သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အပြီးသတ်အမိန့်ချရန်သာကျန်တော့သည့် လူထုဇော်ဝင်းအမှုကို ၄ ကြိမ်မြောက် ရုံးချိန်းရွှေ့ဆိုင်းခံရ

အပြီးသတ်အမိန့်ချရန်သာကျန်တော့သည့် လူထုဇော်ဝင်းအမှုကို ၄ ကြိမ်မြောက် ရုံးချိန်းရွှေ့ဆိုင်းခံရ

ABN-ရှိုင်းမိုး

ရခိုင်ပြည် ကျောက်တော်မြို့နယ်တရားရုံးတွင် အပြီးသတ်အမိန့်ချရန်သာကျန်တော့သည့် လူထုဇော်ဝင်းအပါဝင် ဒေသခံ ၃ဦးကို အပြီးသတ်အမိန့်မချဘဲ ထပ်မံ ရုံးချိနိးရွှေ့ဆိုင်းလိုက်သည်ဟုသိရသည်။

၎င်းတို့ကို ယမန်နေ့ နံနက် ၁၀ နာရီကျော်အချိန်တွင် ကျောက်တော်မြို့နယ်တရားရုံးတွင် အပြီးသတ်အမိန့်မချဘဲ ၄ ကြိမ်မြောက် ထပ်မံရွှေ့ဆိုင်းခံလိုက်ရခြင်းဖြစ်သည်။

ရုံးချိန်းကို လာမည့် မေလ ၂ ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်ကြောင်း မိသားစုဝင်များကပြောသည်။

“ရုံးထုတ်တာကလည်း ထုတ်ရုံ နာမည်ပါပဲ၊ ဘာမှမစစ်ဆေးပါဘူး၊ ခဏဆိုရင်ပြန်ပြီယူသွားကြပါတယ်၊ မေလ ၂ရက်နေ့ကိုပြန်ချိန်းလိုက်ပါတယ်” ဟုပြောသည်။

ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲခံထားရသူများမှာ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်မှ လူထုဇော်ဝင်း(ခ) ဦးဇော်ဝင်း၊ ကျောက်တော်မြို့နယ် ခေါင်းတုတ်ရွာမှ ဦးကျော်သန်းမောင်နှင့် ပန်းဖဲချောင်းရွာမှ ကိုဇော်မိုးထက်တို့ ဖြစ်ကြသည်။

ထို ၃ဦးသည် ရက္ခိုင့်တပ်တော်နှင့်စစ်ကောင်စီတပ်တို့ကြား ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းက တကျော့ပြန်တိုက်ပွဲဖြစ်ပွားနေချိန်တွင် အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဦးဇော်ဝင်း၊ ဦးကျော်သန်းမောင်နန့် ကိုဇော်မိုးထက်တို့ကို အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အပြီးသတ်အမိန့်ကို မြို့နယ်တရားရုံးရှိ တရားသူကြီးက တိုက်ရိုက် အမိန့်ချခြင်းမျိုးမဟုတ်ဘဲ အထက်က လာသည့် စာအိတ်ကို ဖွင့်ဖောက် ဖတ်ပြရခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ