Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမ်းမြို့တွင် ခမရ ၃၇၃ တပ်ရင်းက လက်နက်ကြီးများပစ်ခတ်နေ

အမ်းမြို့တွင် ခမရ ၃၇၃ တပ်ရင်းက လက်နက်ကြီးများပစ်ခတ်နေ

ABN-ရှိုင်းမိုး

ရခိုင်ပြည် အမ်းမြို့ ခမရ ၃၇၃ စစ်ကောင်စီတပ်ရင်းက ယနေ့ နံနက် ၆နာရီအချိန်မှစ၍ လက်နက်ကြီးပစ်ခတ်နေကြောင်းဒေသခံ များပြောကြားချက်အရသည်။

“မနက် ၆နာရီလောက်ကစပြီးပစ်ခတ်သံတွေကြားနေရတာပါ၊ လက်နက်ကြီးပစ်သံပါ၊ ဘယ်ကိုပစ်တာလဲမသိဘူး” ဟုဒေသခံတစ်ဦးက ပြောသည်။

ယခုရက်ပိုင်းအတွင်း အမ်းမြို့ ခမရ ၃၇၃ တပ်ရင်းမှ လက်နက်ကြီးပစ်ခတ်သည်မှာ ၃ ကြိမ်မြောက်ဖြစ်သည်။

“မနေ့ကလည်း ပစ်တယ်ဗျာ၊ မနေ့က လက်နက်ကြီး ၈လုံးပစ်တယ်၊ မတ်လ ၂၇ရက်နေ့ကလည်း ပစ်ခဲ့တယ်၊ ဒီတကြိမ်ဆိုရင် ၃ကြိမ်ရှိပြီ၊ သူတို့ပစ်နေတာ၊ ပထမတခါပစ်ခဲတုန်းကတော့ လက်နက်ဟောင်း တွေကိုဖျက်ဆီးတယ်လို့ကြားတယ်၊ ဒါဆိုရင် နောက်ထပ်ပစ်တာက ဘာဖြစ်လို့လဲမသိဘူး၊ ဘာအကြောင်းပြချက်မှလည်းမကြားပါဘူး” ဟုဆိုသည်။

အပစ်အခတ်ရပ်ထားသော်လည်း ယခုလိုလက်နက်ကြီးများ မကြာခဏပစ်နေခြင်းမှာ ပြည်သူများကို ခြိမ်ခြောက်နေသည်နှင့် တူကြောင်း အမ်းမြို့ဒေသခံ ကိုကျော်ဝင်းမောင်က ပြောသည်။

“တိုက်ပွဲဖြစ်နေတဲ့ကာလဆိုရင် လက်နက်ကြီးပစ်တာကတော့ဘာမှ ထူးခြားတာမဟုတ်ဘူး၊ ဒါပေမယ့်အခုက အပစ်အခတ်ရပ်စဲထားတာ၊ အပစ်ခတ်ရပ်စဲထားတယ်လို့ကြေညာထားပြီး အခုလိုမကြာမကြာ လက်နက်ကြီးပစ်နေတာက ပြည်သူတွေကိုခြိမ်းခြောက်တာနဲ့တူနေပါတယ်” ဟု၎င်းကပြောသည်။

ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ အပစ်အခတ်ရပ်စဲကြောင်းကြေညာထားသော်လည်း စစ်ကောင်စီတပ်ရင်းအများစုတွင် အကြောင်းအမျိုးမျိုးပြပြီး လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်သံများ ထွက်ပေါ်နေသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ရခိုင်ပြည်အတွင်း လက်နက်သစ်များ ရွှေ့ပြောင်းခြင်း၊ ရိက္ခာများ စုဆောင်းထားခြင်း၊ တပ်ရွှေ့ပြောင်းနေရာချထားများကို နေ့စဥ်ပုံမှန် ပြုလုပ်နေသည်ကိုတွေ့ရသည်။

ဓာတ်ပုံ-AFP

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ