Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အပတ်စဥ်သတင်းများစုစည်းမှု

Arakan Bay News-အောက်တိုဘာ ၂၃ ရက်

အောက်တိုဘာလ ၂၂ ရက်

အောက်တိုဘာလ ၂၁ ရက်နေ့ ညဥ့် ၉နာရီကျော်အချိန်က မင်းပြားမြို့ရှိ ကြပ်စင်တံတားပေါ်မှာ အမျိုးသားတစ်ဦး ဆိုင်ကယ်မှောက်ကာ ပွဲချင်းပြီး သေဆုံးသွားတယ်လို့သိရပါတယ်။သေဆုံးသွားသူမှာ မင်းပြားမြို့၊ မင်းဘာကြီးရပ်ကွက်မှအဖဦးမောင်မောင်ရဲ့သား အသက် ၂၆နှစ်အရွယ် ဦးမျိုးနိုင်ဝင်းဖြစ်တယ်လို့ မျက်မြင်သက်သေတစ်ဦးက ABNကိုပြောပါတယ်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်နှင့် ရှမ်းပြည်နယ်

(မြောက်ပိုင်း) နမ့်ခမ်းမြို့တို့မှာ အောက်တိုဘာလ ၂၁ရက်နေ့က စစ်ကောင်စီနဲ့ TNLAတို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီမှ လေကြောင်းသုံး တိုက်ခိုက်ခဲ့တဲ့အတွက် နေအိမ် ၁၀လုံးပျက်စီးခဲ့တယ်လို့ ဒေသတွင်းသတင်းတွေအရသိရပါတယ်။

အစ္စရေး – ဟားမတ်စ်ကြား အကြမ်းဖက်ပဋိပက္ခတွေ ရပ်တန့်ရေး အဖြေရှာဖို့ အတွက် စနေနေ့က အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မှာ အာရပ်ကမ္ဘာမှ နိုင်ငံများနဲ့ ဥရောပ နိုင်ငံတွေအများစု ပါဝင်တဲ့ နိုင်ငံပေါင်း ၂၀ ကျော်မှ အစိုးရ ခေါင်းဆောင်တွေ၊ နိုင်ငံခြားရေး ဝန်ကြီးတွေ ဆွေးနွေးခဲ့ရာ သဘောတူညီချက်တစုံတရာမရရှိပဲ အဆုံးသတ်သွားခဲ့တယ်လို့ APသတင်းဌာနမှာဖော်ပြထားပါတယ်။

အောက်တိုဘာလ ၂၁ ရက်နေ့သတင်းများစုစည်းမှု

ဂါဇာကမ်းမြောင်ဒေသတွင်ရှိတဲ့ ဟားမတ်စ်တွေကို အစ္စရေး တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၄၀၀၀ ကျော်သေဆုံးခဲ့ပြီးနောက် ကမ္ဘာ့တဝန်းမှာရှိတဲ့ မွတ်ဆလင်တွေ ဆန္ဒပြပွဲများ ပြုလုပ်နေကြပြီး ဂါဇာကို ဗုံးကြဲတိုက်ခိုက်မှုတွေ အဆုံးသတ်ရန် တောင်းဆို ဆန္ဒပြနေကြတာကို Rutersသတင်းဌနာတွင်ဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ တိုက်ခန်းတစ်ခုမှာ ရခိုင်အမျိုးသမီး ညီအစ်မ ၂ ဦးဖြစ်တဲ့ အသက် ၆၂နှစ်အရွယ် ဒေါ်မရီတင်နဲ့အသက်၄၀အရွယ် မဓေန်ဒါထှေးတို့ အသတ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၂၀ ရက်နေ့ ညဥ့် ၁၀နာရီ ၄၅ မိနစ်က ရခိုင်ပြည် စစ်တွေမြို့နယ် စစ်ကောင်စီတပ်ရဲ့ ကျောက်တန်းဂိတ်မှာ စစ်တွေမြို့ ကြွီတဲပိုက်ဆိပ်ကြီးရွာက ကိုယ်ဝန် ၈လရှိတဲ့ အမျိုးသမီးတစ်ဦးစစ်တွေဆေးရုံသို့ သွားချိန် အကြောင်းမဲ့ စစ်ဆေးမှုကြန့်ကြာမှုကြောင့် ဆေးရုံသို့ရောက်စဥ် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် ပန်းနီလာကျွေးရွာမှာ အောက်တိုဘာ ၂၀ရက်နေ့ ညနေအချိန်က အသက် ၅၈ နှစ်အရွယ် အမျိုးသားတစ်ဦး မြက်ပေါင်းသတ်ဆေးသောက်ပြီး သေဆုံးသွားခဲ့တယ်လို့သိရပါတယ်။

ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ဘုရားပေါ်ရပ်ကွက်က အဖ ဦးမောင်လှအေးရဲ့ သား အသက်၁၃ နှစ်အရွယ် မောင်ကျော်ခိုင်စိုး နွားကျောင်းသွားစဥ် းနွားချည်ကြိုးနဲ့ လယ်ကွင်းအနီးရှိ ကုက္ကိုပင်မှာ ကြိုးဆွဲချပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

အောက်တိုဘာ ၂၀ရက်

မင်းပြားမြို့နယ် လက်တော်ရီ (မူဆလင်)ရွာက အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၇နာရီခွဲအချိန်မှာ ဦးဟာဒူလာမီရဲ့သမီးဖြစ်သူ အသက် ၁နှစ် အရွယ် ကလေးငယ်တစ်ဦး ရေနစ်သေဆုံးခဲ့တယ်လို့သိရပါတယ်။

ရခိုင်ပြည်၊ ရသေ့တောင်မြို့ အရှေ့မြောက်ရပ်ကွက်တွင်ရှိတဲ့ အ.မ.က ၅ ကျောင်းမှာ အောက်တိုဘာလ ၁၅ ရက်နေ့က ဆရာ/မ နဲ့ ကလေးသူငယ်တွေရဲ့သင်ထောက်ကူပစ္စည်းတစ်ချို့ဖောက်ထွင်းခိုးခံခဲ့ရရတယ်လို့ သတင်းရရှိပါတယ်။

မင်းပြားမြို့ စစ်ကောင်စီ တိုင်းဗဟို (၉) စစ်ဌာကအောက်တိုဘာလ ၂၀ ရက်နေ့ နံနက်ပိုင်း ၇ နာရီကျော်အချိန်မှစလို လက်နက်ကြီးတွေ အဆက်မပြတ်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေပြောကြားချက်အရသိပါတယ်။

အောက်တိုဘာလ ၁၉ ရက်

ကချင်ပြည်နယ်၊ ရွှေကူမြို့၊ ငါးဘတ်ကြီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုအား KIA ပူးပေါင်းတပ်တွေက အောက်တိုဘာလ (၁၈)ရက်နေ့ နံနက်ပိုင်းက သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

မိုခါကြောင့်ပျက်စီးသွားခဲ့တဲ့ ရသေ့တောင်မြို့နယ် မေယုကမ်းဒေသရှိ အများပြည်သူအသုံးပြုရာ အငူမော်ဆိပ်ခံတံတားကို ပြန်လည်ပြုပြင်တော့မည်ဖြစ်တဲ့အတွက် လိုင်းဆွဲနေသောဘုတ်တွေအား ဆိပ်ကမ်းကပ်ခွင့် ၂ လကျော် ပိတ်ထားမယ်လို့သိရပါတယ်။

အောက်တိုဘာလ၁၉ ရက်နေ့ က ရခိုင်ပြည်၊ ပေါက်တောမြို့နယ် နဂွေကျေးရွာမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ သီးဖြူချောင်းရွာက အဖ ဦးအောင်ကျော်စိန်၏သား အသက် ၅၃ နှစ်အရွယ် ဦးကံထွန်းမောင်ဟာ သူ့ရဲ့ လယ်ကွင်းသို့ မြေဆီသွားကြဲရာမှာ သေဆုံးသွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

အောက်တိုဘာလ ၁၈ ရက်

အောက်တိုဘာလ ၁၇ရက်နေ့ နံနက်ပိုင်းအချိန် KNU အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ တပ်မဟာ (၃) အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဂျက်တိုက်လေယာဉ်နဲ့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု

ကြောင့် KNLAရဲဘော် ၃ဦးအပါဝင် အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တွေနဲ့ စာသင်ကျောင်းတွေ ပျက်စီးခဲ့တယ်လို့ အောက်တိုဘာလ ၁၇ရက်နေ့က KNUက ထုတ်ပြန်ထားပါတယ်။

ကျောက်တော်မြို့နယ် လိပ်မရွာတွင် စိတ်ဝေဒနာသည် အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးကိုအသက်၆၆နှစ်အရွယ် အမျိုးသားတစ်ဦးက မုဒိမ်းကျင့်ခဲ့ပြီး ကျူးလွန်သူအား ULA/AA နယ်မြေရုံးမှဖမ်းဆီးထားတယ်လို့ ရွာ အုပ်ချုပ်ရေးမှူးက ABNကိုပြောပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် အစ္စရေးကိုသွားဖို့ ပြင်ဆင်နေချိန် အောက်တိုဘာလ ၁၇ ရက်နေ့ အင်္ဂါနေ့ ညနေပိုင်းက ဂါဇာမြို့လယ်ရှိ အင်ဂလီကန်ခရစ်ယာန်အသင်းတော်က ဖွင့်ထားပေးတဲ့ အယ်လ်အာလီဆေးရုံကို အစ္စရေးလေကြောင်း တိုက်ခိုက်ခဲ့တဲ့အတွက် လူ ၅၀၀ ကျော်သေဆုံးသွားတယ်လို့ ဟားမတ်စ် ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားထားပါတယ်။

အောက်တိုဘာလ ၁၇ ရက်နေ့ ည၈နာရီကျော်လောက်က မင်းပြားမြို့နယ် လက်သန်းချီရွာတွင် လူနေအိမ်တစ်ဆောင် မီးလောင်ပြာကျသွားတယ်လို့သိရပါတယ်။

ရခိုင်ပြည်အတွင်းရှိ စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ယခုလအတွင်း ပိုမို မြင်တွေ့လာနေရပြီး ဒေသခံတွေကလည်း တိုက်ပွဲဖြစ်လာနိုင်တဲ့ အခြေအနေရှိကြောင်း ပြောဆိုနေကြတာကိုတွေ့ရပါတယ်။

ကျောက်တော်မြို့နယ် လိပ်မရွာတွင် စိတ်ဝေဒနာသည် အမျိုးသမီး အသက် ၂၂ နှစ်အရွယ်တစ်ဦးကိုအသက်၆၆နှစ်အရွယ်အမျိုးသားတစ်ဦးက မုဒိမ်းမှုကျင့်ခဲ့ပြီး၊ ကျူးလွန်သူကို ULA/AA နယ်မြေရုံးက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

အောက်တိုဘာ၁၇ ရက်

ဟားမတ်စ်သည် အောက်တိုဘာ ၇ ရက်နေ့က တိုက်ခိုက်မှုအပြီးမှာ အစ္စရေးတွေနဲ့နိုင်ငံခြားသား အပါအဝင်လူ ၁၅၅ယောက်ကို ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ အာဏာပိုင်တွေက အတည်ပြု ပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်၊ မြောက်ဦးမြို့နယ် တောင်ဖြူဆည် ဆီဆိုင်ရှေ့မှာ ကားတိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ကာ ကားပိုင်ရှင်ကို ULA/AA က ဖမ်းဆီးထားပါတယ်။ ကားတိုက်ခံရပြီး သေဆုံးသွားသူမှာ ကျောက်တော်မြို့နယ် ဇင်းခံချေကျေးရွာက ဖြစ်တယ်လို့ ဒေသခံတစ်ဦး ABNကိုပြောပါတယ်။

KNUအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ လယ်ဒို(ကျောက်ကြီး) မြို့နယ် အတွင်းသို့ ၂၀၂၃ခုနှစ် ဩဂုတ်လမှစလို အောက်တိုဘာလ ၁၇ရက်နေ့အထိ ရေကြီး ရေလျှံ မှုတွေဖြစ်ပွားခဲ့တဲ့အတွက် မြေပြန့်ဒေသရှိ ကျေးရွာတွေရဲ့ လယ်ကွင်းအများစုမှာ ရေနစ်မြုပ်ခဲ့တဲ့အတွက် ဒေသခံတွေ စိုက်ပျိုးထားတဲ့ မြောက်များစွာသော စပါးခင်းတွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ အောက်တိုဘာလ ၁၇ရက်နေ့မှာ KNUက ထုတ်ပြန်ထားတာတွေ့ရပါတယ်။

အောက်တိုဘာလ ၁၆ ရက်

ရခိုင်ပြည်၊ ပေါက်တောမြို့နယ် ကျောက်မြောင်းအုပ်စု ငရီချိုင်ကျေးရွာမှာ အောက်တိုဘာလ ၁၄ ရက်နေ့က အမျိုးသားတစ်ဦးက မသန်စွမ်းလေဖြတ်နေတဲ့ အမျိုးသမီးတစ်ဦးကို မုဒိမ်းမှုကျူးလွန်ခဲ့တဲ့အတွက် ကျူးလွန်သူကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် ( ULA/AA) မှ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီကျင်းပတဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA (၈) နှစ်ပြည့်အထိမ်းအမှတ်နေ့ကို လုံးဝ အသိအမှတ်မပြုကြောင်း ခိုင်ရဲခိုင်ဦးဆောင်သော ALP အဖွဲ့ ကထုတ်ပြန်ထားပေမယ့်လည်း စစ်အာဏာရှင်နဲ့ ပူးပေါင်းနေတဲ့ ခွဲထွက် ALP စောမြရာဇာလင်း နဲ့ ခိုင်စိုးနိုင်အောင်တို့အဖွဲ့အနေနဲ့ NCA အထိမ်းအမှတ် ပွဲသို့ မဖြစ်မနေတက်ရောက်ခဲ့ကြတာကို တွေ့ရပါတယ်။

ထင်မြင်ယူဆချက်‌‌ပေးရန်