Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အပတ်စဥ်သတင်းအနှစ်ချုပ်-Weekly News Collections

အပတ်စဥ်သတင်းအနှစ်ချုပ်-Weekly News Collections

ဧပြီ ၂၃ ရက်နေ့အတွက် သတင်းများစုစည်းမှု

ကျောက်ဖြူမြို့ ကျောက်တစ်လုံးမူဆလင် ဒုက္ခသည် စခန်းက ဒုက္ခသည်တွေကို ဧပြီလ ၂၃ ရက်ကနေ ၂၅ ရက်အထိ နောက်ဆုံးထားလို့ စခန်းဟောင်းမှ အသစ်ဆောက်လုပ်ထားတဲ့ စခန်းအသစ်ကို ရွှေ့ပြောင်းသွားမယ်လို့ ကျောက်တစ်လုံး အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ရခိုင်မှာ သင်္ကြန်ကာလအတွင်း ငပလီကမ်းခြေကို လာရောက်လည်ပတ်သူ များပြားခဲ့တဲ့အတွက် ပြည်တွင်း လေကြောင်းလို​င်းက လေယာဥ်အကြိမ်ရေ ၁၀၅ ကြိမ်အထိ ပျံသန်း ပြေးဆွဲခဲ့ရတယ်လို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက သိရပါတယ်။

စစ်အစိုးရဝန်ထမ်းများ လစာတိုးမယ်လို့ လူမှုကွန်ရက်စာမျက်နှာမှာ ပျံနှံနေတာဟာ ကောလာဟလသာဖြစ်တယ်လို့ ၂၂ ရက်နေ့ထုတ် မြန်မာအလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။

မင်းပြားမြို့နယ် အဝေးပြေးကားလမ်းမပေါ်မှာ စကစ အစိုးရရဲ့ဝန်ထမ်း Pajero အိမ်စီးကား နဲ့ ဝက်တင်လာတဲ့ ကုန်ကားတို့ မျက်နှာချင်းဆိုက်တိုက်မိခဲ့တဲ့အတွက် အိမ်စီးကားထဲ ပါလာတဲ့ အ

စိုးရဝန်ထမ်း ၁ ဦးကို ဆေးရုံတင်ထားခဲ့ရပါတယ်။

ဧပြီ ၂၂ ရက်နေ့က ပဲခူးတိုင်း ၊ မူးမြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့တပ်စခန်း ၄ ခုကို KNLA ပူးပေါင်းတပ်ဖွဲ့တွေ တပြိုင်တည်း၀င်တိုက်ခဲ့တဲ့အတွက် စခန်း ၂ခုကို သိမ်းပိုက်ရရှိတဲ့အပြင် စစ်ကောင်စီရဲ့ ဒုတပ်ရင်းမှူးအပါအ၀င် ၁၆ ဦးသေဆုံးခဲ့ပါတယ်။

ရခိုင်ပြည်ရှိ ဘူးသီးတောင်၊ မောင်တောနှင့် စစ်တွေတို့မှ ဒုက္ခသည် မူဆလင် ၇၀ ဦးကို စစ်ကောင်စီက ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းကျေးရွာအနီးက ဖမ်းဆီးခဲ့ပြီး နိုင်ငံသားမှတ်ပုံတင် အက်ဥပဒေ နဲ့အမူဖွင့် အရေးယူထားခဲ့တယ်။

ဧပြီ ၂၂ ရက်နေ့အတွက် သတင်းများစုစည်းမှု

ဧပြီလ ၂၁ ရက်နေ့ နေပြည်တော်က ကျေးရွာအုပ်စု(၅) စုမှာ လေဆင်နှာမောင်းတိုက်ခတ်ခဲ့တဲ့အတွက်ကြောင့် သေဆုံးသူ ၆ ဦး၊ ဒဏ်ရာရသူ ၁၀၉ ဦးနဲ့ နေအိမ် ၁၃၀ပျက်စီးသွားတယ်လို့ ဧရာဝတီတိုင်းမ်သတင်းဌာနမှ ဖော်ပြချက်အရ သိရတယ်။

နှစ်စဥ်နှစ်တိုင်း ကျင်းပလေ့ရှိတဲ့ ရခိုင်ပြည်မျိုးနွယ်စုဝင် မြိုလူမျိုးတွေရဲ့ ၇ ကြိမ်မြောက်မြိုအမျိုးသားနေ့အခမ်းအနားကို ဧပြီလ ၂၄ ကနေ ၂၅ ရက်နေ့အထိ ပုဏ္ဏားကျွန်းမြို့နယ် ကံသစ်ကျေးရွာမှာ ကျင်းပဖနု့ရှိနေပါတယ်။ အဲ့ဒီ ရိုးရာပွဲမှာ မြိုရိုးရာ၊ ဒိုင်းနက်ရိုးရာ၊ ခမီရိုးရာ ပါဝင်တဲ့အပြင် သက်ရိုးရာတွေကိုပါ ကပြဖျော်ဖြေသွားမယ်လို့ ပွဲကျင်းပရေးတာဝန်ရှိသူတွေဆီက သိရတယ်။

ပုဏ္ဏားကျွန်းမြို့နယ် ဒိုးတန်းကျွေးရွာမှာ မသန့်ရှင်းတဲ့ သောက်ရေကို သောက်နေရတဲ့အတွက် ကျေးရွာက နွားအချို့ သေဆုံးမှုရှိနေတယ်လို့ ရွာသားတစ်ဦးက ABNကို ပြောပါတယ်။

ALP က စစ်တွေ ရွာသာယာမှာရှိတဲ့ KTV ဆိုင် တစ်ဆိုင်က တလကို ငွေ ၂ သိန်းကျပ် ဆတ်ကြေးကောက်နေတယ်လို့ သိရပါတယ်။

ပီရူးသမ္မတဟောင်း တိုလီဒိုကို ဧပြီလ ၂၁ ရက်နေ့က ၂၀၀၁ ကနေ ၁၀၀၆အထိ ဘရာဇီး ဆောက်လုပ်ရေး ကုမ္ပဏီ အိုဒီဘရက်ချ်ဆီက ဒေါ်လာ ၁၅ သန်းကျော် ရယူခဲ့ပြီး အများပြည်သူဆိုင်ရာ ကန်ထရိုက်လုပ်ငန်းတွေအတွက် လာဘ်ပေးလာဘ်ယူ လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲချက်တွေနဲ့ အမေရိကန်အာဏာပိုင်တွေဆီမှာ ဖမ်းဆီးခံခဲ့ရပါတယ်။

မြောက်ဦးမြို့ထဲမှာ ပရီကုန်းရွာက အသက် ၆၂ နှစ်ရှိတဲ့ ဦးစိုးထွန်းဟာ မြောက်ဦးမြို့စျေးထဲတွင် အပူချိန်ပြင်းလို့ မှုးလဲကျက သေဆုံးသွားတယ်လို့ မျက်မြင်သက်သေ တစ်ဦးက ABN သို့ ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်( UEC) ဒုတိယညွှန်ကြားရေမှူးချုပ် ဦးစိုင်းကျော်သူကို နေ့လည် ၂ နာရီကျော်လောက်မှာ သင်္ဃန်းကျွန်းမြို့နယ် အောင်ရတနာဆေးခန်းအနီးရှိ စက်ဘီးနဲ့လာတဲ့လူ ၂ ဦး ရဲ့သေနတ် (၅)ချက် ပစ်သတ်ခဲခဲ့ရတဲ့အတွက်ကြောင့် သေဆုံးသွားခဲ့တယ်လို့ သိရတယ်။

ဧပြီ ၂၁ ရက်နေ့အတွက် သတင်းများစုစည်းမှု

ALP က ပေါက်တောမြို့နယ် ကံပြင်ရွာက ရွာလူကြီးဦးမောင်ငြိမ်းကို စစ်တွေမြို့ ဆတ်ရိုးကျ ကယ်ဆယ်ရေးအကွက် ၂ မှ အပြန်လက်ဖက်ရည်ဆိုင်က ဧပြီလ ၁၈ ရက်နေ့ မှာ သိန်း ၇၀၀ နဲ့ပြန်ပေးဆွဲခဲ့ပါတယ်၊၊ ၎င်းကို သိန်း ၃၅၀ နဲ့ ပြန်လည် ရွေးယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

The Voice Journal အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို ဧပြီလ ၁၁ ရက်နေ့က ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်ရှိ သူနေထိုင်တဲ့ အိမ်ကို စစ်ကောင်စီက သွားရောက်ဖမ်းဆီးခဲ့ကာ စမ်းချောင်းမြို့မရဲစခန်းမှာ ပုဒ်မ ၅၀၅ ( က) ဖြင့်တရားစွဲဆိုခဲ့ပါတယ်။

Bloomberg မှ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတစ်စောင်မှာ BRICS အဖွဲ့ဝင်နိုင်ငံများဟာ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုတွင် G7 အဖွဲ့ဝင်နိုင်ငံများထက် ၃၅ ရာခိုင်နှုန်း ပို၍သာလွန်သွားမယ်လို့ ဖော်ပြထားပါတယ်။

ဧပြီ ၂၀ နေ့အတွက် သတင်းများစုစည်းမှု

ကရင်ပြည်နယ် မြဝတီမြို့၊ မဲကနယ်ရွာမှာ အာဏာသိမ်း စကစတပ်တွေနဲ့ ကရင်လက်နက်ကိုင်ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားတဲ့ ဧပြီလ ၁၈နဲ့၁၉ရက်ရှိ ၂ရက်တာတိုက်ပွဲမှာ စကစ ဖက်က၂၄ ဦးသေဆုံးခဲ့ကာ လက်နက်တွေသိမ်းဆည်းရမိတယ်လို့ သိရပါတယ်။ ကရင်လက်နက်ကိုင် ပူးပေါင်းတပ်က ရဲဘော်၂ဦးသေဆုံးခဲ့ပြီး ၇ဦး ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

ရခိုင်ပြည် ၊ကျောက်တော်မြို့နယ် တရားရုံးက အပြီးသတ်အမိန်ချမှတ်ရန် ကျန်ရှိနေတဲ့ လူထုဇော်ဝင်းအပါအဝင် ဒေသခံ၃ဦးကို အပြီးသတ်အမိန့်မချပဲ ၄ကြိမ်မြောက်အဖြစ် အမှုကို ထပ်မံရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။ အပြီးသတ်အမှုက်ို မြို့နယ်တရားသူကြီးက ချမှတ်ပိုင်ခွင့်မရှိပဲ အထက်က လာတဲ့ စာအိတ်ကို ဖွင့်ဖတ်ပြရခြင်းသာ ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

AAနဲ့ ဆက်စပ်နေတယ်လို့ ဆိုကာ စစ်ကောင်စီက မတရားအသင်းဆက်သွယ်မှု ဥပေဒ ပုဒ်မ ၁၇ (၁)ဖြင့် တရားစွဲဆိုထားတဲ့ ပြည်သူ ၉ ဦးကို ကျောက်တော်မြို့နယ် တရားရုံးမှာ ဧပြီ ၁၉ ရက်နေ့ က ၁၆ ကြိမ်မြောက်ရုံးချိန်းအတွင်းမှာလည်း တရားလိုမရောက်တဲ့အတွက်ကြောင့် ရုံးချိန်းထပ်မံရွှေ့ဆိုင်းတယ်လို့ သိရပါတယ်။

ဧပြီ ၁၉ ရက်နေ့အတွက် သတင်းများစုစည်းမှု

အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရာရှထရာ ပြည်နယ်မှာ အစိုးရက ထူးချွန်တဲ့ နိုင်ငံသူနိုင်ငံသားတွေကို ချီးမြင့်တဲ့ ပြည်သူ့လူမှုထူးချွန်ဆု ပေးပွဲအခမ်းအနားကို လူပေါင်း ၁သောင်းကျော် တက်ရောက်ခဲ့ကာ အပူလျှပ်တဲ့အတွက် လူအနည်းဆုံး ၁၃ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။အပူချိန် ပြင်းထန်တဲ့အတွက်ကြောင့် လူအနည်းဆုံး ၅၀ နဲ့ ၆၀ဦးကို ဆေးရုံသို့ ပို့ဆောင်ပေးရခဲ့တယ်လို့ ရဲအရာရှိတစ်ဦးက ပြောတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံ ဘေးဂျင်းမှာရှ်ိတဲ့ Changfeng ဆေးရုံကို အင်္ဂါနေ့က မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက်ကြောင့် လူ ၂၁ဦးထက်မနည်းသေဆုံးခဲ့ကာ ၇၁ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါဇင်နဲ့ချီတဲ့လူတွေကို ဘေးလွတ်ရာ နေရာတွေကို ပြောင်းရွှေ့ခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် မီဒီယာတွေက ဖော်ပြခဲ့တယ်လို့ သိရပါတယ်။ အရေးပေါ် ကယ်ဆေးရေး တပ်ဖွဲ့ဝင်တွေက မီးကိုငြိမ်းသတ်နိုင်ခဲ့ပေမယ့် မီးလောင်မှုအကြောင်းအရင်းတွေကို မသိရသေးပေ။

ရခိုင်ပြည် စစ်တွေမြို့ရှိ ပြည်သူ့ဆေးရုံတွင် ဧပြီလ၁၂ ရက်နေ့က မိန်းကလေး၂ဦးနဲ့ ယောင်္ကျားလေး ၁ ဦး ကလေး၃ မွှာပူး မွေးဖွားခဲ့တယ်လို့ သိရပါတယ်။ ကလေးမိဘတွေက ကိုညီပုချေနဲ့ မသန်းကြည်ဝင်းတို့ဖြစ်ပြီး ကျောက်တော်မြို့ ရွာမပြင်ကျေးရွာက ဖြစ်ကြတယ်လို့ သိရပါတယ်။ ကလေးတွေက ပေါင်ချိန်မပြည့်တဲ့အတွက် ဓာတ်ကင်နေကြရသလို ကလေးမိဘတွေက ဆင်းရဲတဲ့အတွက် နို့ဖ်ိုးနဲ့မုန့်ဖိုးခတွေ အကူအညီလို အပ်တယ်လို့ သိရပါတယ်။

ထိုင်ဝမ်ကို တရုတ်ကျူးကျော်လာပါက အဆင်သင့်ဖြစ်စေဖို့ ထိုင်ဝမ်ပြည်သူတွေက စနေနဲ့ တနင်္ဂနွေပိတ်ရက်တွေမှာ စစ်လက်နက်ပစ္စည်းတွေနဲ့ သင်ကြားမှုမဟုတ်တဲ့ အရပ်သား ကာကွယ်ရေး နည်းစနစ်တွေကို သင်ကြားရင်း အချိန်ကို အသုံးချနေကြတယ်လို့သိရပါတယ်။

ဧပြီ ၁၈ ရက်နေ့အတွက် သတင်းများစုစည်းမှု

ဧပြီလ နှစ်ဆန်း တစ်ရက်နေ့က ရခိုင်ပြည်၊ စစ်တွေမြို့ ၊ ပြည်တော်သာရပ်ကွက်မှ အသက် ၃၇ နှစ်အရွယ် ကျန်းမာရေးဝန်ထမ်းတစ်ဦး ဆိုင်ကယ်တိုက်ခံရပြီး စစ်တွေပြည်သူ့ဆေးရုံကြီးအတွင်း ဆေးကုသမှုခံယူနေရင်းနဲ့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံ၊ အလာဘားမားပြည်နယ် ဒိတ်ဗဲလ်မြို့မှာ ဧပြီ ၁၅ ရက်နေ့က မွေးနေ့ပွဲ တစ်ခုကျင်းပနေချိန် ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့အတွက်ကြောင့် လူ ၄ ဦးသေဆုံးခဲ့ပြီး ၂၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ULA/AAက ပြုလုပ်ခဲ့တဲ့ လေးမြို့ချောင်းသင်္ကြန်ကို ဧပြီ ၁၈ ရက်နေ့က ပထမဆုံးနေ့အဖြစ် စည်စည်ကားကားကျင်းပခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ နာဗီ မွန်ဘိုင်းတွင် ကျင်းပခဲ့တဲ့ ပြည်နယ်အစိုးရရဲ့ ပြည်သူ့လူမှုထူးချွန်ဆုပေးပွဲ အခမ်းအနားမှာ အလွန်ပူပြင်းတဲ့ အပူဒဏ်ကြောင့်လူ ၁၃ ဦးသေဆုံးခဲ့ပြီး လူပေါင်း ၆၀ နီးပါး ဆေးရုံတင်ခဲ့ရပါတယ်။

ဧပြီ ၁၇ ရက်နေ့အတွက် သတင်းများစုစည်းမှု

ရခိုင်ပြည်၊ မင်းပြားမြို့နယ် ငါးဇင်ရိုင်းချောင်းကျွန်း ဣန္ဒပဗ္ဗတ တောင်ကုန်းပေါ်မှာတည်ရှိတဲ့ မျက်မှောင်တော်ဓာတ်ရဲ့ ၇၅ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားပွဲကို ဧပြီလ ၁၇ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။

ဧပြီ ၁၇ရက်နေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့က မြန်မာနိုင်ငံမှာရှိတဲ့ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှာ အပြစ်ဒဏ်ကျခံနေရတဲ့ မြန်မာနိုင်ငံရဲ့ အကျဉ်းသား၊ အကျဉ်းသူ ၃၀၁၅ဦးနဲ့ နိုင်ငံခြားသား အကျဉ်းသား ၉၈ဦးတို့ကို စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွှတ်ပေးခဲ့ပါတယ်။

မြန်မာ့နှစ်ဆန်း ၁ရက်နေ့ လွှတ်ငြိမ်းချမ်းသာခွင့်နဲ့ တပြည်လုံးရှိ အကျဉ်းထောင်အသီးသီးက အကျဉ်းသား ၃၀၀၀ ကျော်

ကို လွှတ်ပေးခဲ့သော်လည်းပဲ ရခိုင်က ရက္ခိုင့်တပ်တော်နဲ့ ဆက်စပ်တယ်ဆိုပြီး ထောင်ချခံထားရသူတွေ တစ်ဦးတစ်ယောက်မှ လွတ်မြောက်လာတာ မတွေ့ရပါဘူး။

ဗမာလူမျိုး လွတ်မြောက်ရေးတပ်တော် ဖွဲ့စည်းတည်​ ထောင်တဲ့ ၂ နှစ်ပြည့် အခမ်းအနားကို ကျင်းပခဲ့တယ်လို့ BPLAက ထုတ်ပြန်လိုက်ပါတယ်။ ထိုပွဲအခမ်းအနားသို့ ရက္ခိုင့်တပ်တော်အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ကြပါတယ်။

ထင်မြင်ယူဆချက်‌‌ပေးရန်