Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမ်းမြို့နယ်တွင် ခရီးသည်တင် မော်တော်ယာဉ် ၁စီး ချောက်ထဲသို့ပြုတ်ကျ၊ ခရီးသည်များ ထိခိုက်မှုမရှိ

ABN – သူရမောင်

အမ်းမြို့နယ်၊ ကံမြင့်ကန် ပူးပေါင်းစစ်ဆေးရေးဂိတ်အနီးတွင် ခရီးသည်တင် မော်တော်ယာဉ်တစ်စီး ယနေ့ ဖေဖော်ဝါရီ ၁၆ရက်နေ့ နံနက် ၁ နာရီကျော်တွင် ချောက်ထဲသို့ ပြုတ်ကျသွားခဲ့သည်ဟု သိရသည်။

ပြုတ်ကျသွားခဲ့သည့် ကားမှာ ကြံတိုင်းအောင် ယာဉ်လိုင်းမှ ကားတစ်စီးဖြစ်ပြီး ကံမြင့်ပူးပေါင်းစစ်ဆေးရေးဂိတ်အနီးရှိ ထမင်းဆိုင်တွင် ခရီးသည်များ ထမင်းစားနေစဉ် ရပ်နားထားပြီးနောက် ရွှေပြည်သစ်ခရီးသည်တင်မော်တော်ယာဉ် တစ်စီးမှ ဘရိုက်ပေါက်ကာ မရပ်တန့်နိုင်ဘဲ ကားနောက်ဘက်ကို ဝင်ရောက်တိုက်မိခဲ့ရာမှ လမ်းဘေးရှိ ချောက်ထဲသို့ ပြုတ်ကျသွားရခြင်းဖြစ်သည်။

ကြံတိုင်းအောင်ကား ပြုတ်ကျသွားခဲ့သည့် ချောက်မှာ မီတာ ၅၀၀ ခန့်နက်ပြီး ကားထဲတွင် ခရီးသည်များမရှိသည့်အတွက် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း သိရသည်။

ခရီးသည်တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာ မရရှိခဲ့ဟု သိရပြီး ယာဉ်မောင်း ၂ ဦးလုံးအား အမ်းမြို့မရဲစခန်းတွင် စစ်ဆေးမေးမြန်းလျက်ရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ