Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အပတ်စဥ် သတင်းစုစည်းတင်ပြခြင်း

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် ကုန်သာရွာမှ လူနေအိမ် ၅၀ ကျော်ပျက်စီးဆုံးရှုံးသွားခဲ့ရပြီး ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများ နေရပ်ပြန်အခက်ခဲများရှိနေသည်။

အိုင်ဒါဟိုပြည်နယ်တွင် တက္ကသိုလ်ခြံ၀န်းအနီး ငှါးရမ်းထားသည့် နေအိမ်၌ အိုင်ဒါဟို တက္ကသိုလ်မှ ကျောင်းသား ၁ဦးနှင့် ကျောင်းသူ ၃ ဦး တို့ ဓါးထိုးခံ၍ သေဆုံးမှုကြောင့် ပြစ်မှုဗေဒဆိုင်ရာ PhD ကျောင်းသား အသက် ၂၈ နှစ်အရွယ် ဘရိုင်ယန် ခရစ်စတိုဖာ ခေါ့ဘာဂါ ကို ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။

ဒီဇင်ဘာ ၃၁ ရက်နေ့တွင် မြန်မာပြည်တဝန်း ထိုးစစ်ဆင် ပစ်ခတ်တိုက်ခိုက်မှုများ နေ့စဥ်ပြုလုပ်နေသည့် စစ်ကောင်စီတပ်သည် ၂၂ ကြိမ်မြောက် တနိုင်ငံလုံးအတိုင်းအတာ အပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့သည်။

ဒီဇင်ဘာလအတွင်း ဗမာပြည်တွင် စစ်ကောင်စီတပ်၏ ရက်ရက်စက်စက် သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည့် အရပ်သားပြည်သူ ၁၀ ကျော်ရှိပြီး ထိုအထဲတွင် အသက် ၇ နှစ်အရွယ် ကလေးငယ်၂ ဦးပါ၀င်ခဲ့သည်။

ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ ပြီးခဲ့သည့် နို၀င်ဘာ ၂၆ ရက် ယာယီအပစ်ခတ်ရပ်စဲပြီးနောက် စစ်ကောင်စီတပ်သားများသည် ရခိုင်ပြည် မြောက်ပိုင်းရှိ ကျောက်တော် ၊မြောက်ဦး နှင့် မင်းပြားဖက်သို့ စားနပ်ရိက္ခာများဖြည့်တင်းခဲ့ပြီး ယခုရက်ပိုင်းအတွင်းတွင် ရခိုင်ပြည်တောင်ပိုင်းရှိ တောင်ကုတ်၊ သံတွဲ၊ ရမ်းဗြဲနှင့် ကျောက်ဖြူမြို့ များဖက်သို့လည်း ရိက္ခာများနှင့် တိုက်ခိုက်ရေးအင်အားများ ဖြည့်တင်းလာနေသည်။

ရခိုင်ပြည် ဘူးသီးတောင်မြို့နယ် ကွန်တိုင်အုပ်စု ဝါချိလ့်မြောက် (မူဆလင်) ရွာမှ အသက် ၁၈ နှစ်အရွယ် ဇိုက်တူဆောန်သည် ဒီဇင်ဘာ ၃၁ ရက် ညနေပိုင်းတွင် တဲမှရွာအပြန်လမ်း၌ တောရိုင်းဆင် နင်း၍ ပွဲချင်းပြီးသေဆုံးခဲ့သည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ နေ့လည် ၁၀ နာရီ ၃၀ ခန့်တွင့် ရခိုင်ပြည် ကျောက်ဖြူမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ကျောက်ဖြူအထွေထွေအုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွဋ်က လာမည့် ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် လွတ်လပ်ရေး အထိမ်းအမှတ် အဖြစ် ရခိုင်ရှိလက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် စစ်ဆေးမှုတစုံတရာမလိုဘဲ ကျောက်ဖြူမြို့တွင် လွတ်လပ်စွာသွားလာနိုင်ကြောင်း ပြောဆိုလိုက်သည်။

@ ဒီဇင်ဘာ ၃၁

ရခိုင်ပြည် မြောက်ဦးမြို့နယ် ၊ ပေါင်းတုတ် မူဆလင် ကျေးရွာတွင် ဒီဇင်ဘာလ ၃၀ ရက်နေ့ ည ၈ ခွဲအချိန်က မီးလောင်မှုဖြစ်ပွားခဲ့သည်။ အဆိုပါ မီးလောင်မှုတွင် နေအိမ် ၅ ဆောင်မီးလောင်ကျွမ်းသွားကြောင်းသိရပြီး ၎င်းမီးလောင်မှုမှာ ပေါင်းတုတ်ရွာမှ ဦးရှော်အီးနာအိမ်၏ ထမင်းချက်မီးဖိုတွင် ကျန်ရှိခဲ့သော မီးစမှ စတင်လောင်ကျွမ်းခြင်းဖြစ်သည်။

ရခိုင်ပြည် ကျောက်ဖြူမြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက်နေ့က စစ်ကောင်စီက လမ်းလုပ်မည့်အစီစဥ်ရှိသဖြင့် ကျောက်ဖြူမြို့ ဂျပန်မဆိပ်ကမ်းတွင် ရှိသည့် ထမင်းဆိုင် ၁၀ ဆိုင်ကို လမ်းနယ်နှင့် မလွတ်ဟု ဆိုကာ စစ်ကောင်စီက ခြိမ်းခြောက် ဖျက်သိမ်းခိုင်း၍ ဖျက်သိမ်းလိုက်ရကြောင်းသိရသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ ၂၃၈ နှစ်မြောက် ရက္ခိုင့်အချုပ်အချာအာဏာ ကျရှုံးခြင်း အောက်မေ့၀မ်းနည်းဖွယ် အခမ်းအနားကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပခဲ့ပြီး အဆိုပါ အခမ်းအနားသို့ ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ ၊ ကျောင်းသူ/ကျောင်းသားများနှင့် ပညာတော် သင်ယူနေကြသည့် ရခိုင့်ရဟန်းသံဃာတော်များ ထောင်ချီ တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်၀င် စာမေးပွဲကို မတ်လ ၈ ရက်နေ့မှစကာ မတ်လ ၁၈ ရက်နေ့အထိ ဖြေဆိုရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ၏ ထုတ်ပြန်ချက်အရသိရသည်။ ထို့အပြင် ရခိုင်ပြည်တွင် တက္ကသိုလ်၀င် စာမေးပွဲကို ကျောင်းတွင်း ဖြေဆိုမည့် ကျောင်းသား/သူ ၄၀၈ ဦးနှင့် ကျောင်းပြင်ပ ဖြေဆိုမည့် ကျောင်းသူ/သား ၁၈၇၅၇ ဦး စုစုပေါင်း ၁၉၁၆၅ ဦးဖြေဆိုမည်ဖြစ်ကြောင်း ရခိုင်ပြည် ပညာရေးမှုရုံးက ထုတ်ပြန်ချအရသိရသည်။

@ ဒီဇင်ဘာ ၃၀

၂၀၂၃ တွင် စစ်ကောင်စီက ကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲကို ပြင်ဆင်ချိန်အတွင်း ရခိုင်ပြည်တွင် အပြစ်မဲ့ ရခိုင်ပြည်သူများကို မတရားဖမ်းဆီးခြင်း ၊ နှစ်ဖက်တိုက်ပွဲများပြင်းထန်ခြင်းများရှိနေခဲ့လျှင် ရခိုင်ပြည်၌ ရွေးကောက်ပွဲပြုလုပ်ရန် လုံး၀ဖြစ်နိုင်ခြေ မရှိကြောင်း AA မှပြောခွင့်ရ ဦးခိုင်သုခက ပြီးခဲ့သည့် နို၀င်ဘာလ ၂၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တချိန်တခါက ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား အဖြစ်သတ်မှတ်ခံခဲ့ရပြီး ၁၉၅၈၊၁၉၆၂နှင့် ၁၉၇၀ ခုနှစ်များတွင် ကမ္ဘာ့ဖလားများကို သုံးကြိမ်တိုင် ဆွတ်ခူးရရှိခဲ့သူ ဘရာဇီးနိုင်ငံမှ အသက် ၈၂ နှစ်အရွယ် ဘောလုံးသမားဟောင်း ပီလီသည် ဒီဇင်ဘာလ ၂၉ ရက် ကြာသပတေးနေ့က ကင်ဆာရောဂါ၊ ကျောက်ကပ်ရောဂါ နှင့် နှလုံးရောဂါဖြင့်သေဆုံးသွားခဲ့သည်။

ရခိုင်ပြည် ရသေ့တောင်မြို့နယ် အရှေ့မြောက်ရပ်ကွက် စစ်ဘေးရှောင်များ နေထိုင်လျက်ရှိသည့် ပညာပါရမီ ဘုန်းတော်ကြီးကျောင်းနှင့် ၎င်းတွင်းတွင်ရှိ စစ်ဘေးရှောင်စခန်းတွင် အိမ်ပေါင်း ၇၄ ဆောင်မှ ၃၆ ဆောင်မှာ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် မီးလောင်မှု ပြာကျခဲ့ရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ ရက်နေ့က ရာဇသတ်ကြီးပုဒ်မ ၁၃၁ ဖြင့် စစ်ကောင်စီက ထပ်တိုး တရားစွဲဆိုခံထားရသော ရခိုင်ပြည် ကျောက်တော်မြို့နယ် ကာဒီ( သဇင်) ကျေးရွာမှ ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်း မှာ စစ်တွေအကျဉ်းထောင်တွင် အကျဉ်းချခံထားရပြီး လက်ရှိအချိန်တွင် မိသားစုနှင့် တွေ့ခွင့်မပေးကြောင်း ၎င်း၏ဇနီးက ပြောသည်။

ပြီးခဲ့သည့် နို၀င်ဘာလ ၁ ရက်နေ့က မောင်တောမြို့နယ် ကြိမ်ချောင်း စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရပြီး ၂ လကြာထိ မိသားစုနှင့် အဆက်သွယ်မရဖြစ်ခဲ့သည့် မအေးမြစန္ဒာနှင့် ကယ်ရီသမား မောင်မောင်ကျော်တို့မှာ ယနေ့ ၂၀၂၃ ဇန်နဝါရီလ ၁ ရက်နေ့တွင် ပြန်လွတ်လာခဲ့သည်။

@ ဒီဇင်ဘာ ၂၉

ရခိုင်ပြည် ကမ်းထောင်းကြီးမြို့ရှိ စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၂၃၇စုနှင့် လူဦးရေ ၈၀၀ခန့် ရှိပြီး ထိုအထဲမှ အိမ်ထောင်စု ၆၅ စုမှ လူဦးရေ ၁၇၉ ဦးသည် တာပေါ်လင်စ အမိုးအကာများဖြင့် နေရသဖြင့် အဆိုပါနေရာမှ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများသည် နှာစေး၊ ချောင်းဆိုးဝေဒနာများခံစားရပြီး ဆေးဝါးများလည်း လုံး၀ပြတ်တောက်နေသည်မှာ ၅ လခန့် ကြာပြီဖြစ်ကြောင်း စခန်းတာ၀န်ခံကပြောသည်။

ရခိုင်-အိန္ဒိယနယ်စပ်ဒေသရှိ မီဇိုရန်ပြည်နယ်တွင်ရှိသော ရခိုင်ခေါ် ရွာသိုက်-အိန္ဒိယခေါ် Hmawngbuch (ရခိုင်ရွာနှင့်) တက်ပုချေ-Zorinpui(မြုံရွာ)များတွင် စစ်ဘေးရှောင်နေသည့် စစ်ရှောင် ၆၀၀ခန့်အထဲမှ အချို့ကို လုံလိုင်တွင် အခြေစိုက်ထားသော အာသံရိုင်ဖယ် အိန္ဒိယနယ်ခြားစောင့်တပ်လက်အောက်ခံ ဇိုရန်ပွီ စခန်းတာ၀န်ခံဗိုလ်မှူး-Rahul ဦးစီးသည့် အဖွဲ့များက ဖမ်းဆီးစစ်ဆေးခြင်း။ ရိုက်နှက်ခြင်းများ ပြုလုပ်လျက်ရှိသည်။

မြေပုံမြို့နယ်တွင် ပြီးခဲ့သည့် နို၀င်ဘာလ ၂၈ ရက်နေ့ ညနေပိုင်းက င/ပသုန်ရွာ ပိုက်ဆိပ်မှ မင်္ဂလာဆောင်မှအလာ လမ်းခုလတ်၌ အဓမ္မပြုကျင့် အသတ်ခံလိုက်ရသည့် အသက် ၅၀ အရွယ် ဒေါ်မမြချေ အမှုနှင့်ပတ်သတ်၍ သံသယရှိသူများအား ရခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့အပြင် စစ်ကောင်စီတပ်မှလည်း စုံစမ်းစစ်ဆေးနေကြောင်းသိရသည်။

ထိုင်းနိုင်ငံ နှင့် ကမ္ဘောဒီးယားနိုင်ငံ အကြားတွင်ရှိသည့် နယ်စပ်မြို့ ပွိုင်ပတ်တွင် ကာစီနိုဖွင့်ထားသည့်ဟိုတယ် မီးလောင်ခဲ့သည့်အတွက်ကြောင့် သေဆုံးသူ ၁၉ ဦးရှိပြီး နောက်ထပ်လည်းသေဆုံးသူများရှိနိုင်ကြောင်း ကမ္ဘောဒီးယား ဘန်တေမီးရှင်း ဒေသမှ သတင်းပြန်ကြားရေး ဒါရိုက်တာ ဆက်ဆိုခွမ်က ပြောသည်။

လူဦးရေး သန်း၂၀ကျော် နေထိုင်သည့် ဘင်္ဂလားဒေရှ့် ဒါကာမြို့တွင် ဒီဇင်ဘာလ ၂၈ ရက်နေ့က အချိန်ကြာမြင့်စွာစောင့်ဆိုင်းနေသည့် မြေအောက်ရထား စနစ်၏ ပထမအပိုင်းကို ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ဘင်္ဂလားဒေရှ့် ၀နကြှီးခွုပြ ရှစ်ခ်ဟာစီနာကပြောကြားပြီး ရထားတစ်စီးတွင် ရထားတွဲတိုင်းကို အမျိုးသမီးများအတွက် သီးသန့်၀န်ဆောင်မှုပေးမည်ဟု ပြောခဲ့သည်။ ထို့အပြင် ပထမဆုံးရထားကို မောင်းနှင်းမည့်သူမှာ အမျိုးသမီး မာရီယမ်အဖီဇာ ဖြစ်ကြောင်းသိရသည်။

@ ဒီဇင်ဘာ ၂၈

ဒီဇင်ဘာ ၂၆ရက်နေ့ ညနေပိုင်း၌ ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြိုနယ်၊ မုန့်မြို ၊ ကော့ပြင်းကျေးရွာသို့ စစ်ကောင်စီတပ်မှ တိုက်ပွဲတစုံတရာဖြစ်ပွားမှုမရှိဘဲ လက်နက်ကြီးပစ်ခတ်ရာတွင် ကော့ပြင်းကျေးရွာမှ အသက် ၇ နှစ်အရွယ် မသွန်းဝတီကျော်၏ နေအိမ်သို့ကျရောက်၍ မသွန်းဝတီကျော်မှာ ပွဲချင်းပြီးသေဆုံးသွားခဲ့ရသည်။

ရခိုင်တွင် ယခင်ပညာသင်နှစ်များထက် ယခုနှစ် ၂၀၂၂ -၂၀၂၃ တွင် အဝေးသင်ကျောင်းအပ် စရိတ်များ နှစ်ဆက်ကျော်မြင့်တက်လာသည့် အတွက် အဝေးသင်တက်ရောက်မည့် ကျောင်းသား ၊ ကျောင်းသူများအခက်အခဲကြုံနေကြသည်။

ဒီဇင်ဘာလ၂၈ ရက်နေ့ ည အချိန်တွင် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်က ရဟတ်ယာဥ်ဖြင့် MNDAA ၏ အထူးဒေသ (၁) ခံတပ်ကို သွားရောက်ဗုံးကြဲခဲ့သဖြင့် MNDAA ရဲဘော်တစ်ဦး ကျဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း MNDAA က ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည် ကျောက်ဖြူမြို့နယ်တွင် ULA/AA နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်း၀ရန်းထုတ်ထားခံထားရသည့် အရပ်သား ၇၁ ဦးမှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဒီဇင်ဘာလ ၂၆ ရက်နေ့က ကျောက်ဖြူထွေအုပ်ရုံးတွင် ကျောက်ဖြူမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ခေါ်ကာအစည်းအဝး ပြုလုပ်ခဲ့ပြီး မတရားအသင်းဆက်သွယ်မှု ၁၇ (၁)နှင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲခံထားရသည့် သူများပြန်ရောက်လာလျှင် သက်ဆိုင်ရာ ရဲစခန်း (သို့) ဌာနသို့ တိုင်ကြားရမည်ဖြစ်ကြောင်းနှင့် ကျောက်ဖြူအခြေစိုက် ခမရ ၄၃ တပ်ရင်းမှ ၎င်းမြို့ရှိ ရပ်ကွက်နှင့် လူနေအိမ်များကို ဧည့်စရင်းစစ်ရမည်ဖြစ်ကြောင်းလည်းပြောသွားခဲ့သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အနောက်ဘက်၌ ကန်ချနဘူရီ Kanchanburi တွင် ဒီဇင်ဘာ ၂၇ ရက်နေ့က အိုင်ယာလန်နိုင်ငံသား ခရီးသည် အသက် ၄၅ နှစ်အရွယ် မစ္စတာ ပက်ထရစ်ဒ်သည် ရထားပေါ်မှ ရှုခင်းများကို ငုံ့ကြည့်ရာတွင် ပြုတ်ကျပြီးသေဆုံးခဲ့သည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂကော်မတီ၀င် ကျောင်းသား ၄ ဦးဖြစ်သည့် ကိုကောင်းခန့်နိုင် (ကုန်ထုတ်ဓါတုဗေဒနောက်ဆုံးနှစ်)၊ ကိုသီဟအောင် (ဥပဒေအဝေးသင် ၊ ဒုတိယနှစ်)၊ ကိုဟိန်းထက်ဇော် (မြန်မာစာ၊အဝေးသင်ဒုတိယနှစ်)နှင့် ကိုဖြိုးကောင်းထိုက်တို့ကို စစ်ကောင်စီတရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ၅၀-က (ဈ)၊ ၅၁-ဂ၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးပုဒ်မ ၆-၁၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၇-၃၄၊၃၃၂-၃၃ တို့ဖြင့် ထောင်ဒဏ် စုစုပေါင်း ၂၆ နှစ်စီချမှတ်လိုက်ကြောင်းသိရသည်။

ထို့အပြင် နောက်ထပ်ကျောင်းသား ၂ ဦးဖြစ်သည့် ကိုအေးမင်းထိုက် ကို ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး ဥပဒေပုဒ်မ ၆-၁၊ရာဇသတ်ကြီးပုဒ်မ ၃၀၇-၄၃၊ ၃၃၂-၃၃တို့ဖြင့် ထောင်ဒဏ် ၅နှစ်နှင့်အမှုတွဲဖြစ်သည့် ကိုကျော်ကျော်နိုင် ကိုထောင်ဒဏ် ၄ နှစ်အသီးသီးချမှတ်ခဲ့သည်။

@ ဒီဇင်ဘာ ၂၇

တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် နဘုလယ်ဒေသက ထားဝယ်ရေနက်ဆိပ်ကမ်းရဲစခန်းတစ်ခုအား ဒီဇင်ဘာလ ၂၄ရက် နံနက် ၇နာရီကြောျအခြိနျခန့ျက ဒေသကာကွယ်ရေးတပ်ဖွဲ PDF များက စီးနင်းတိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီဖက်မှ ရဲတပ်သား ၂ဦးကျဆုံးကာ အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု Dawei Guerrilla Revolutionary Force-DGRF အဖွဲ့က ထုတ်ပြန်ထားခဲ့သည်။

ဒီဇင်ဘာလ ၂၇ရက်နေ့ နံနက် ၉နာရီခန့်က ကျောက်တော်မြို့နယ် ကန်စောက်အခြေစိုက် ၅၃၉တပ်ရင်းမှ ပုဏ္ဏားကျွန်း-စစ်တွေဖက်သို့ စစ်ကောင်စီ စစ်ကား ၃စီးဖြင့် စစ်သား လက်နက်အပြည့်ဖြင့်သွားကာ ရိက္ခာဖြည့်ပြီး ဒီဇင်ဘာလ ၂၆ နှင့်၂၇ တို့တွင်လည်း စစ်ကောင်စီဖက်မှ ကား၊ နေဗီတို့ဖြင့် ရခိုင်ပြည်နယ် မြို့နယ်များဖြစ်သည့် မင်းပြား၊ ကျောက်တော်၊ မောင်တော၊ ဘူးသီးတောင် စသည့်မြို့များကို ရိက္ခာများပို့ဆောင်လျက် ရှိခဲ့သည်။

@ ဒီဇင်ဘာ ၂၆

စစ်ကိုင်းတိုင်း ဒေသကြီး၊ ဒီပဲယင်းမြို့နယ် ကြည်ရွာနှင့် ဘုရားထွက်ရွာ ၂ရွာ တို့ကို စစ်ကောင်စီတပ်မှ ဒီဇင်ဘာလ ၂၆ ရက်နေ့ ညနေ၅နာရီအချိန်တွင် မီးရှို့ခဲ့သည်။ ထိုကျေးရွာများမှ လူနေအိမ် ၁၀၀၀ နီးပါးခန့် မီးလောင်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်မှ အမျိုးသမီး ၂၀ ကျော်တို့ကိုလည်း ဖမ်းဆီးထားကြောင်းသိရပြီး ကျေးရွာရှိလူများလည်းအသက်လုထွက်ပြေးခဲ့ရသဖြင့် အကူအညီအထောက်အပံ့များလိုအပ်နေသည်။

ရုရှားက ယူကရိန်းအပါအဝင် နှစ်နိုင်ငံစစ်ပွဲတွင် ပါဝင်ပတ်သတ်နေသည့် အဖွဲဝင်နိုင်ငံအားလုံးနှင့် ညှိနှိင်းရန် အဆက်သင့်ရှိနေပြီဟု ပြောထားသော်လည်း Kyivနှင့် အနောက်နိုင်ငံများက ညှိနှုင်းမှုကို ငြင်းဆန်လျက်ရှိနေသေးကြောင်း သမ္မတ ဗလာဒီမာ ပူတင်က စနေနေ့က တိုက်ရိုက်အင်တာဗျူး တစ်ခုတွင် ပြောကြားလိုက်သည်။

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်သည် နှင်းမုန်တိုင်းဒဏ်အဆိုးဆုံးခံရသည့် ဒေသဖြစ်သည့်အတွက် ပြည်နယ်အုပ်ချုပ်ရေးမှူး Kathy Hochulက သတိပေးချက် ထုတ်ပြန်ခဲ့သည်။ ထိုအပြင် ဒီဇင်ဘာ ၂၅ရက်နေ့ ခရစ္စမတ်နေ့က အားပြင်သည့် နှင်းမုန်တိုင်းတိုက်ခတ်ခဲ့မူကြောင့် သေဆုံးသူ ၃၀ကျော်ရှိခဲ့ပြီး ၎င်းဒဏ်ကို ကနေဒါနိုင်ငံနယ်စပ် Great Lakes ထိကြုံတွေရပြီး အမေရိကန် ပြည်ထောင်စု၏ လူဦးရေ ၆၀ရာခိုင်နှုန်းမှာလည်း နှင်းမုန်တိုင်းအန္တရာယ် သတိပေးချက်အမျိုးမျိုးနှင့် ရင်ဆိုင်နေကြသည်။

အပတ်စဥ် သတင်းစုစည်းတင်ပြခြင်း

ထင်မြင်ယူဆချက်‌‌ပေးရန်