Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အထိမ်းအမှတ်အဖြစ် ရခိုင်တွင် သစ်ပင် ၁၀၀၀ မျိုးစေ့ချ ပျိုးထောင်ပြီး ငှက်အိမ်ငယ် ၁၀၀ကိုလည်းချိတ်ဆွဲ

အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အထိမ်းအမှတ်အဖြစ် ရခိုင်တွင် သစ်ပင် ၁၀၀၀ မျိုးစေ့ချ ပျိုးထောင်ပြီး ငှက်အိမ်ငယ် ၁၀၀ကိုလည်းချိတ်ဆွဲ

ABN-ရာဟု

ရခိုင်တွင် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အလုပ်သမားနေ့ အထိမ်းအမှတ်အဖြစ် မေလ ၁ရက် (မေဒေး) နေ့မှာ ရခိုင်တွင် သစ်ပင် ၁၀၀၀ ကိုမျိုးစေ့ချ ပျိုးထောင်ပြီး ငှက်များအတွက် ငှက်အိမ် (ငှက်သိုက်) ၁၀၀ ကို သစ်ပင်များတွင် ချိတ်ဆွဲ ကြကြောင်း သိရသည်။

ရခိုင်ပြည်ရှိ သဘာဝပတ်ဝန်းကျင်နှင့် ဒီရေတောများကို ထိမ်သိမ်းစောက်ရှောက်နေသူ ကိုမျိုးလွင်(အမ်း) ဦးဆောင်သည့်အဖွဲ့သည် အပြည်ပြည်ဆိုင်ရာအလုပ်သမားများနေ့အထိမ်းအမှတ်အဖြစ် ပျိုးပင်ပေါင်း ၁၀၀၀ ကို အမ်းမြို့နယ် ချစ်ပုံမရွာနှင့် လောင်ဗွန်းကျရွာကြား ပျဥ်းချောင်းတောင်ထဲရှိ ပျိုးဥယာဥ်တွင် မျိုးစေ့ချ စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ပျိုးပင်များမှာ ရေမြေကိုထိန်းသိမ်းနိုင်သည့်အပင်များဖြစ်ကြည့် မြစာပင်၊ ကုက္ကိုပင်၊ ဗာလချိုင်ပင် ၊ မရမ်းပင်နှင့် ပိန္နဲပင်တို့ ဖြစ်ကြပြီး ရေမြေကို ထိန်းသိမ်းနိုင်သည့်အပြင် ဗာလချိုင်ပင်မှာ ရှားပါးအပင်မျိုးဖြစ်ကာ မရမ်းနှင့်ပိန္နဲပင်များမှာ အသီးများ စားသုံးနိုင်သည့် အပင်များလည်း ပါဝင်ကျောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပြုလုပ်နေသည့် ကိုမျိုးလွင်က ABN သို့ပြောသည်။

“မေဒေး အထိမ်းအမှတ် ပျိုးပင် ၁ ထောင်ကို ခုကျနော်တို့စိုက်နေတယ်၊ ရှားပါး ဗာလချိုင်ပင်၊ မြစာပင်၊ကုက္ကိုပင်၊ အသီးစားရတဲ့ မရမ်းနှင့် ပိန္နဲပင်တွေပါတယ်” ဟု ပြောသည်။

အလားတူ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့တွင် ငှက်အိမ်အလုံး ၁၀၀ကို ရမ်းဗြဲမြို့နယ်ရှိ မြေနီတောင် တောရဘေးမဲ့တော၊ကိုယ်ရံတော်တောင်နှင့် ဗဟုဇနဟိတကာရီစေတီအနီးရှိ တောတောင်များတွင် ရမ်းဗြဲဒေသခံ ကိုအောင်ဇေမင်း ဦးဆောင်မှုဖြင့် ရမ်းဗြဲလူငယ်ကွန်ယက်အဖွဲ့မှ လူငယ်မောင်မယ်များ ယနေ့ နံနက်က သွားရောက်ချိတ်ဆွဲခဲ့သည်ဟု သိရသည်။

“ခုလို ထိန်းသိမ်းစိုက်ပျိုးထားတဲ့ အပင်များနှင့် ချိတ်ဆွဲထားကြသည့် ငှက်အိမ်များကို ရခိုင်ပြည်သူများက ဝိုင်ဝန်းထိမ်းသိမ်းစောက့်ရှောက်ရန် ပိုမိုလိုအပ်ပါတယ်” ဦးဆောင်သူ ကိုအောင်ဇေမင်းက တိုက်တွန်းထားသည်။

သစ်တောများ၊ သစ်ပင်များ နှင့် ဒီရေတောများမှာ သဘာဝပတ်ဝန်းကျင်ကို အဓိက အထောက်အကူပေးသည့်အပြင် လူသားများ အဓိကလိုအပ်သည့် အောက်ဆီဂျင်နှင့် သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးပစ်နေသည့် စက်ရုံများမှ ထွက်နေသည့် ကာဗွန်များကို စုတ်ယူပြီး မြေတိုက်စားမှုနှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်စေနိုင်မှုတို့ကို လျှော့ကျစေသည်။

ရခိုင်ပြည်သည် ကမ်းလွန်ဒေသဖြစ်ပြီး မိုးဦးရာသီကာလတွင် နှစ်စဥ်နီးပါး မုန်တိုင်းသင့်ခြင်း၊ ရေကြီးရေလျှံမှုဖြစ်ခြင်းနှင့် မိုးခေါင် ရေရှားမှုများကို ရင်ဆိုင်နေရသည့် ဒေသတစ်ခုဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလကလည်း နေပူချိန် ပြင်းထန်မှုကြောင့် ရခိုင်တွင် အမျိုးသား ၂ ဦး လဲကျသေဆုံးမှု ရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ