Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အပြစ်မဲ့ပြည်သူနှင့် လူငယ်များကို ဖမ်းဆီးသတ်ဖြတ်ပြီး မိုက်တွင်းမနက်ရန် စစ်ရှုံး မင်းအောင်လှိုင်နှင့်အဖွဲ့ကို AA စစ်ဦးစီးချုပ် သတိပေး

AB News – ဖေဖော်ဝါရီ ၂၆၊ ၂၀၂၄

အပြစ်မဲ့ပြည်သူနှင့် လူငယ်များကို ဖမ်းဆီးသတ်ဖြတ် ညစ်လုံးဖြင့် မိုက်တွင်းမနက်ရန် စစ်ရှုံးနေသည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်ကြီးများအား ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တွစ်တာလူမှုကွန်ရက် စာမျက်နှာမှ တစ်ဆင့် သတိပေးလိုက်သည်။

“တပ်အချင်းချင်းတိုက်မနိုင်လို့ ဘာလက်နက်မှမရှိတဲ့ အပြစ်မဲ့ပြည်သူ လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီး သတ်ဖြတ် ညစ်လုံးစုံနဲ့ ဆက်ပြီး လက်နက်အားကိုး မိုက်တွင်းနက်နေဦးမယ်ဆိုရင် မင်းတို့ရဲ့ ဂုဏ်သိက္ခာကို ထည့်မစဉ်းစားရင်‌တောင် ခင်ဗျားတို့ရဲ့ ရှင်ကျန်ခဲ့မယ့် သားသမီးမြေးမြစ်တွေအတွက် သိက္ခာနည်းနည်းချန်ထားခဲ့သင့်ပါတယ်” AA စစ်ဦးစီးချုပ်က သတိပေးလိုက်ခြင်းဖြစ်သည်။

ထို့အပြင် စစ်ရှုံးနေသည့် စစ်ကောင်စီမင်းအောင်လှိုင်တို့အနေဖြင့် အရှုံးသမားကောင်းပီသအောင် ကြိုးစားခြင်းကသာ တစ်ခုတည်းသော အကောင်းဆုံး‌ရွေးချယ်စရာ ဖြစ်မည်ဟု ထပ်လောင်းပြောထားသည်။

“ခင်ဗျားတို့ရဲ့ စစ်ပညာနဲ့ ကြိုးစားမှုကို လေးစားပါတယ်။ ဒါပေမဲ့ လူကြီးမင်းတို့က သေချာပေါက်ရှုံးနေပြီးဖြစ်လို့ အရှုံးသမားကောင်း ပီသအောင်ကြိုးစားခြင်းကသာ သင်တို့ရဲ့ တစ်ခုတည်းသော အကောင်းဆုံးရွေးချယ်စရာ ဖြစ်ပါလိမ့်မည်” ဟု သတိပေးပြောထားသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ရက်နေ့မှ စ၍ ရက္ခိုင်တွင် တကျော့ပြန်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက်စစ်ကောင်စီသည် ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ဆို့ထားပြီး ဖုန်းလိုင်း၊ အင်တာနက်လိုင်းများကို ဖြတ်တောက်ခဲ့သည့်အပြင် ရက္ခိုင်မှ အပြစ်မဲ့ပြည်သူများနှင့် လူငယ်များကို ဖမ်းဆီး၊ သတ်ဖြတ်ခဲ့သည်။

ရက္ခိုင့်တပ်တော်သည် လက်ရှိတွင် ပလက်ဝဒေသနှင့် ရက္ခိုင်မှ ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး၊ တောင်ပြိုမြို့များကို သိမ်းပိုက်ထားပြီး ကျန်ရှိနေသည့် အခြားမြို့များကိုလည်း ရက္ခိုင့်တပ်တော်က ဆက်လက် သိမ်းပိုက်ရန် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

ထို့အပြင် မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် ရက္ခိုင်က လူငယ်များကို ရန်ကုန်၊ မန္တလေးမြို့များတွင် လူမျိုးရေးခွဲခြား လိုက်လံ ဖမ်းဆီးမှုများရှိနေသည့်အပြင် ရန်ကုန်မှ လေကြောင်းဖြင့် ပြန်လာသည့် ရက္ခိုင်လူငယ်များကို ဖမ်းဆီးချုပ်နှောင်ထားမှုများကိုပါ ပြုလုပ်လာသည်။

စစ်ကောင်စီသည် ရက္ခိုင်တွင် အလုံးစုံ စစ်ရှုံးနေပြီး ပြည်သူများ နေထိုင်သည့် မြို့၊ ရွာများကို ရည်ရွယ်ချက်ရှိရှိ စစ်ရဟတ်ယာဥ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိပြီး ပေါက်တောမြို့၊ ရမ်းဗြဲမြို့နှင့် မင်းပြားမြို့များမှာ မီးလောင် ပျက်စီးခဲ့ပြီးဖြစ်သည်။

Website
www.arakanbaynews.com

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ