Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အပတ်စဥ် ရခိုင်သတင်းအနှစ်ချုပ်စုစည်းမှု (Weekly News)

အပတ်စဥ် ရခိုင်သတင်းအနှစ်ချုပ်စုစည်းမှု (Weekly News)

ဇွန် ၁၉ မှ ၂၅ ရက်နေ့ထိ

Arakan Bay News

ဇွန်လ ၂၅ရက်နေ့သတင်း

မင်းပြားနယ်တွင် မိုခါကြောင့် အိမ်လုံးဝ ပျက်စီးသွားသည့် ကြမ်းတိုက်ရွာမှ ၇ အိမ်စာအတွက် စစ်ကောင်စီမှ ဆန် ၁ အိတ်သာ ထောက်ပံ့ပေးခဲ့ပြီး ကျန်ရွာသားတွေကို ဘာတစ်ခုမျှ မပေးခဲ့ဘူးလို့သိရပါတယ်။

ဇွန်လ ၂၅ရက်နေ့ နေ့လယ် ၁၂နာရီခွဲကျော်အချိန်က မင်းပြားမြို့နယ် တောင်ပုက္ကေရွာမနီးမှာ ကားတိုက်မှုဖြစ်ပွားခဲ့ပြီး အသက် ၃၂နှစ်အရွယ် လယ်သမား ၁ ဦးသေဆုံးခဲ့ပါတယ်။ သေဆုံးသူရဲ့နာမည်က ကိုသိန်းလွင် ဖြစ်ပါတယ်။

ဇွန်လ ၂၄ရက်နေ့သတင်း

ရခိုင်တွင် မုန်တိုင်းဒဏ်ကြောင့် ဒညှင်း၊ သရက်နှင့် ပိန္နဲသီးတွေ အပါအဝင် ဥယာဥ်ခြံမြေထွက် သီးနှံတွေ ရှားပါသွားခဲ့ရပါတယ်။ ဒါ့ကြောင့် လက်ရှိမှာ အဲဒီအသီးတွေ စျေးကောင်းရနေ တယ်လို့သိရပါတယ်။

ဇွန်လ ၂၃ရက်နေ့သတင်း

မြေပုံမြို့နယ် ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်းတွင် မိုခါကြောင့် ပျက်စီးသွားတဲ့ စာသင်ကျောင်းအပါအဝင် အဆောင်တွေကို ပြန်လည် မဆောက်နိုင်သေးတဲ့အပြင် စစ်ဘေးရှောင်များလည်း အငတ်ဘေးနှင့်ပါရင်ဆိုင်နေရတယ်လို့သိရပါတယ်။

ဝေးလံခေါင်ဖျားသောဒေသဖြစ်တဲ့ ရသေ့တောင်မြို့နယ် ပိတောက်မြိုင်ကျေးရွာမှာပျက်စီးသွားခဲ့တဲ့အိမ်တွေနဲ့ တောင်ယာလုပ်ငန်းတွေပြန်လည်လုပ်ဆောင်ဖို့ ကူညီကယ်ဆယ်ရေးတွေလိုအပ်နေတယ်လို့ ဇွန်လ ၂၃ရက်နေ့က ရွာသားတွေကပြောပါတယ်။

ဇွန်လ ၂၃ရက်နေ့က ပေါက်တောမြို့နယ်မှ ကယ်ဆယ်ရေးမရရှိသေးတဲ့ မုန်တိုင်းသင့် ကျေးရွာ ၂၄ ရွာကို ရခိုင်အမျိုးသားကွန်ရက်က ကျပ်သိန်း ၄၀၀ ခန့်ရှိသော ကူညီကယ်ဆယ်ရေးပစ္စည်း တွေ ကို ဇွန်လ ၁၈ရက်နေ့မှ ထောက်ပံံ့ကူညီပေးခဲ့ပါတယ်။

ဇွန်လ ၂၃ရက်နေ့က ULA၏ အရေးပေါ်ကူညီထောက်ပံ့ရေးနှင့် ပြန်လည်နေရာချထားရေး စင်တာများမှ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမိုးအကာနှင့်ဆန် ကူညီထောက်ပံ့ နေတာတွေ့ရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် ဖျက်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် အကူအညီလိုအပ်နေတဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှ ပြည်သူများကို တာပေါ်လင်နှင့် ဆန်ရိက္ခာများ ULA/AA. ကူညီထောက်ပံ့ခဲ့ပါတယ်။

ရခိုင်ပြည် ကျောက်တော်မြို့နယ် သဲပုန်ရွာမှ မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေတဲ့ ဒေါ်မဲကျော့ဟာ ဇွန်လ ၁၉ရက်နေ့က မလေးရှားနိုင်ငံ ကာချမမြို့ဆေးရုံးတွင်သေဆုံးခဲ့ပါတယ်။

ဇွန်လ ၂၂ရက်နေ့သတင်း

ကျောက်ဖြူနယ်တွင် လာမည် ဇွန်လ ၂၄ ရက်နေ့က စကစ ဓညဝတီရေတပ်စခန်းမှ လက်နက်ကြီး လက်နက်ငယ်များ စမ်းသပ်ပစ်ခတ်သွားမည်ဟု ထုတ်ပြန်ထားပါတယ်။

ကျောက်တော်မြို့နယ် ဝါးတောင် စစ်ဘေးရှောင် ကယ်ဆယ်ရေးစခန်းတွင် အမိုးအကာ အကူအညီ အရေးပေါ်လိုအပ်နေတယ်လို့သိရပါတယ်။

ဇွန် ၂၁ရက်နေ့သတင်း

ရခိုင်ပြည် မြောက်ဦးမြို့နယ် ပီပင်ရင်းရွာအနီးနှင့် အဝေးပြေးကားလမ်းမကြီးဘေးတွင် စိုက်ပျိုးထားသော အပင်များကို ပီပင်ရင်းရွာကယ်ဆယ်ရေးတွင်နေထိုင်သူ အသက် ၁၆နှစ်အရွယ်ရှိတဲ့ မောင်အောင်မျိုးသန်း ဇွန်လ ၁၈ရက်နေ့ ညန ၆နာရီကျော်အချိန်က ဓားဖြင့်ခုတ်ဖြတ်ပြီး ဖျက်ဆီးသွားတယ်လို့သိရပါတယ်။

ဇွန် ၂၀ရက်နေ့သတင်း

မိုခါမုန်တိုင်းကြောင့် ရသေ့တောင်မြို့နယ် မယူကမ်းဒေသ အရှေ့ဖက်ခြမ်း ဇောပြင်ချောင်းတစ်လျောက်မှာရှိတဲ့ ကမ်းထောင်းထိန်းဓနိပင်တွေကို ပြန်လည်ပြုပြင်ဖို့အတွက် လူအင်အား၊ ငွေအင်အား လိုအပ်နေတယ်လို့ လိုရပါတယ်။

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သစ်ပင်များဆုံးရှုံး လဲကျခြင်း၊ ကျိုးကျခြင်းများဖြစ်ခဲ့သောကြောင့် ဇွန်လ ၁၇ရက်နေ့က မြောက်ဦးမြို့နယ်ဖက်တွင် ရက္ခိုင့်တပ်တော်မှ အရိပ်ရသစ်ပင်များစတင်စိုက်ပျိုးနေကြပါတယ်လို့ ကိုသိန်းလွင် သေဆုံးခဲ့ပါတယ်။

ဇွန်လ ၂၄ရက်နေ့သတင်း

ရခိုင်တွင် မုန်တိုင်းဒဏ်ကြောင့် ဒညှင်း၊ သရက်နှင့် ပိန္နဲသီးများအပါအဝင် ဥယာဥ်ခြံမြေထွက် သီးနှံများ ရှားပါသွား၍ လက်ရှိအဲဒီအသီးတွေ စျေးကောင်းရနေ တယ်လို့သိရပါတယ်။

ဇွန်လ ၂၃ရက်နေ့သတင်း

မြေပုံမြို့နယ် ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်းတွင် မိုခါကြောင့် ပျက်စီးသွားတဲ့ စာသင်ကျောင်းအပါအဝင် အဆောင်များ ပြန်လည် မဆောက်နိုင်​သေးတဲ့အပြင် စစ်ဘေးရှောင်များလည်း အငတ်ဘေးနှင့်ပါရင်ဆိုင်နေရတယ်လို့သိရပါတယ်။

ဝေးလံခေါင်ဖျားသောဒေသဖြစ်တဲ့ ရသေ့တောင်မြို့နယ် ပိတောက်မြိုင်ကျေးရွာမှာပျက်စီးသွားခဲ့တဲ့အိမ်တွေနဲ့ တောင်ယာလုပ်ငန်းတွေပြန်လည်လုပ်ဆောင်ဖို့ ကူညီကယ်ဆယ်ရေးတွေလိုအပ်နေတယ်လို့ ဇွန်လ ၂၃ရက်နေ့က ရွာသားတွေကပြောပါတယ်။

ဇွန်လ ၂၃ရက်နေ့က ပေါက်တောမြို့နယ်မှ ကယ်ဆယ်ရေးမရရှိသေးတဲ့ မုန်တိုင်းသင့် ကျေးရွာ ၂၄ ရွာကို ရခိုင်အမျိုးသားကွန်ရက်က ကျပ်သိန်း ၄၀၀ ခန့်ရှိသော ကူညီကယ်ဆယ်ရေးပစ္စည်းများကို ဇွန်လ ၁၈ရက်နေ့မှ ထောက်ပံံ့ကူညီပေးခဲ့ပါတယ်။

ဇွန်လ ၂၃ရက်နေ့က ULA၏ အရေးပေါ်ကူညီထောက်ပံ့ရေးနှင့် ပြန်လည်နေရာချထားရေး စင်တာများမှ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမိုးအကာနှင့်ဆန် ကူညီထောက်ပံ့ နေတာတွေ့ရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် ဖျက်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် အကူအညီလိုအပ်နေတဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှ ပြည်သူများကို တာပေါ်လင်နှင့် ဆန်ရိက္ခာများ ကူညီထောက်ပံ့ခဲ့ပါတယ်။

ရခိုင်ပြည် ကျောက်တော်မြို့နယ် သဲပုန်ရွာမှ မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေတဲ့ ဒေါ်မဲကျော့ဟာ ဇွန်လ ၁၉ရက်နေ့က မလေးရှားနိုင်ငံ ကာချမမြို့ဆေးရုံးတွင်သေဆုံးခဲ့ပါတယ်။

ဇွန်လ ၂၂ရက်နေ့သတင်း

ကျောက်ဖြူနယ်တွင် ဇွန်လ ၂၄ ရက်နေ့က စကစ ဓညဝတီရေတပ်စခန်းမှ လက်နက်ကြီး လက်နက်ငယ်များ စမ်းသပ်ပစ်ခတ်သွားမည်ဟု ထုတ်ပြန်ထားပါတယ်။

ကျောက်တော်မြို့နယ် ဝါးတောင် စစ်ဘေးရှောင် ကယ်ဆယ်ရေးစခန်းတွင် အမိုးအကာ အကူအညီ အရေးပေါ်လိုအပ်နေတယ်လိုသိရပါတယ်။

ဇွန် ၂၁ရက်နေ့သတင်း

ရခိုင်ပြည် မြောက်ဦးမြို့နယ် ပီပင်ရင်းရွာအနီးနှင့် အဝေးပြေးကားလမ်းမကြီးဘေးတွင် စိုက်ပျိုးထားသော အပင်များကို ပီပင်ရင်းရွာကယ်ဆယ်ရေးတွင်နေထိုင်သူ အသက် ၁၆နှစ်အရွယ်ရှိတဲ့ မောင်အောင်မျိုးသန်း ဇွန်လ ၁၈ရက်နေ့ ညန ၆နာရီကျော်အချိန်က ဓားဖြင့်ခုတ်ဖြတ်ပြီး ဖျက်ဆီးသွားတယ်လို့သိရပါတယ်။

ဇွန် ၂၀ရက်နေ့သတင်း

မိုခါမုန်တိုင်းကြောင့် ရသေ့တောင်မြို့နယ် မယူကမ်းဒေသ အရှေ့ဖက်ခြမ်း ဇောပြင်ချောင်းတစ်လျောက်မှာရှိတဲ့ ကမ်းထောင်းထိန်းဓနိပင်တွေကို ပြန်လည်ပြုပြင်ဖို့အတွက် လူအင်အား၊ ငွေအင်အား လိုအပ်နေတယ်လို့ လိုရပါတယ်။

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သစ်ပင်များဆုံးရှုံး လဲကျခြင်း၊ ကျိုးကျခြင်းများဖြစ်ခဲ့သောကြောင့် ဇွန်လ ၁၇ရက်နေ့က မြောက်ဦးမြို့နယ်ဖက်တွင် ရက္ခိုင့်တပ်တော်မှ အရိပ်ရသစ်ပင်များစတင်စိုက်ပျိုးနေကြပါတယ်။

ထင်မြင်ယူဆချက်‌‌ပေးရန်