Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အပတ်စဥ်သတင်းအနှစ်ချုပ်- Weekly News

Arakan Bay News

အပတ်စဥ်သတင်းအနှစ်ချုပ်- Weekly News

၂၄ ရက် သတင်းစုစည်းမှု

ပုဏ္ဏားကျွန်းမြို့ မြို့သစ်ရပ်ကွက်က ဧပြီလ ၂၄ ရက်နေ့ ညနေ ၃ နာရီ ၈ မိနစ်အချိန် ဦးရွှေမောင်ရဲ့ သားဖြစ်တဲ့ အသက် ၃၁ နှစ်အရွယ် မရမာကြီး မောင်မောင် ရေနစ်သေဆုံးသွားတယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံမှာ ဧပြီလ ၂၄ ရက်နေ့ ကိုဗစ်ကူးစက်ခံရသူ ၇၁၇၈ ဦးရှိခဲ့ကာ ၁၆ ဦး သေဆုံးသွားတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားပြီး အဲ့ဒီအပြင် ဧပြီလ ၂၃ ရက်နေ့ကလည်း ကိုဗစ်ကူးစက်ခံခဲ့ရတဲ့သူ ၁၂၀၀၀ ကျော်ရှိခဲ့၍ သေဆုံးသူ ၄၀ အထိရှိခဲ့တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းမှာ အကြောင်းမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျနေတဲ့ မြန်မာနိုင်ငံသား ၁၇၁ ဦးကို ထိုင်းအာဏာပိုင်တွေ က ဧပြီလ ၂၄ ရက်နေ့ နေရပ်ပြန်ပို့ခဲ့ တယ်လို့ပြောပါတယ်။

ဧပြီလ ၂၃ ရက်နေ့က ရသေ့တောင်မြို့နယ်မှာ လက်နက်နဲ့အတူ ထွက်ပြေးသွားခဲ့တဲ့ AAတပ်ဖွဲ့ဝင် ၂ ဦးနဲ့ DPA တပ်ဖွဲ့ဝင်ဟောင်း ၁ ဦး ကို ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်တွေက သေနတ် ပစ်ဖောက် ဖမ်းဆီးရမိခဲ့တယ်လို့ စုံစမ်းချက်အရ သိရပါတယ်။

ကျောက်တော်မြို့နယ် သဲပုံကျေးရွာက လာရောက်ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်အချို့ UNHCR နဲ့ WFP က လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေတစ်ကြိမ်တစ်ခါမှ မရရှိခဲ့တဲ့အတွက် စားနပ်ရိက္ခာနဲ့ အကူအညီများ အရေးတကြီးလိုအပ်နေတယ်လို့ စခန်းတာဝန်ခံက ပြောပါတယ်။

ကျောက်ဖြူမြို့မှာ AA နဲ့ဆက်စပ်တယ်လို့ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) နဲ့ တရားစွဲဆိုခံထားရတဲ့ သူများကို ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီအချိန် ၁၈ ကြိမ်မြောက်ရုံးထုတ်ခဲ့ပေမယ့်လည်း အကြမ်းဖက်စစ်ကောင်စီဘက်မှ တရားလိုထပ်မံ ပျက်ကွက်ခဲ့တယ်လို့ သိရပါတယ်။

နှစ်စဥ်နှစ်တိုင်း ကျင်းပလေ့ရှိတဲ့ ၇ ကြိမ်မြောက် မြိုအမျိုးသားနေ့ အခမ်းအနားကို ဧပြီလ ၂၄ ရက်နေ့ ညနေပိုင်းမှာ ပုဏ္ဏားကျွန်းမြို့နယ် ကံသစ်ရွာတွင် ကျင်းပခဲ့ပါတယ်၊ အဲဒီ အခမ်းအနားမှာ မြို့လူမျိုးတွေရဲ့ ရိုးရာဝတ်စုံတွေနဲ့ ကပြဖျော်ဖြေခဲ့ပြီး ရခိုင်မျိုးနွယ်စုဝင်တွေလည်း ရိုးရာဝတ်စုံဖြင့် ကပြဖျော်ဖြေခဲ့ကြတာကို တွေ့ရပါတယ်။

သွေးမြေကျခဲ့ရတဲ့ တော်လှန်းရေး သမိုင်းကြောင်းတွေနဲ့ အကြမ်းဖက်မှုတွေကို ကြောက်ရွံ့နေကြရတဲ့ ပန်ဂျပ်ပြည်နယ်မှာ ကိုယ်ပိုင်လွပ်လပ်သော နယ်မြေအတွက် တောင်းဆိုနေသူ အသက် ၃၀ အရွယ် ဆစ်ခ်လူမျိုး ခွဲထွက်ရေးလှုပ်ရှားမှု ခေါင်းဆောင် Amritpal Singh ကို အိန္ဒိယရဲများက ဖမ်းဆီးလိုက်ပါတယ်။

၂၅ ရက် သတင်းစုစည်းမှု

စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်မှာ ၁၉၈၁ ခုနှစ်က စတင်ဆောက်လုပ်ခဲ့သော အမြင့်ပေ ၆၀ ခန့်ရှိတဲ့ ရေစင်ကြီး ဟောင်းနွမ်းပျက်စီးလာတဲ့အတွက် ပြိုကျမည်ကို ၄င်းရှိ ရပ်ကွက်နေပြည်သူများ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

တောင်ကုတ်မြို့နယ် ရွာမရွာမှာ ဧပြီလ ၂၄ ရက်နေ့က အသက် ၆၄ နှစ်အရွယ် ဦးထွေးရီ အရက်သောက်တာများပြီး စိတ်ကြောင်ကာ ကိုယ့်ကိုယ်ကို ကြိုးဆွဲချသေဆုံးသွား တယ်လို့ သိရပါတယ်။

မြောက်ဦးမြို့နယ် ပြလှကျေးရွာသားတွေနဲ့ ပြလှကယ်ဆယ်ရေး စစ်ဘေးရှောင်တွေ ရွာရှိ ရေကန်များ ခမ်းခြောက်သွားတဲ့အတွက် ရေရှားပါးမှု အခက်အခဲနဲ့ ရင်ဆိုင်နေကြရတယ်လို့ ရွာသားတစ်ဦးက ABNကို ပြောပါတယ်။

ရခိုင်တွင် ဒီနှစ် သီဟိုဠ်စေ့ရောင်းစျေးမှာ ပြီးခဲ့တဲ့ နှစ်တွေထက် စျေးကောင်းရရှိပေမယ့်လည်း သီဟိုဠ်စေ့ အထွက်နှုန်းကျဆင်းတဲ့အတွက် အမြတ်အစွန်းနည်းတယ်လို့ သီဟိုဠ်စိုက်ပျိုးသူများက ABN သို့ပြောပါတယ်။

၈ ကြိမ်မြောက် မရာမာကြီးအမျိုးသားနေ့ အခမ်းအနားကို ကျောက်ဖြူမြို့ ၊ အရာရှိရပ်ကွက် ၊ အဝေးပြေး ကားဂိတ်အနီးအနားက မရမာကြီးရတနာ့ဗိမာန် ကျောင်းတိုက်မှာ လာမည့် မေလ ၃ ရက်နေ့ ကျင်းပ ပြုလုပ်သွားမည် ဖြစ်တယ်လို့ မရာမာကြီး လူမျိုးစု‌ခေါင်းဆောင် ဥက္ကဠ ဦးမောင်နု ကပြောပါတယ်။

ဧပြီလ ၂၄ ရက်နေ့က ကျရောက်ခဲ့တဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) CDF-Mindatရဲ့ တပ်တည်ထောင်ခြင်း (၂ )နှစ်ပြည့် အခမ်းအနားကို ရက္ခိုင်တပ်တော် အာလဖာ(၃) စစ်ဒေသက ဂုဏ်ပြုသဝဏလွှပ်ပေးပို့ခဲ့ပါတယ်။

ဘင်္ဂလား‌‌ဒေ့ရှ်နိုင်ငံ Cox ‘s Bazars ‘ Teknaf ရှိ Chakmarkul မူဆလင် ဒုက္ခသည် စခန်း အမှတ် ၂၁ မှာ ဧပြီ ၂၄ ရက်နေ့ ည ၉နာရီကျော်မှာ မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက် အိမ်ရာကျော်ပျက်စီးသွားခဲ့ရတယ်လို့ UBN သတင်းဌာနက ဖော်ပြထားပါတယ်။

အင်တာမီလန်နဲ့ ဂျူဗီတပ်စ်တို့ ယှဥ်ပြိုင်ခဲ့တဲ့ ကိုပါအီတလီယာဖလား ဆီးမီးဖိုင်နယ်ပထမ အကျော့ပွဲစဥ်မှာ တိုက်စစ်မှူး လူကာကူအပေါ် လူမျိုးရေး ခွဲခြားဆက်ဆံမှုပြလုပ်ခဲ့တဲ့အတွက် ဂျူဗီတပ်စ်ပရိသတ်၁၇၁ ယောက်ကို အီတလီဘောလုံးအဖွဲ့ချုပ်( FlGC) က ကစားကွင်းဝင်ခွင့်ပိတ်ပင်လိုက်တယ်လို့ပါတယ်။

၂၆ ရက် သတင်းစုစည်မှု

ရှမ်းနဲ့ ကရင်နီပြည် နယ်စပ်ရှိ ဖယ်ခုံမြို့နယ် တောင်ဖက်ခြမ်း ဆောင်းဖွေးရွာရဲ့ ဆေးရုံကို ဧပြီလ ၂၅ ရက်နေ့ နေ့လည် ၁၂ နာရီ ခွဲခန့်က စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် သူနာပြုတစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရရှိ သွားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါသစ် ကူးစက်မှုဖြစ်ပေါ်နေတဲ့အပေါ် စောင့်ကြပ်ကြည့်ရှုမှုနဲ့ ပတ်သက်လို့ ကိုဗစ်-၁၉ မျိုးကွဲဗီဇ ‌ရောဂါဓာတ်ခွဲအတည်ပြုလူနာ ၇၁ ဦးတွေ့ရှိခဲ့တယ်လို့ ဧပြီလ ၂၆ ရက်နေ့ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်နိုင်ငံ သမိုင်းတစ်လျှောက် အသက်အကြီးဆုံးလို့ မှတ်တမ်းဝင်ထားတဲ့ အသက် ၈၀ အရွယ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် လာမည့် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်သွားမယ်လို့ ဧပြီလ ၂၅ ရက်နေ့က တရားဝင် ကြေညာလိုက်ပါတယ်။

တောင်ကုတ်မြို့နယ်မှာ ရေရှားပါးနေတဲ့ မှိုဟင်းတော၊ ဝက်ကျိုက်၊ သင်္ဘောဆိပ်၊ မလိခဆိပ်၊အောင်သုခ စတဲ့ ကျေးရွားတွေကို နိုင်ငံကျော် အဆိုတော် ရတနာမိုင်က ကွယ်လွန်သွားတဲ့ သူမရဲ့ ဖခင်အား ရည်စူးပြီး ရေကား ၁၀ စီးနဲ့ ရေသန်ဗူး ကြီး ၁၀၀ လှူဒါန်းခဲ့တယ်လို့ သူမရဲ့ လူမှုကွန်ယက်မှာ တွေ့ရှိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက် နေ့က ပါကစ္စတန်နိုင်ငံမှာ လက်နက်ခဲယမ်း သိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့အတွက် ရဲအပါအဝင် လူ ၁၇ ဦး သေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရရှိသွားတယ်လို့ Swat တောင်ကြား ရဲ့တပ်ဖွဲ့အကြီးအကဲ ကပြောပါတယ်။

ကျောက်တော် စစ်ကောင်စီတပ်မရှေ့မှာ ကား၊ ဘေးတွဲ၊ ဆိုင်ကယ် သုံးဘီး စတဲ့ခရီးသည်တင်ယာဥ်တွေကို ရပ်တန့်ခိုင်း၍ ယာဥ်ပေါ်က ဆင်းပြီး လမ်းလျှောက်သွားလာနေကြရတဲ့အတွက် လမ်းခရီးကြန့်ကြာမှုတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ပြည်သူများ ဝေဖန်နေကြပါတယ်။

ရမ်းဗြဲမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီပိုင် နေဗီ စခန်းချရပ်နားဖို့ စပါးကြီးကျွန်းကြားနဲ့ ဖက်ချာကျွန်းကြား၊ ရမ်းဗြဲမြို့ ‌ချောင်းဝ(ရန်မော်)၊ အင်းတော်ချေဂျိုင်(ဖက်ကျရွာအောက်) နေရာ ၃ ခုမှာ ကျောက်တိုင်တွေ ပြုလုပ်ရန် အနီးအနားရှိ ပိုက်ဆိုက်တွေနဲ့ ရပ်ရွာသားတွေကို ငွေမပေးဘဲ အတင်းအဓမ္မခိုင်း ပြုလုပ်ခိုင်းစေခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

မော်စကိုက တောင်အာရှနိုင်ငံမှာ တည်ဆောက်နေတဲ့ နျူးကလီးယားစက်ရုံအတွက် အသုံးပြုဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ငွေပေး‌ချေတဲ့အခါ တရုတ်ယွမ်ငွေ အသုံးပြုရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ရုရှားနိုင်ငံတို့ သဘောတူညီခဲ့တဲ့အကြောင်း ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံ အစိုးရအရာရှိ တစ်ဦးက ဧပြီလ ၂၄ ရက် တနင်္လာနေ့ က ပြောကြားခဲ့ပါတယ်။

၂၇ ရက် သတင်းစုစည်းမှု

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေလျှေ့ာချရေး၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေနှိမ်နင်းရေး၊ အမျိုးသား ပြန်လည် အဆင်ပြေစေရေးတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေး‌ရေး စတဲ့ အရေးတွေကို ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့က အိန္ဒိယနိုင်ငံ နယူး‌ဒေလီမြို့မှာ ကျင်းပတဲ့ Track 1.5 ဆွေးနွေးပွဲတွင် အဓိကထားပြီး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အိန္ဒိယ၊တရုတ် အပါအဝင် မြန်မာနဲ့ ၄င်းရဲ့ အိမ်နီးချင်းနိုင်ငံတွေမှ အစိုးရနဲ့ အကြံပေး ကိုယ်စားလှယ်တွေက စစ်တပ် အုပ်ချုပ်တဲ့ အရှေ့တောင်အာရှ နိုင်ငံတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံမှာ ‌သွေးထွက်သံယိုမှုတွေကို လျော့ပါးစေဖို့ လျို့ဝှက်ကြိုးပမ်းတဲ့ အနေနဲ့ ဧပြီလ ၂၆ရက်နေ့က နယူး‌ဒေလီမှာ ဆွေးနွေးပွဲကျင်းပခဲ့တယ်လို့ သတင်းရင်းမြစ်နှစ်ခုက ဆိုပါတယ်။

ဧပြီလ ၂၆ ရက်နေ့ နေ့လည် ၁ နာရီခန့်က ပေါက်တောမြို့မှ အမှတ် ၃ ရပ်ကွက်က အသက် ၂၆ နှစ်အရွယ် ကိုမောင်ဖြူချေ အဓိဌာန်ဆရာတော်ဘုရားကြီး တည်ထားကိုးကွယ်တဲ့ လောကထိပ်ပန်ဘုရားတောင်ပေါ်မှ ဆေးကြောင်၍ ခုန်ချခဲ့တဲ့အတွက် သေဆုံးသွားတယ်လို့ မျက်မြင်သက်သေတစ်ဦးက ပြောပါတယ်။

မင်းပြားမြို့မှာ မင်းပြားတစ်မြို့သားလုံး သောက်သုံးတဲ့ မင်းပြားစျေးဟောင်းပိုင်းမှာ ရှိတဲ့ မင်းကန်ကြီး ရေကန် ရေခမ်းခြောက်သွားတဲ့အတွက် ဧပြီလ ၂၆ ရက်နေ့မှ စပြီး ပြန်လည်တူးဖော်နေကြတယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံကို လှူဒါန်းထားတဲ့ သင်္ဘောများကို မြန်မာစစ်တပ်က စစ်ရေးကိစ္စတစ်ချို့မှာ အသုံးပြုနေတဲ့အတွက် စစ်ကောင်စီထံ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် Ono Hikarikက တရားဝင်ကန့်ကွက် ထားတယ်လို့ သိရပါတယ်။

စင်္ကာပူနိုင်ငံမှာ ဧပြီလ ၂၆ ရက်နေ့ က ဆေးခြောက် ၂ ကီလိုဂရမ် ရောင်းဝယ်ဖောက်ကားရာမှာ ပါဝင်ပတ်သက်ခဲ့တဲ့ အသက် ၄၆ နှစ် အရွယ် တန်ဂါရာဂျူး ဆူးပီးယာ အမျိုးသားတစ်ဦးကို ‌သေဒဏ်ပေးလိုက်တယ်ပါတယ်။ သေဒဏ်ပေးလိုက်သည့်အပေါ် UN အပါအဝင် တက်ကြွလှုပ်ရှားသူတွေက ကန့်ကွက်ရှုတ်ချမှုတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။

မြေပုံမြို့နယ် ယိုးချောင်းနဲ့ အမ်းက ကဇုကိုင်းတံတားတွေကို ကုန်တန်ချိန် ၂၀ ကျော်ထက်ပိုတဲ့ ဘယ်ကားကိုမဆို ဖြတ်ခွင့်မပြုကြောင်းနဲ့ တန်ချိန် ၂၀ ထက်ပိုတဲ့ ကား ဖြတ်ကူးရင် စစ်ကောင်စီတပ်က တံတားဖြတ်ကူးခ ၃၀၀၀၀ ကျပ်ကို ကားသမားတွေထံမှ တောင်းယူနေတယ်လို့ ကားသမားများက ABN ကို ပြောပါတယ်။

ဧပြီလ ၂၆ ရက် နဲ့ ၂၇ ရက်ကြား အာဏာသိမ်း စစ်ကောင်စီတပ်က စစ်အင်အား ၁၅၀ ကျော်နဲ့ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြို့သစ်ကျေးရွာကို ဝင်ရောက် မီးရှို့ခဲ့တဲ့အတွက် အိမ်ခြေ ၂၀၀ ကျော် ပျက်စီးသွားတယ်လို့ သိရပါတယ်။

ဧပြီလ ၂၇ ရက် နံနက်ပိုင်းက ထိုင်းနိုင်ငံ မဲဆောက်-မြဝတီကို ဝင်ရောက်လာတဲ့ မြန်မာအလုပ်သားများကို ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်တဲ့အခါ အလုပ်သမား ၁၁ ဦးမှာ ကိုဗစ်ရောဂါ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ဂွမြို့နယ်၊ ဦးကြွေချိုင်ရွာအနီး ပင်လယ် ကမ်းစပ်မှာ ဧပြီလ ၂၆ ရက်နေ့က အလျား၇.၅ပေရှိတဲ့ ဝေလငါးမျိုးစိပ် အသေတစ်ကောင် သောင်တင်နေတာကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

၂၈ ရက် သတင်းစုစည်းမှု

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ တလန်လိုရွာကို ဧပြီလ ၂၇ ရက်နေ့ ညနေ ၃ နာရီခွဲခန့်က စစ်‌ကောင်စီတပ် ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကျောင်းဆရာမတစ်ဦး အပါအဝင် အရပ်သား၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်က နေရပ်စွန့်ခွာ မူဆလင် ဒုက္ခသည် စခန်း ၄ ခုကို UNHCRက နေအိမ်အမိုးအကာ ၂၉၂ ခု ပြန်လည် တည်ဆောက်ပေးခဲ့တယ်လို့ ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)က ဧပြီလ ၂၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အိန္ဒိယ – တရုတ် နှစ်နိုင်ငံ နယ်စပ်သဘောတူညီချက်တွေကို တရုတ်ဖက်က ချိုးဖောက်ခဲ့တယ်လို့ အိန္ဒိယ ကာကွယ်ရေး ဝန်ကြီး Rajnath Singh က ဧပြီလ ၂၇ ရက် နေ့တွင် စွပ်စွဲပြောဆိုလိုက်ပါတယ်။

ရသေ့တောင်မြို့နယ်၊ တောင်လှ‌မော်ကျေးမှ ဧပြီလ ၂၇ ရက်နေ့က အဖ ဦးလှစံထွန်း၊ အမိ မကျန်သိန်းရဲ့ သား အသက် ၃၀ အရွယ် မောင်ပေါ်ထွန်းနိုင် မိမိကိုယ်ကို ကြိုးဆွဲချပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

ရသေ့တောင်မြို့နယ် လမုန်းတိုင်ရွာက ကိုမောင်ဖြူချေ(ခ) အဆိုတော် ကိုမြတ်ခိုင်မျိုးထံမှ ငွေ ၄၈ သိန်းကို ဂျပန်သွားဖို့အတွက် ကြားခံပွဲစားဖြစ်တဲ့ ရခိုင်အဆိုတော် ကိုညီထွေးက လိမ်လည်သွားတယ်လို့ သိရပါတယ်။

၂၉ ရက် သတင်းစုစည်းမှု

ဧပြီလ ၂၈ ရက်နေ့က ည ၁၀နာရီ ၃၀ မိနစ်က ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မဲကနယ်ရွာအနီးကျောက်တောင်ဘက်ကို အာဏာသိမ်းစစ်ကောင်စီစစ်တပ်က အတွဲလိုက်ဒုံးတွေ၊ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဒေသတွင်း သတင်းအရ သိရပါတယ်။

မင်းပြားမြို့ မြို့သစ်ရပ်ကွက်မှာ ဧပြီလ ၂၉ ရက်နေ့ နေ့လယ် ၁ နာရီ ၁၅ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက် လူနေအိမ် ၂ ဆောင် ပျက်စီးခဲ့ပြီး ၊ အဲဒီအပြင် ဧပြီလ ၂၈ ရက်နေ့ကလည်း ပေါက်တောမြို့နယ် ‌ညောင်ပင်ချိုင်ရွာမှာ မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက်ကြောင့် သားမိ ၂ ယောက် သေဆုံးသွား တယ်လို့ သိရပါတယ်။

ရခိုင်မှာ AAနဲ့ ဆက်စပ်တယ်လို့ စွပ်စွဲခံရပြီး ဖမ်းဆီးခံထားရတဲ့ ပြည်သူများကို အကြိမ်ကြိမ် ရုံးထုတ်ခဲ့ပေမယ့်လည်း စစ်ကောင်စီဖက်မှ တရားလို အကြိမ်ကြိမ် ပျက်ကွက်ခဲ့တဲ့အတွက် စွပ်စွဲခံရသူများ နစ်နာလျက်ရှိနေတာကို တွေ့မြင်ရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ဖလီခရိုင်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုမှာ အထောက်အထားမဲ့ တရားမဝင် မြန်မာ ရွေ့ပြောင်းအလုပ်သား ၂၃ ဦးနဲ့ တရုတ်နိုင်ငံသားတစ်ဦး ဖမ်းဆီးခံရတယ်လို့ Bangkok Postမှာ ဖော်ပြထားပါတယ်။

၃၀ ရက် သတင်းစုစည်းမှု

ရာသီဥတု ဖောက်ပြန်ပြောင်းလဲတဲ့အတွက် ကမ္ဘာ့တစ်ဝန်းမှာ မိုးခေါင် ရေရှားပါးမှု ပြသနာတွေနဲ့ ရင်ဆိုင်နေကြရတဲ့အထဲမှာ ရခိုင်ပြည်လည်း ပါဝင်ပြီး ရာသီဥတု ဖောက်ပြန်ပြောင်းမှုတွေ လျှေ့ာချ နိုင်ဖို့ သစ်ပင်တွေ ပိုမို ထပ်တိုး စိုက်ပျိုးဖို့ အဓိက လိုအပ်နေတယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်နေသူများက ပြောပါတယ်။

ထင်မြင်ယူဆချက်‌‌ပေးရန်