Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမ်းမြိုနယ် တွင် စားအုန်းဆီယူရန်သွားသည့် အရပ်သားပြည်သူ ၁၀ ဦးကို စစ်ကောင်စီအဖွဲက ဖမ်းဆီးသွား

အမ်းမြိုနယ် တွင် စားအုန်းဆီယူရန်သွားသည့် အရပ်သားပြည်သူ ၁၀ ဦးကို စစ်ကောင်စီအဖွဲက ဖမ်းဆီးသွား

AB News – ဇန်နဝါရီ ၇၊ ၂၀၂၄

ရက္ခိုင်ပြည်၊ အမ်းမြိုနယ် တွင် စားအုန်းဆီယူရန်သွားသည့် အရပ်သားပြည်သူ ၁၀ ဦးကို စစ်ကောင်စီအဖွဲက ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ အမ်းမြိုနယ် ၂ မိုင်ကုန်း မထည်ကျောင်းကွင်းမှ အသက် ၄၀ အရွယ် ဦးဗေလုဝ၊ မဲရွာမှ အသက် ၅၄ နှစ်အရွယ် ဦးရွှေနု၊ အသက် ၅၄ နှစ်အရွယ် ဦးမြင့်နိုင်၊ အသက် ၂၉ နှစ်အရွယ် နေလင်းဦး၊ အသက် ၁၉ နှစ်အရွယ် ကိုဖိုးချစ်၊ အသက် ၂၅ နှစ်အရွယ် ကျော်ထက်ခိုင်မြင့်၊ အသက် ၁၉ နှစ်အရွယ် ထက်မြင့်နိုင် ၊ ထန်းချောင်းရွာမှ အသက် ၃၅ နှစ်အရွယ် ဦးင/အောင် အသက် ၄၅ နှစ်အရွယ် ဦးတင်၊ အသက် ၁၂ နှစ်အရွယ် မောင်ငယ်တိုဖြစ်သည်။

ဖြစ်စဥ်မှာ ၎င်းတိုသည် ယမန်နေ့ဇန်နဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်ဘက်မှ ဝယ်ယူထားသည့် စားအုန်းဆီများကိုယူရန် တောင်ကြားလမ်းအတိုင်းသွားခဲ့ရာ အမ်းမြိုနယ် ၃ မိုင်ကုန်းစခန်းက ဖမ်းဆီးခဲ့ခြင်းဖြစ်သဘ်ဟုသိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက် နံနက် ၅ နာရီခွဲတွင်လည်း အကြမ်းဖက်စစ်ကောင်စီအဖွဲသည်  စစ်တွေမြို ရွှေပြားစျေးထဲသိုဝင်လာပြီး ဟင်းသီးဟင်းရွက် ရောင်းချနေသည့် အမျိုးသမီးများနှင့် ဝန်ချနေသည့် အမျိုးသားများ စုစုပေါင်း ၆၀ ခန့်ကို ဖမ်းဆီးသွားခဲ့သည်။

အကြမ်းဖက် စစ်ကောင်စီအဖွဲက ပြည်သူများကိုဖမ်းဆီး၍ ငွေညှစ်နေခြင်းများပြုလုပ်လာခြင်း၊ ပြည်သူပိုင်နေအိမ်များသိုဖောက်ထွင်းကာ ပစ္စည်းများခိုးယူခြင်းနှင့် ခရီးသွားများထံမှ ငွေများလုယူခြင်းကိုလည်း လက်နက်အားကိုးဖြင့် လုပ်လာသည်ကို တွေ့ရသည်။

လက်ရှိတွင် ပေါက်တော၊ စစ်တွေ၊ကျောက်ဖြူ၊ တောင်ကုတ်၊ အမ်း၊ မြေပုံ၊ သံတွဲ၊ မောင်တော၊ ကျောက်တော်၊ မြောက်ဦးတိုတွင် စစ်ကောင်စီ၏ အနိုင်ကျင့်ဖမ်းဆီးထားခြင်းခံရသည့်အပြစ်မဲ့အရပ်သားပေါင်း ၃၂၀ ကျော်ခန့်ရှိလာပြီဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ