Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဖက်က သေဆုံးမှုများပြီး တပ်ဆုတ်ပြေး၊ စစ်တပ် မိသားစုဝင်များကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ရွှေ့ပြောင်း

အမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဖက်က သေဆုံးမှုများပြီး တပ်ဆုတ်ပြေး၊ စစ်တပ် မိသားစုဝင်များကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ရွှေ့ပြောင်း

AB News – မတ်လ ၂၈၊ ၂၀၂၄

အမ်းအနီးတိုက်ပွဲအတွင်း စစ်ကောင်စီဖက်က သေဆုံးမှုများပြီး တပ်ဖွဲ့ဝင်များတပ်ဆုတ်ပြေးသွားကာ စစ်တပ် မိသားစုဝင်များကိုလည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ရွှေ့ပြောင်းထားကြောင်း သိရသည်။

ရက္ခိုင့်တပ်တော် နှင့် စစ်ကောင်စီတို့သည် ယမန်နေ့ မတ်လ ၂၇ ရက်နေ့တွင် ဂါယ်လောင်းအနီး၌ ၂ ဖက်တိုက်ပွဲပြင်းထန်ခဲ့ရာ စကစ၏ တပ်မိသားစုဝင်များအား စစ်ဌာနချုပ်သို့ ရွှေ့ပြောင်းကာ တပ်ဆုတ်ကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။

“မနေ့ကတိုက်ပွဲလည်းပြင်းထန်ပါတယ်၊ ၄ နာရီကြာတဲ့အထိပစ်ခတ်နေကြတယ်။ စကဖက်က အသေအပျောက်များလာတော့ သူတို့ရဲ့ ကလေးတွေ၊ မိသားစုတွေအကုန်လုံးကို စစ်ဌာနချုပ်သို့ ပို့လိုက်ပါတယ်” ဟု ဆိုသည်။

တိုက်ပွဲ ဖြစ်ပွားနေသည့်အတွက် ဒေသခံပြည်သူများလည်း ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီသည် ယမန်နေ့ ညနေပိုင်းတွင်လည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ပွဲ ဖြစ်ပွားရာအနီးသို့ တရစပ်ပစ်ခတ်ခဲ့ပြီး ယနေ့ ညနေပိုင်းကလည်း နပခအနီး ၃၇၃ တပ်ရင်းမှ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အနီးရှိ စစ်ကောင်စီ စခန်းများကို ရက္ခိုင့်တပ်တော်က မတ်လ ၂၄ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်း ကျဆုံးခဲ့ရသည်။

အမ်းမြို့ နပခလက်အောက်ခံ တပ်ရင်းများမှာ ခမရ ၃၇၁၊ ခမရ ၃၇၂၊ ခမရ ၃၇၃နှင့် ဆောက်လုပ်ရေးအင်ဂျင်နီယာတပ် (G.E တပ်)၊ စစ်မြေပြင်အင်ဂျင်နီယာတပ် (B.E တပ်)၊ ဆေးတပ်နှင့် စစ်လက်နက်ပစ္စည်းတပ်ဖွဲ့များ ရှိကြောင်း သိရှိရသည်။

လက်ရှိတွင် ရက္ခိုင့်တပ်တော်က မြို့နယ် ၉ ခုကို အပြီးသတ်သိမ်းပိုက်ထားပြီး အမ်းမြို့ကို သိမ်းရန် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီစခန်းများကျန်ရှိနေသေးသည့် ဘူးသီးတောင်၊ မောင်တောမြို့တို့အား အပြီးသတ်သိမ်းပိုက်နိုင်ရန် စစ်ရှိန်မြှင့်လျက်ရှိကြောင်း AA ကဆိုထားသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ