Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမ်းတွင် စစ်ကောင်စီမှ ကားလမ်းများပိတ်ထားသည့်အတွက် ပြည်သူအချို့ ထမင်းငတ်နေဟု သိရ

AB News – နိုဝင်ဘာ ၁၄၊ ၂၀၂၃

ရခိုင်ပြည်၊ အမ်းမြို့နယ် ကဇုကိုင်းတံတားအနီး စကစ စစ်ဆေးရေးဂိတ်တွင် ခရီးသွားပြည်သူ ၂၀၀ ကျော်ပိတ်မိနေပြီး ထမင်းငတ်နေသူများလည်းရှိကြောင်း သတင်းရရှိသည်။

၎င်းတို့သည် ယမန်နေ့မနက်ပိုင်း ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတို့ ၂ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စကစမှ ရေလမ်း၊ကုန်းလမ်းများအားလုံးကို ပိတ်လိုက်သည့်အတွက် ရန်ကုန် – ရခိုင် အသွား ၊အပြန် ခရီးသွားများ စစ်ဆေးရေးဂိတ်နားတွင် ပိတ်မိနေကြကြောင်း သိရသည်။

ပိတ်မိနေသူတစ်ချို့တွင် ငွေကြေးလုံလောက်မှုမရှိသဖြင့် ထမင်းငတ်နေသူများ ရှိနေသည့်အတွက်ကြောင့် ပရဟိတကယ်ဆယ်ရေးလုပ်နေသည့် ကိုယ်တော်သဘာဝနဒီ မှ ၎င်းတို့အား ညနေစာထမင်းလှူချင်ကြောင်း ကဇုကိုင်းတံတားဂိတ်မှ စကစ ဗိုလ်မှူး ကျော်ထင်သို့ ခွင့်တောင်းထားကြောင်း ပြောသည်။

လက်ရှိပြည်သူများ ပိတ်မိနေပြီး ထမင်းငတ်နေသူများလည်ရှိနေသည့်တွက် ၎င်းတို့အား ညနေစာထမင်းလှူချင်ကြောင်း ကိုတော်သဘာဝနဒီက AB News သို့ပြောသည်။

” လမ်းတွေပိတ်ထားတော့ ပြည်သူတွေပိတ်မိနေတယ်၊ ပိုက်ဆံရှိတဲ့သူတွေက ထမင်းစားလို့ရပေမယ့်လည်း ပိုက်ဆံမရှိတဲ့သူတွေငတ်နေကြတယ် ၊ ပြည်သူတွေကို ညနေထမင်းလှူချင်ပါတယ် “ဟု ဆိုသည်။

စကစ တပ်ဖွဲ့ဝင်များသည် ကုန်းလမ်းကြောင်းနှင့် ရေလမ်းကြောင်းကို မည်သည့်အချိန်၌ပြန်ဖွင့်မည်ကို မသိရှိရသည့်အတွက် တပ်ရင်းအနီးရှိ ထမင်းဆိုင်တစ်ချို့မှာလည်း စားနပ်ရိက္ခာပြတ်လပ်လာနေကြောင်း သိရသည်။

ထို့အပြင် ကုန်စျေးနှုန်းများ အဆမတန် မြင့်မားလာနေသောကြောင့် ထမင်းတစ်နပ်စားရန်ပင် အခက်တွေ့နေရပြီး နေစရာများလည်း အဆင်မပြေကြောင်း သိရသည်။

ပြည်သူများဒုက္ခရောက်လျှင် နိုင်ငံတော်အာဏာကို ယူထားသည့် အစိုးရ (စစ်ကောင်စီ) မှ တာဝန်ယူ၍ ထမင်းကျွေးရမည်ဖြစ်ကြောင်း ကိုတော်သဘာဝနဒီက ပြောသည်။

၎င်းမှ ထမင်းလှူရန်ခွင့်ပြုချက် တောင်းခံနေဆဲဖြစ်ပြီး စကစ ဗိုလ်မှူးမှလည်း အကြောင်းကြားခြင်းမရှိသေးကြောင်း သိရသည်။

စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းများ ပိတ်ထားသည့်အတွက် စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ အမ်း၊ သံတွဲ၊ ဘူးသီးတောင်၊ မောင်တော စသည့် မြို့နေများဖက်တွင် ပိတ်မိနေသည့် ခရီးသွားပြည်သူများ ဒုက္ခရောက်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ-ကျောက်ဖြူတွင် လမ်းပိတ်ထား၍ သွားမရ ဖြစ်နေသည့် ခရီးသွားများ/Minn Saw Morn

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ