Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အပတ်စဥ်သတင်းများ စုစည်းမှု-Weekly News

အပတ်စဥ်သတင်းများ စုစည်းမှု-Weekly News

Arakan Bay News-ABN

ဇူလိုင် ၁၀ ရက်မှ ၁၆ ရက်နေ့ထိ

ဇူလိုင် ၁၀ရက်နေ့သတင်းများ

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ပြုပြင်နေဆဲ ဦးရာဇ်တောင်တံတားကို အရက်မူးပြီး လမ်းလျှောက်လာရာမှ တံတားပေါ်ကပြုတ်ကျပြီးတော့ အသက် ၄၆နှစ်အရွယ် စေတီရင်ရွာသား ဦးထွန်းလှဆိုသူ ရေနစ်သေဆုံးသွားသည်ဟု သိရပါတယ်။

ရခိုင်ပြည်တွင် မိုခါမုန်တိုင်းအလွန် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုတွေ အဖြစ်ပိုလာတာတွေကို ဂရုတစိုက်ကာကွယ်ကုသရန် လိုအပ်နေပြီး ဂရုတစိုက်နဲ့ ကာကွယ်ကုသမှုတွေကိုပါ လုပ်ဆောင်ရန်လိုအပ်တယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက အကြံပြုထားပါတယ်။

ဇူလိုင် ၁၁ရက်နေ့သတင်းများ

ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုခံထားရတဲ့ ကျောက်တော်မြို့က လူထုဇော်ဝင်းအပါအဝင် ဒေသခံ၃ဦးကို တရားရုံးကအပြီးသတ်အမိန့်မချဘဲ အကြိမ်ကြိမ်ရွှေ့ဆိုင်းနေသလို ထပ်မံပြီးတော့ ဇူလိုင်လ ၂၄ရက်နေ့ကို ရုံးချိန်လိုက်တယ်လို့ မိသားစုဝင်တွေ ပြောပြချက်အရ သိရပါတယ်။

ရခိုင်ပြည် စစ်တွေမြို့ ဘောလုံးကွင်းရပ်ကွက်မှာ ဇူလိုင်လ ၁၁ ရက်နေ့က အသက် ၃၀ခန့်အရွယ် အမည်မသ်ိ အမျိုးသား ရုပ်အလောင်းတစ်လောင်းကို ရေထဲကနေ တွေ့ရှိခဲ့ကြောင်း သိရပါတယ်။

တူရကီသမ္မတ အာဒိုဂန်က ဆွီဒင်နိုင်ငံကို NATO အဖွဲ့ဝင် ဖြစ်လာရေးကို သဘောတူလက်ခံခဲသလို တူရကီနိုင်ငံကိုလည်း EU -ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်လာစေရေးအတွက် လမ်းဖွင့်ပေးပြီး လက်ခံစေလိုတယ်ဟု ပြောဆိုလိုက်တယ်လို့ သိရပါတယ်။

ရခိုင်ပြည် ကျောက်တော်မြို့နယ် ကာဒီကျေးရွာမှ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)နဲ့ တရားစွဲဆိုခံထားရတဲ့ ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်းနှင့် ကိုမောင်ချေ (ခ)မောင်သက်စိုးတို့ကို ၁၅ကြိမ်မြောက်အထိ ရုံးထုတ်စစ်ဆေးခဲ့သော်လည်း တရားလိုမှာ တစ်ကြိမ်တစ်ခါမှ ရောက်ရှိခြင်းမရှိဘဲ အကြိမ်ကြိမ်ရုံးချိန်းရွှေ့ဆိုင်နေတယ်လို့ သိရပါတယ်။

ဇူလိုင် ၁၂ရက်နေ့ သတင်းများ

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် အလယ်ချောင်းကျေးရွာတွင် ဇူလိုင်လ ၁၁ရက်နေ့ ညနေ ၅နာရီက အသက်၅၀ ကျော်ရှိသူ ဦးဝေမောင်မှာ ၎င်းနေအိမ်မှ ပုဇွန်တာသို့သွားရာလမ်းတွင် တရွာတည်းနေထိုင်တဲ့ အသက်၄၀ကျော်အရွယ် ဦးထွန်းကျော်သာက ဓားနဲ့လိုက်ခုတ်မှုကြောင့် ဓားဒဏ်ရာ ၅ချက်ပြင်းထန်စွာ ရရှိသွားကာ ဆေးရုံ တင်လိုက်ရတယ်လို့ သိရပါတယ်။

စနစ်ဟောင်း Grate-10 /နဝမတန်း အောင်မြင်ထားပြီး အကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်ဝင် စာမေးပွဲကို ဝင်ရောက်ဖြေဆိုခွင့်မရရှိတဲ့ ကျောင်းသားကျောင်းသူတွေနှင့်၂၀၂၃ခုနှစ်တွင် စနစ်ဟောင်း Grate -11/ဒသမတန်း တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူတွေကို ၂၀၂၄ခုနှစ် စနစ်သစ် တက္ကသိုလ်ဝင်တန်း Grate -12/ဒွါဒသမတန်းကို ကျောင်းပြင်ပအနေနဲ့ ဖြေဆိုခွင့်ပြုလိုက်တယ်လို့ မြန်မာနိုင်ငံစာစစ်ဌာနက ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ရခိုင်ပြည် မင်းပြားမြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ စစ်သင်တန်းကျောင်းဖြစ်တဲ့ တိုင်းဗဟို ၉ မှ ဇူလိုင်လ ၁၂ရက်နေ့ နံနက် ၇နာရီ ၄၉မိနစ်အချိန်မှစကာ လက်နက်ကြီးတွေကို စတင်ပိတ်ခတ်နေပြီး ၂ရက်ဆက်တိုက် လက်နက်ကြီးစမ်းသပ်ပစ်ခတ်ခဲ့နတယ်လို့ သိရပါတယ်။

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် လာမယ့် ဇူလိုင်လ ၂၀ရက်နှင့် ၂၁ရက်နေ့တွေကြားတွင် ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်လာဖို့ ၈၀ရာခိုင်နှုန်းခန့် သေချာနေတယ်လို့ မိုးဇလပညာရှင် ဦးဝင်းနိုင်က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့ လိုင်ဇာအနီးရှ်ိ ဂျာပူရွာအနီးတွင် ဇူလိုင်လ ၁၁ရက်နေ့က ပြင်းပြင်းထန်ထန် တိုက်ပွဲ ဖြစ်နေတယ်လို့ သိရပါတယ်။

ရက္ခိုင့်တပ်တော် AAနဲ့ ဆက်စပ်တယ်လို့ စွပ်စွဲ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ တောင်ကုတ်ဒေသခံ ၆ဦးကို ဇူလိုင်လ ၁၁ရက်နေ့က တောင်ကုတ်မြို့နယ်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(စျ)နဲ့ ထောင်ဒဏ် ၄နှစ်စီ ချမှတ်လိုက်တယ်လို့ သိရပါတယ်။

ဇူလိုင် ၁၃ရက်နေ့သတင်းများ

မြန်မာနိုင်ရှိ နိုင်ငံခြားငွေတွေကို ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့် လိုင်စင်တွေ ရရှိထားတဲ့ ကုမ္ပဏီ ၁၀ ခုကို လိုင်စင်တွေ ပြန်လည်ရုပ်သိမ်းလိုက်​တယ်လို့ ဇူလိုင်လ ၁၂ ရက် နေ့ရက်စွဲနဲ့ ဗဟိုဘဏ်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ခုနှစ်ကစတင်ကာ ၂နှစ်အတွင်း အာဏာသိမ်းစစ်ကောင်စီရဲ့သတ်ဖြတ်ခြင်းခံရသူ စုစုပေါင်း ၃၇၈၅ ဦးအထိ ရှိလာတယ်လို့ ဇူလိုင်လ ၁၂ရက်နေ့ကထုတ်ပြန်တဲ့ AAPP ရဲ့ထုတ်ပြန်ချက်တွင် ဖော်ပြထားတာတွေ့ရပါတယ်။

အိန္ဒိယနိုင်ငံမှာ မိုးအဆက်မပြတ်ရွာသွန်းခဲ့တာကြောင့် မြေပြိုမှုတွေဖြစ်ပွားနေပြီး ရေကြီးတာတွေကြောင့် အနည်းဆုံးလူ ၆၆ဦးအထိ သေဆုံးခဲ့ရတယ်လို့ ဇူလိုင်လ ၁၂ရက်နေ့က အစိုးရတာဝန်ရှိသူတွေ ပြောကြားချက်အရ သိရပါတယ်။

ဇူလိုင် ၁၄ရက်နေ့သတင်များ

KNLAနဲ့ PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေက မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စု ကားလမ်းမကြီးကို လုံခြုံရေးအတွက် စစ်ဆေးတာတွေကို ဇူလိုင်လ ၁၃ရက်နေ့က လုပ်ဆောင်ခဲ့​တယ်လို့ ဒုစစ်ဒေသခွဲမှူးရုံး အမှတ် ၃ စစ်ဒေသခွဲ တောင်ပိုင်းတိုင်း J.O.Cရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဇူလိုင် ၁၅ရက်နေ့သတင်းများ

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အန်ဒရာပရာဒက်ရှ် အာကာသစင်တာကနေ လဆင်းယာဉ်၊ လပေါ် သွားတဲ့ ယာဉ်တွေကို သယ်ဆောင်ထားတဲ့ ဒုံးပျံကြီးကို ဇူလိုင် ၁၄ ရက်နေ့တွင် လွှင့်တင်လိုက်ပြီး ၄င်းဒုံးပျံကြီးက လမျက်နှာပြင်ရဲ့ သေးငယ်တဲ့ တောင်ဝင်ရိုးစွန်းတွေအထိ ဆင်းသက်လေ့လာမှာဖြစ်တဲ့ဟု သိရပါတယ်။

ရခိုင်ပြည် မင်းပြားမြို့နယ် စွန်ရဲရွာမှ အသက် ၄၅နှစ်အရွယ် ဒေါ်ဆန်းဆန်းဌေးမှာ ဇူလိုင်လ ၁၄ရက် နံနက် ၁၀နာရီခန့်တွင် ပျားဇီးသီးခူးရန်သွားစဥ် ပျားဇီးပင်ပေါ်ကပြုတ်ကျပြီး ရေမြုပ်သေဆုံးသွားတယ်လို့သိရပါတယ်။

ရခိုင်ပြည်သို့ စကစက ရပ်ရွာဥက္ကဌတွေက တစ်ဆင့်ထောက်ပံ့ပေးတဲ့ မျိုးစပါးများအနက် ကောက်ချေ (စပါးချေ)မျိုးစပါးမဖြစ်ထွန်းဟု လယ်သမားများထံက သိရှိရပါတယ်။

ဇူလိုင် ၁၆ရက်နေ့သတင်များ

တောင်ကိုရီးယားနိုင်ငံမှာ ဇူလိုင်လ ၁၅ရက်နေ့က မိုးသည်းထန်စွာသွန်းခဲ့တဲ့အတွက် ရေကြီးတာတွေနဲ့မြေပြိုတာတွေဖြစ်ခဲ့ပြီး ရေကာတာကြီး ၃ခုရေလျှံကာ လူ၂၂ဦး သေဆုံးခဲ့ပြီး ၁၄ဦးပျောက်ဆုံးနေတယ်လို့ တောင်ကိုးရီးယား အစိုးရတာဝန်ရှိသူတွေပြောကြားချက်အရ သိရပါတယ်။

ထင်မြင်ယူဆချက်‌‌ပေးရန်