Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို ရခိုင်မသန်စွမ်းသူများအစည်းအရုံးက စစ်ဘေးရှောင်စခန်းတွင်ကျင်းပ

ABN- ဟိန်းထွန်း

သြဂုတ် ၁၃ ရက်

ကျောက်တော်မြို့ပေါ် နေပူခံစစ်ဘေးရှောင်စခန်းတွင် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို ရခိုင်ရှိ မသန်စွမ်းသူများအစည်းအရုံးက သြဂုတ်လ ၁၂ ရက်နေ့၍ စစ်ဘေးရှောင်လူငယ်များနှင့်အတူ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

သြဂုတ်လ ၁၂ ရက်သည် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ ( International Youth Day) ဖြစ်ပြီး ပွဲကျင်းပရာတွင် မသန်စွမ်းသူ နှင့် သန်စွမ်းသူများပါဝင်ကြကြောင်း ABN သတင်းထောက်များကတွေ့ရှိခဲ့ရသည်။

ပွဲလုပ်ရခြင်းခြင်းက မသန်းစွမ်းသူနှင့် သန်စွမ်းသူများအတွက်ချစ်ခင်ရင်းနှီးမှုဖြစ်သလို ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ များကို မြှင့်တင်ပေးခြင်းဖြစ်ကြောင်း မသန်စွမ်းအစည်းအရုံးဥက္ကဌဦးလှမြင့်က ABN သို့ပြောသည်။

“ဒီလိုလုပ်ရတာကတော့ မသန်စွမ်းသူနဲ့ သန်စွမ်းသူတွေလည်းပါတယ်၊ ချစ်ခင်းရင်းနှီးမှုလည်းဖြစ်တယ်၊ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ တွေကို မြှင့်တင်ပေးခြင်းဖြစ်ပါတယ်” ဟု ဆိုသည်။

မသန်းစွမ်းသူများပွဲကိုလုပ်ဆောင်ရခြင်းသည် လူငယ်များ၏ အတွေ့အကြုံဗဟုသုတများ၊ စိတ်အားထက်သန်မှုများ၊ ပျော်ရွှင်အားရမှုများကို လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း ၎င်းထံမှသိရသည်။

ထိုပွဲကို ယခုနှစ်တွင် နေပူခံစစ်ဘေးရှောင် စခန်း၌ ပထမဆုံးအကြိမ်ပြုလုပ်ခဲ့ကြောင်းသိရသည်။

စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများကို လူတိုင်းခံစားနေရသည့်အတွက် ပျော်ရွှင်မှုကိုရရှိစေရန် နှင့် စိတ်ဖြေလျော့မှုကို လုပ်ပေးရခြင်းဖြစ်ကြောင်း နေပူခံစခန်းတာဝန်ခံက ABN သို့ပြောသည်။

“စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာတွေကို လူတိုင်းခံစားကြရတယ်၊ ဒီလို Activity လေးလုပ်ပေးရတဲ့အတွက် လူငယ်တွေကို ပျော်ရွှင်မှုလည်းဖြစ်စေတယ်၊ စိတ်ဖြေလျော့မှုလည်းဖြစ်တယ်” ဟု ဆိုသည်။

ပွဲလုပ်ရာတွင် အုပ်စုဖွဲ့ကစားခြင်းများပါဝင်သည့်အတွက် လူငယ်များအတွက် စိတ်အားထက်သန်မှုကို လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်းသိရသည်။

စစ်ဘေးရှောင်စခန်းများ၌ ပြုလုပ်ရခြင်းသည် မသန်စွမ်းသူနှင့် သန်စွမ်းသူများကိုပါ ပို၍ စိတ်ဖြေလျော့မှုရန် အထောက်အပံ့ဖြစ်စေကြောင့် စစ်ရှောင်လူငယ်များက ပြောသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ