Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အပတ်စဥ်သတင်းအနှစ်ချုပ်စုစည်းမှု (Weekly News Collection)

ဇူလိုင် ၃ ရက်နေ့မှ ၉ ရက်နေ့အထိArakan Bay News-ABN

အပတ်စဥ်သတင်းအနှစ်ချုပ်စုစည်းမှု (Weekly News Collection)

ဇူလိုင်လ ၉ ရက်နေ့ သတင်းများစုစည်းမှု

ဇူလိုင်လ ၈ ရက်နေ့ ညနေ ၇ နာရီခန့်မှာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့၊ အမှတ် ၅ ရပ်ကွက်၊ အုန်းတစ်ပင်စုမှာ နေထိုင်တဲ့ အသက် ၄၈ နှစ်အရွယ် ဦးမောင်တင်သိန်း ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်ခံရ၍ သေဆုံးသွားခဲ့တယ်လို့ သူ့ရဲ့ ညီဖြစ်သူက ABNကိုပြောပါတယ်။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာဇူလိုင်လ ၈ ရက်နေ့က စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက်၂ လ အရွယ်ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီး ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ မိုခါမုန်တိုင်းကြောင့်ပျက်စီးသွားခဲ့တဲ့ ကုလားချောင်းရွာကြီးနဲ့ ရွာချေကို အဓိကဆက်သွယ်ထားတဲ့ ဆည်မြောင်းတာတမံကျိုးပေါက်သွားခဲ့ပါတယ်။ အဲဒီတာတမံကို ပြန်လည်မပြုပြင်နိုင်သေးတဲ့အတွက် ကျောင်းသူ ကျောင်းသားတွေအပါအဝင် သွားလာရေးအခက်ကြုံနေရတယ်လို့သိရပါတယ်။

ဇူလိုင်လ ၈ ရက်နေ့ သတင်းများစုစည်းမှု

တအာင်းပြည်နယ် ၊ တပ်မဟာ (၁) စစ်ဒေသ နမ့်ခမ်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲတဲ့ နေရာတွေကို PSLF/ TNLA ဗဟိုအုပ်ချုပ်ရေးဌာန အထူးတပ်ဖွဲ့က ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါး သုံးစွဲရောင်းဝယ် သူ ၈၀ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မူဆလင် ဒုက္ခသည်စခန်းကို ICC အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံးရဲ့ ရှေ့နေ Karim AA Khan လာရောက်ပြီး နာရီပိုင်းအကြာမှာ စခန်းအတွင်း ပစ်ခတ်မှုများဖြစ်ပွားခဲ့တဲ့အတွက် မူဆလင် ဒုက္ခသည် ၅ ဦးသေဆုံးခဲ့တယ်လို့ ဘင်္ဂလာ ရဲတပ်ဖွဲ့က ပြောပါတယ်။

မွန်ပြည်နယ်မှာ ဇူလိုင်လ ၇ ရက်နေ့က စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည်ထိမှန်ပြီး ကလေး ၂ နှစ်ဦးအပါအဝင် အရပ်သားပြည်သူ ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟို ကထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၇ ရက်နေ့သတင်းများစုစည်းမှု

ရခိုင်ပြည် ၊ပေါက်တောမြို့နယ် တပ်ရွာက အဖ ဦးရွှေမောင်ရဲ့ သား အသက် ၁၀ နှစ်အရွယ် မောင်ထွန်းအေးမောင် အူအပြင်ထုတ်ထားရတဲ့အတွက် ရန်ကုန်မှာဆေးကုသမှုခံယူဖို့ ငွေကြေးအကူညီလိုအပ်နေတယ်လို့ သူ့၏ မိခင်က ABNကိုပြောပါတယ်။

ရခိုင်မှာ မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် ရာသီတုပ်ကွေးလက္ခဏာနဲ့ တူတဲ့ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနေတဲ့အတွက် သေဆုံးသူတွေရှိလာနေပါတယ်။ ဒါ့အပြင် ရခိုင်မှာ ၂၀၂၃ ဇန်နဝါရီလအစပိုင်းမှ ဇွန်လ ၃၀ ရက်နေ့အထိ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၄၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ဇူလိုင်လ ၃ ရက်နေ့က ရခိုင်ပြည် ရမ်းဗြဲမြို့မှာ ဆောက်လုပ်ရေးပိုင်မြေဟုဆိုကာ ရဲအပါအဝင် ဌာနဆိုင်ရာ ၅ခုက လူအင်အား ၁၀၀ခန့်နဲ့ အင်အားသုံးပြီးတော့ နေအိမ်နဲ့ ဆိုင်ကို ဖြိုချဖျက်ဆီးခဲ့ပြီး ဖမ်းဆီးခံရသူ ၂ဦး ကို စစ်ကောင်စီက အိမ်ရာ ဥပစာ နှင်ထုတ်ခြင်းဥပဒေပုဒ်မ ၉(၁)နဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

ပါကစ္စတန်နိုင်ငံမှာ မုတ်သုံရာသီ မိုးပြင်းပြင်းထန်ထန်ရွာသွန်းပြီး ရေကြီးမှုများဖြစ်ပွားနေတဲ့အတွက် ဇူလိုင်လ ၆ရက်နေ့ထိ ကလေး ၈ယောက်အပါဝင် သေဆုံးသူ ၅၅ ယောက်ထိရှိလာတယ်လို့ သက်ဆိုင်ရာအာဏာပိုင်တွေက ပြောကြားထားပါတယ်။

ဇူလိုင်လ ၆ ရက်နေ့ သတင်းများစုစည်းမှု

ကျောက်တော်မြို့နယ် တရားရုံးမှာ AAနဲ့ဆက်စပ်တယ်လို့စွပ်စွဲဖမ််းဆီးခံထားရတဲ့ ပြည်သူ ၉ ဦး ဇူလိုင်လ ၆ ရက်နေ့ နံနက် ၁၀ နာရီကျော်ချိန်မှာ ရုံးထုတ်စစ်ဆေးခဲ့ပေမယ့်လည်း စစ်ကောင်စီဘက်က တရားလိုပျက်ကွက်ခဲ့တယ်လို့ မိသားစုဝင်တစ်ဦးABNကိုပြောပါတယ်။

မတ်လ ၁၄ရက်နေ့က တိုက်ခတ်သွားတဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရသေ့တောင်မြို့နယ်မှာ ပျက်စီးသွားတဲ့ လမ်းတွေကို ULA/AA တပ်ဖွဲ့ဝင်တွေ ပြုပြင်ပေးနေတာကို တွေ့ရပါတယ်။

မိုခါမုန်တိုင်းတိုက်ခတ်ပြီး ၁လကျော်ကြာတဲ့အထိ မြောက်ဦးနဲ့ ကျောက်တော်နယ်တွေမှာ ULA/AA ဝန်ထမ်းတွေနဲ့ ဒေသခံပြည်သူတွေ ပူပေါင်းပြီး အရိပ်ရသစ်ပင်တွေဆက်လက် စိုက်ပျိုးနေကြတာကို တွေ့ရပါတယ်။

ဇူလိုင်လ ၅ ရက်နေ့ သတင်းများစုစည်းမှုး

ဇူလိုင်လ ၅ ရက်နေ့ ညနေ ၃ နာရီခန့်မှာ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ရွာ ၆ ရွာ ကို ဆန်ရိက္ခာထောက်ပံ့ဖို့သွားတဲ ပရဟိတ ဆရာတော်သဘာဝနဒီ ဦးဆောင်သော ကယ်ဆယ်ရေးကား နယ်/လုံလက်မှတ်မပါရှိခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျောက်တန်းစစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်ခွင့်မပြုပဲ ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။

Jesus Lin, [7/11/2023 11:06 AM]
ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် ဂဏန်းတောင်စစ်ဘေးရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် စာသင်ကျောင်းများ ပျက်စီးသွားခဲ့တဲ့အတွက် စစ်ဘေးရှောင် ကျောင်းသူကျောင်းသားများ ကျောင်းတက်ရန် အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KlA)ဌာနချုပ်၊ လိုင်ဇာခရိုင်ကို မြန်မာစစ်တပ် စစ်ကြောင်းထိုးနေတဲ့အတွက် တိုက်ပွဲများအချိန်မရွေး ဖြစ်လာနိုင်ပြီး ဒေသခံပြည်သူများ အထူးဂရုစိုက်သွားလာ နေထိုင်ကြဖို့ လိုင်ဇာခရိုင် အုပ်ချုပ်ရေးရုံးက ဇူလိုင်လ ၄ ရက်နေ့ သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။

ဇူလိုင်လ ၄ ရက်နေ့သတင်းများစုစည်းမှု

ရခိုင်ပြည်၊ မောင်တောမြို့နယ် မြောင်ပိုင်းရှိ ငါးခူရနယ်ခြားစောင့်စခန်းက စခန်းမှူး တစ်ဦး နဲ့ စစ်ဗိုလ် နှစ်ဦး ဇူလိုင်လ ၃ ရက်နေ့ ညနေပိုင်းမှာ စခန်းက ထွက်ပြေးသွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ABNကို ပြောပါတယ်။

ဇူလိုင်လ ၄ ရက် နေ့မှာ ကရင်နီ(ကယား)ပြည်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို စစ်ကောင်စီက လေကြောင်းရဟတ်ယာဥ်ဖြင့် တိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ်တစ်ဦးအပါအဝင် မိသားစု ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ ၊ချုံဖော်ခရိုင်၊ မင်မြို့၊ ဘန့်နာကျေးရွာအနီးမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၁၂ ဦးကို တင်ဆောင်လာတဲ့ကား စစ်ဆေးမခံပဲ ထွက်ပြေးခဲ့ရာ ကားတိုက်မှုဖြစ်ပွားခဲ့တဲ့အတွက် မီးလောင်မှုဖြစ်ပွားခဲ့ပြီးတော့ မြန်မာလုပ်သားတွေ ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းသတင်းဌနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဇူလိုင်လ ၃ ရက်နေ့အတွက်သတင်းများစုစည်းမှု

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် သင်ပုန်းတန်းကျွန်းမှာ ပြီးခဲ့တဲ့ မေလက ဖျက်အားပြင်း မိုခါမုန်တိုင်း တိုက်ခတ်ခဲ့တဲ့အတွက် သစ်ပင်တွေ လဲကျပျက်စီးသွားခဲ့သောကြောင့် ဇူလိုင်လ ၂ ရက်နေ့က အဲဒီကျွန်းရှိ ကျေးရွာ ၉ ရွာမှာ အရိပ်ရသစ်ပင် ၁၀၀၀ ကျော်ကို ကျေးရွာရဲ့ လူငယ်ပရဟိတအသင်းတွေနဲ့ ကျေးရွာသူရွာသားတွေစုပေါင်း စိုက်ပျိုးခဲ့ကြတယ်လို့ ရွာသားတစ်ဦးက ABNကို ပြောပါတယ်။

ရခိုင်ပြည်မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့က ရက္ခိုင့်တပ်တော် အရာရှိ လေ့ကျင့်ရေး သင်တန်းကျောင်းကို သင်တန်းသား/သူ ၃၂၆ ယောက်နဲ့ ဖွင့်လှစ်ခဲ့ပြီး ဒီနှစ် ၂၀၂၃ ခုနှစ် ဇွန်လ ၁၉ ရက်နေ့မှာ ပထမဆုံးအကြိမ်အဖြစ် သင်တန်းဆင်းပွဲပြုလုပ်နိုင်ခဲ့တယ်လို့ ဇူလိုင်လ ၃ ရက်နေ့ ရက္ခိုင့်တပ်တော် ULA/AAရဲ့ကြေငြာချက်မှာ ပါရှိပါတယ်။

ဇူလိုင်လ ၃ ရက်နေ့ မနက်ပိုင်း ၁၁ နာရီ ၃၀ မိနစ်မှာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့အတွင်းရှိ သံယောဇဥ် အရက်ဆိုင်ပိုင်ရှင် အပါအဝင် လူ၂ ဦး ကို ရဲသားတွေအပါအဝင်ဌာနဆိုင်ရာတွေက လာရောက်ဖမ်းဆီးခဲ့ပြီး၊ အရက်ဆိုင်နဲ့ နေအိမ်ကိုလညး ဆောက်လုပ်ရေး ဝန်ကြီးဌာနက သူ့ရဲပိုင်မြေဟုဆိုကာ နေအိမ်နဲ့ အရက်ဆိုင်တွေကို ရဲအင်အား ၄၀ ကျော်နဲ့ ဌာနဆိုင်ရာ ၅ခုမှ လူအင်အား ၁၀၀ ကျော်တို့က ဘော်ဒူဇာစက်ကြီးနဲ့ လာရောက်ဖြိုချပျက်စီးခဲ့ပြီး သိမ်းယူမှု ဖြစ်ပွားခဲ့တယ်လို့ အမည်မဖော်လိုတဲ့ မျက်မြင်သက်သေတစ်ဦးက ABNကို ပြောပါတယ်။

ရှမ်းပြည်နယ် မိုင်းလားမှာ ဇူလိုင်လ ၂ ရက်နေ့ ည၁၁ နာရီခွဲက ရခိုင်လူငယ် ၁ ဦး နှလုံးအမောဖောက်ရောဂါနဲ့ သေဆုံးသွားခဲ့တာကို သွားကြည့်ရာလမ်းမှာ ယာဥ်မတော်တဆ ဖြစ်ပွားခဲ့တဲ့အတွက် ရခိုင်၂ ယောက်နဲ့ ဗမာ ၁ ယောက်ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ မိုင်းလားမှာ နေထိုင်တဲ့ ရခိုင်သားတစ်ဦးက ABNကို ပြောပါတယ်။

ထင်မြင်ယူဆချက်‌‌ပေးရန်