Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အပူချိန်ပြင်း၍ မြောက်ဦးတွင် သက်ကြီးပိုင်း အမျိုးသားတစ်ဦးလဲကျ သေဆုံး

ABN-ရှိုင်းမိုး

မြောက်ဦးမြို့ထဲတွင် ယနေ့မနက် ၁၁ နာရီခန့်က ရာသီဥတု အပူချိန်ပြင်းထန်သောကြောင့် သက်ကြီးပိုင်း အမျိုးသားတစ်ဦး လဲကျ၍ နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

၎င်းမှာ မြောက်ဦးမြို့နယ် ပရီကုန်းမှ ဦးစိုးထွန်း အသက် ၆၂ နှစ် ဖြစ်သည်ဟုသိရသည်။

သူသည် မြောက်ဦးမြို့ဈေးထဲ၌ လမ်းလျှောက် ဈေးဝယ်နေစဥ် လဲကျ၍ နေရာ၌သေဆုံးသွားသည်ဟုမျက်မြင်သက်သေ ၁ ဦးက ABN သို့ပြောသည်။

” သူစျေးထဲသို့ဝင်လာတာကိုမြင်လိုက်ပါတယ်၊ ခဏကြာမှ သူလဲကျသွားတယ်၊ လဲကျတာနဲ့ဆုံးသွားပါတယ်၊ ကြည့်ရတာ အပူချိန်ပြင်းလို့ထင်ပါတယ်၊ ရာသီဥတုက တအားပူတယ်” ပြောသည်။

သေဆုံးသွားသူမှာ ရောဂါအခံလည်း မရှိကြောင်း သိရသည်။

ရခိုင်တွင် ရာသီဥတု အပူချိန်မြင့်တက်နေပြီး ခန္ဓာကိုယ် အရေပြားပေါ်တွင် အပူကြောင့် ဖြစ်တတ်သည့် အရေပြားရေရောဂါများလည်း ဖြစ်ပွားလျက်ရှိနေကြသည်ကိုတွေ့ရသည်။

ထို့အပြင် အပူချိန်မြင့်မားမှုကြောင့် ရေတွင်း ရေကန်များလည်း ခမ်းခြောက်လာကာ ရေအခက်အခဲဖြင့် ရင်ဆိုင်နေကြရသည်။

အပူချိန်ပြင်း၍ မြောက်ဦးတွင် သက်ကြီးပိုင်း အမျိုးသားတစ်ဦးလဲကျ သေဆုံး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ