ်းမြို့နယ်၊ တလိုင်းတောင်အထက်ရွာမှ အဖ ဦးမြင့်အောင်၏သား အသက် ၁၇ နှစ်အရွယ် မောင်သိန်းစိုးဖြစ်ပြီး ဒဏ်ရာရရှိသူမှာ တလိုင်းတောင်အောက်ရွာမှ အဖ ဦးသောင်းလွင်၏သား အသက် ၁၇ နှစ်အရွယ် မောင် နိုင်လင်းအောင်တို့ဖြစ်ကြောင်း သိရသည်။

၎င်းတို့ ၂ ဦးသည် ယမန်နေ့ မေလ ၂၂ ရက် ညနေ ၅ နာရီကျော်တွင် ဘောလုံးဆော့ကစားနေစဥ် မိုးကြိုးထိမှန်ပြီး ၁ ဦး သေဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။

” မနေ့ည ၅ နာရီ​ကျော်လောက်မှာ သူတို့ ၂ ယောက်က ဘောလုံးဆော့ကစားနေကြတယ်။ မိုးကြိုးထိမှန်လို့ တစ်ယောက်သေသွားတယ်။ ၁ ယောက်ဒဏ်ရာရသွားတယ် “ဟုဆိုသည်။

မိုးကြိုးစက်ကွင်းအတွင်းသို့ ကျရောက်နေသည့်အတွက် မိုးကြိုးထိမှန်၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။

နိုင်လင်း​အောင်သည် ဒဏ်ရာအနည်းငယ်ရရှိသွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၆ ရက်နေ့တွင်လည်း မိုးကြိုးပစ်ခံရမှုကြောင့် ပေါက်တောမြို့နယ် ဆက်တက်မော်ရွာမှ မူဆလင်ကလေးငယ် ၂ ဦး သေဆုံးသွားခဲ့ကာ ၁ ဦးမှာလျှပ်စစ်ဓာတ်လိုက်၍ သတိလစ်သွားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ