Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အပြီးသတ်အမိန့်ချရန်သာကျန်တော့သည့် လူထုဇော်ဝင်းအမှုကို ၅ ကြိမ်မြောက် ရုံးချိန်းရွှေ့ဆိုင်းခံရ

အပြီးသတ်အမိန့်ချရန်သာကျန်တော့သည့် လူထုဇော်ဝင်းအမှုကို ၅ ကြိမ်မြောက် ရုံးချိန်းရွှေ့ဆိုင်းခံရ

ABN-ရှိုင်းမိုး

မေ ၃ ရက်

ရခိုင်ပြည် ကျောက်တော်မြို့နယ်တရားရုံးတွင် အပြီးသတ်အမိန့်ချရန်သာကျန်တော့သည့် လူထုဇော်ဝင်းအပါဝင် ဒေသခံ ၃ဦးကို အပြီးသတ်အမိန့်မချဘဲ အကြောင်းမျိုးမျိုးပြ၍ ရုံးချိန်းရွှေ့ဆိုင်ခံနေကြရသည်။

၎င်းတို့ကို ယမန်နေ့ နံနက် ၁၀ နာရီကျော်အချိန်တွင် ကျောက်တော်မြို့နယ်တရားရုံးတွင် ရုံးထုတ်သော်လည်း စစ်ဆေးမှု၊ ပြောဆိုမှု တစ်ခုမှ မပြုလုပ်ဘဲ လာမည့် ၁၆ရက်နေ့ကို ထပ်မံ ရုံးချိန်းရွှေ့လိုက်သည်ဟုသိရသည်၊၊

“ဘာမှမပြောပါဘူး၊ ရုံးချိန်းထပ်ရွှေ့လိုက်ပါတယ်၊ လွှတ်ပေးမယ်ဒါမှမဟုတ် အပြစ်‌ပေးမယ်ဆိုရင်လည်း တရားသူကြီးကပြောရင်ရပါပြီး၊ တခြားတရားလိုတွေနဲ့ဘာမှမဆိုင်တော့ပါဘူး၊ ဒါပေမယ့် တရားသူကြီးကတော့ ဘာမှမပြောပါဘူး“ ဟု လူထုဇော်ဝင်းဇနီးကပြောသည်။

ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲခံထားရသူများမှာ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်မှ လူထုဇော်ဝင်း(ခ) ဦးဇော်ဝင်း၊ ကျောက်တော်မြို့နယ် ခေါင်းတုတ်ရွာမှ ဦးကျော်သန်းမောင်နှင့် ပန်းဖဲချောင်းရွာမှ ကိုဇော်မိုးထက်တို့ ဖြစ်ကြသည်။

ထို ၃ဦးသည် ရက္ခိုင့်တပ်တော်နှင့်စစ်ကောင်စီတပ်တို့ကြား ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းက တကျော့ပြန်တိုက်ပွဲဖြစ်ပွားနေချိန်တွင် အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဦးဇော်ဝင်း (ခ) လူထုဇော်ဝင်း၊ ဦးကျော်သန်းမောင်နန့် ကိုဇော်မိုးထက်တို့ကို အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ရခိုင်ရှိ စစ်ကောင်စီတရားရုံးများတွင် အပြီးသတ်အမိန့်ကို မြို့နယ်တရားရုံးရှိ တရားသူကြီးက တိုက်ရိုက် အမိန့်ချခြင်းမျိုးမဟုတ်ဘဲ အထက်က လာသည့် စာအိတ်ကို ဖွင့်ဖောက် ဖတ်ပြရခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ