Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမ်းတွင် အသက် ၂၀ ကျော် လူငယ် ၁ဦး မိုင်းနင်းမိ၍ ပြင်းထန်ဒဏ်ရာရ

ABN-မေအိအိအောင်

ရခိုင်ပြည် အမ်းမြို့နယ် ဒါးလက်တွင် မိုင်းနင်းမိ၍ အသက် ၂၀ကျော်လူငယ် ၁ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ယနေ့ ဖေဖော်၀ါရီ ၆ ရက် ၁၁ နာရီခန့်တွင် အမ်းမြို့နယ် ဒါးလက်ချောင်း ဒါးလက်ချောင်းအနောက်ရွာတွင်နေထိုင်သည့် အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦးမှာ ၎င်းပိုင် သီဟိုသရက်ခြံသို့ သွားရာတွင် မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဒဏ်ရာရသူမှာ အမ်းမြို့နယ် ဒါးလက်ချောင်း- ဒါးလက်အနောက်ရွာတွင်နေထိုင်သည့် အဖ ဦးသိန်းဆန်း ၏သား မောင်ဦးဆန်းကြည် အသက် ၂၂ ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် ဒဏ်ရာရသူအား အမ်းမြို့နယ် ၊ ဒါးလက် တိုက်နယ်ဆေးရုံတွင် အရေးပေါ်တင်ထားရကြောင်းသိရသည်။

ပြီးခဲ့သည့် ဖေဖော်၀ါရီ ၂ ရက်နေ့ကလည်း ရခိုင်ပြည် မောင်တောမြို့နယ် ခမောင်းဆိပ်ရွာမှ အသက် ၁၃ နှစ်အရွယ် ၅ တန်းကျောင်းသားတစ်ဦးနှင့် ထိုသူ၏ခွေးကလေး ၁ကောင် မိုင်းနင်းမိပြီးသေဆုံးခဲ့သည်။

ဓာတ်ပုံ/သတင်း-ဦးဝေဟင်အောင်

အမ်းတွင် အသက် ၂၀ ကျော် လူငယ် ၁ဦး မိုင်းနင်းမိ၍ ပြင်းထန်ဒဏ်ရာရ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ