Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမ်းတွင် စိုက်ပျိုးရေးဝန်ထမ်း အမျိုးသား ၁ဦးကို စစ်ကောင်စီက ဖမ်းဆီး

အမ်းတွင် စိုက်ပျိုးရေးဝန်ထမ်း အမျိုးသား ၁ဦးကို စစ်ကောင်စီက ဖမ်းဆီး

AB News – ဖေဖော်ဝါရီ ၂၅၊ ၂၀၂၄

ရက္ခိုင်ပြည်၊ အမ်းမြို့တွင် စိုက်ပျိုးရေးဝန်ထမ်းအမျိုးသား ၁ဦးကို ဖေဖော်ဝါရီလ ၂၃ရက်နေ့ ညအချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ဖမ်းဆီးခံရသူမှာ အမ်းမြို့ဟောင်း၊ လေယာဉ်ကွင်းရပ်ကွက်မှ စိုက်ပျိုးရေးဝန်ထမ်း ဦးကျော်ဆန်းလင်း ၄၅ နှစ်ဖြစ်သည်။

ဖေဖော်ဝါရီလ ၂၃ရက်နေ့ ညအချိန်တွင် အကြမ်းဖက်စစ်ကောင်စီက အမ်းမြို့တွင် စိုက်ပျိုးရေးဝန်ထမ်းအမျိုးသား ၁ဦးကို ဖမ်းဆီးသွားခဲ့သည်ဟု အမ်းဒေသခံ ၁ဦးက ပြောသည်။

“စစ်ကောင်စီတပ်သားတွေဟာ သူတို့ မသင်္ကာတဲ့ သူတွေကို ဖမ်းဆီးတယ်။ အခုဆိုရင် ဖမ်းဆီးမှုတွေ ပိုများလာတယ်။ ညနေဆိုရင် ဒီကမြို့ခံတွေ အပြင်ကို မထွက်ရဲတော့ဘူး။ မနေ့ကလည်း အမ်းမြို့ဟောင်းက စိုက်ပျိုးရေးဝန်ထမ်း ၁ဦးကို ဖမ်းဆီးသွားတယ်လို့ ကြားတယ်” ဟု ဆိုသည်။

ပြည်သူ့စစ်မှုမထမ်းမနေရ ဥပဒေကို ပြဌာန်းခဲ့သည့်နေ့မှ စ၍ စစ်ကောင်စီသည် ရက္ခိုင်ပြည်ရှိ ပြည်သူများကို လက်ရဲဇက်ရဲ ဖမ်းဆီးနေပြီး ရက္ခိုင့်တပ်တော်ထိန်းချုပ်ထားသည့် မြို့များမှအပ ကျန်မြို့များတွင် စစ်မှုထမ်းဆောင်ရန် စာရင်းကောက်ခံနေသည်ကို တွေ့ရှိရသည်။

ရက္ခိုင်ပြည်၊ ‌‌ကျောက်ဖြူမြို့တွင်လည်း အာဏာသိမ်းစစ်ကောင်စီအဖွဲ့က စစ်မှုထမ်းဆောင်ရန် ပြည်သူများကို လိုက်လံ ဖမ်းဆီးနေသောကြောင့် ကျောက်တလုံးဒုက္ခသည်စခန်းမှ အမျိုးသမီးငယ် ၁ဦးအပါအဝင် မူဆလင်လူငယ် ၁၀ကျော်ခန့် ရက္ခိုင့်တပ်တော်ထံ ခိုလှုံလာခဲ့ရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၈ရက်နေ့တွင် ရန်ကုန်မှ ပြန်လာသည့် ရက္ခိုင်မှ ကျောင်းသား၊ လူငယ်များအပါအဝင် ၆၄ဦးကို စစ်ကောင်စီက ဖမ်းဆီး ထိန်းသိမ်းမှုများ ပြုလုပ်ခဲ့ပြီး စစ်တွေလေဆိပ်နှင့် အမ်းလေဆိပ်တွင်လည်း နေရပ်သို့ ပြန်လာသည့် အရပ်သားပြည်သူများကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ