Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အပတ်စဥ်သတင်းများစုစည်းမှု-Weekly News

အပတ်စဥ်သတင်းများစုစည်းမှု-Weekly News

Arakan Bay News-စက်တင်ဘာ ၄ ရက်

စက်တင်ဘာလ ၃ရက်နေ့ သတင်းစုစည်းမှု

မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ သြဂုတ်လ ၂၃ရက်နေ့က ဓားခုတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

အသက် ၂၅နှစ်အရွယ် ကိုဇော်ဌေးက ယောက္ခမဖြစ်သူ ဒေါ်မသန်းနုကို ဓားဖြင့်ခုတ်သတ်သောကြောင့် ၎င်းနေရာ၌ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့သိရပါတယ်။

စက်တင်ဘာလ ၂ရက်နေ့ သတင်း

အကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်းတခုဖြစ်သော သစ်ချဆိပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ( K. N. L. A) က စက်တင်ဘာလ ၂ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNUမှထုတ်ပြန်လိုက်ပါတယ်။

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် ဂဏန်းတောင်စစ်ဘေးရှောင်စခန်းမှာ စစ်ဘေးရှောင်များ စားနပ်ရိက္ခာအရေးတကြီးလိုအပ်နေတယ်လို့သိရပါတယ်။

အဆိုပါ စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၁၂၉ စုရှိပြီး၊ လူဦးရေး ၅၄၇ ဦးရှိတယ်လို့သိရပါတယ်။

ထိုစစ်ဘေးရှောင်စခန်းတွင် မသန်စွမ်းသူ ၇ဦးနှင့် နားမကြာသူ၊ မျက်စီကွယ်နေသူ၊ လေဖြတ်နေသူ၊ မွေးရာပါကိုယ်လက်အင်္ဂါ ချို့ယွင်းနေသူများလည်းရှိနေတယ်လို့သိရပါတယ်။

​ကျောက်တော်မြို့နယ် အပေါက်ဝရွာမှ ကိုမောင်သက်စိုးကို စစ်ကောင်စီမှ ၁၇(၁)ဖြင့် တရားစွဲဆိုထားပြီး ၂၁ကြိမ်မြောက်ရုံးထုတ်ခဲ့ပါတယ်။ ဒါပေမယ့် စစ်ကောင်စီမှ တရားလိုမရောက်သောကြောင့် ထပ်ပြီးရုံးချိန်ပေးလိုက်တယ်လို့သိရပါတယ်။

ကိုမောင်သက်စိုးသည် ကျောက်တော်မြို့နယ် ကာဒီရွာက ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်းနှင့်အတူ စစ်ကောင်စီဖမ်းဆီးခြင်းကိုခံခဲ့ရတယ်လို့သိရပါတယ်။

လက်ရှိမှာတော ကိုမောင်သက်စိုးမှာ အမှုရင်ဆိုင်နေရပြီး ဦးလှမောင်သန်းကတော့ ​သြဂုတ်လ ၂ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နေမှာ လွတ်သွားတယ်လို့သိရပါတယ်။

စတင်ဘာလ ၂ရက်နေ့ ညနေ ၆နာရီကျော်အချိန်က သံတွဲမြို့မ ဘောလုံးကွင်းမှ ဘောလုံးပွဲကြည့်ပြီးအပြန်လမ်းမှာ ကျောင်းသူ၊ ကျောင်းသား ၄၀ ကျော် မူးလဲ၍ ဆေးရုံးတင်ရတယ်လို့သိရပါတယ်။

မူးလဲ၍ ဆေးရုံတ်နေရသောကျောင်းသူ၊ ကျောင်းသားများကတော့ သံတွဲမြို့နယ် ကင်းမော်ရွာအထက်တန်းကျောင်းမှ ကျောင်းသူ၊ ကျောင်းသားများဖြစ်တယ်လို့သိရပါတယ်။

ကျောင်းသူ၊ ကျောင်းသားများမူးလဲတာနဲ့ပတ်သက်လို့ စစ်ကောင်စီမှ သတင်းမီဒီယာတွေဆီကို အင်တာဗျုးဖြေခွင့်ပိတ်ပင်ခံထားရတယ်လို့သိရပါတယ်။

အဲဒီကျောင်းသူ၊ ကျောင်းသားတွေဟာ သံတွဲမြို့မဘောလုံးကွင်းက ကားစီးပြီး အိမ်အပြန်လမ်း ၂မိုင်ခန့် အရောက်မှာ အခုလို့မူးလဲတာလို့သိရပါတယ်။

အခုလို့မူးလဲတာနဲ့ပတ်သတ်လို့ လက်ရှိအချိန်ထိ တိကျသေချာတဲ့အဖြေကိုမရသေးပါဘူး။

စက်တင်ဘာလ ၁ရက်နေ့သတင်းစုစည်းမှု

ကျောက်တော်မြို့နယ် တရားရုံးမှာ အပြီးသတ်အမိန့်ချမည့်ရက်ကို စောင့်ဆိုင်နေကြသော လူထုဇော်ဝင်းအပါဝင် ဒေသခံ ၃ဦးကို ၁၄ကြိမ်မြောက်ရုံးတင်ခဲ့တယ်လို့သိရပါတယ်။

၁၄ကြိမ်မြောက်ရုံးထုတ်သော်လည်း အပြီးသတ်အမိန့်မချဘဲ ထပ်ပြီးရုံးချိန်းနေ့ပေးလိုက်တယ်လို့သိရပါတယ်။

လူထုဇော်ဝင်း အပါဝင်ဒေသခံ ၃ဦးမှာ AAနဲ့ဆက်စပ်တယ်ဆိုတဲ့ စစ်ကောင်စီရဲ့ စွပ်စွဲဖမ်းဆီးတာကိုခံထားရသူတွေပဲ ဖြစ်ပါတယ်။

စစ်တွေမြို့ ပွိုင့်ကမ်းခြေမှာ မွေးကင်းစကလေးငယ်တစ်ဦးရဲ့ ရုပ်လောင်းကို စက်တင်ဘာလ ၁ရက်နေ့က ဒေသခံတွေ တွေ့ရှိခဲ့တယ်လို့သိရပါတယ်။

အဲဒီကလေးဟာ ယောက်ျားလေးဖြစ်ပြီး မိခင်ကစွန့်ပစ်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ယူဆနေကြပါတယ်။

ကလေးငယ်ရဲ့အလောင်းနားမှာလည်း အမျိုးသမီးရဲ့ ထမီထုတ် ၁ထုတ်လည်းတွေ့ရှိခဲ့ရတယ်လို့ မျက်မြင်သက်သေတွေက ဆိုကြပါတယ်။

စစ်တွေမြို့ မင်းဂံ အကွက် ၈ က ၁၃နှစ်အရွယ် ကလေးငယ်တစ်ဦးရေနစ်သေဆုံးခဲ့တယ်လို့သိရပါတယ်။

ရေနစ်သေဆုံးသည့်ကလေးငယ်သည် ၆တန်းကျောင်းသား မောင်နိုင်လင်းစိုးဖြစ်တယ်လို့သိရပါတယ်။

ကျောက်ဖြူမြို့နယ် တရားရုံးမှာ တရားစွဲဆိုခံထားရတဲ့ ဦးဝင်းမောင်အပါဝင် ဒေသခံ ၇ဦးကို သြဂုတ်လ ၂၅ရက်နေ့က ၃၀ကြိမ်မြောက်ရုံးထုတ်ခဲ့တယ်လို့သိရပါတယ်။

၃၀ကြိမ်မြောက်ရုံးထုတ်ခဲ့သော်လည်း စစ်ကောင်စီမှ တရားလိုပျက်ကွက်သောကြောင်း စစ်ဆေးမေးမြန်းခြင်းမရှိဟုသိရပါတယ်။ ရုံးထုတ် အကြိမ် ၃၀အတွင်း တရားလို ၁ကြိမ်ပဲ ရောက်ရှိတယ်လို့သိရပါတယ်။

သြဂုတ်လ ၃၁ရက်နေ့ သတင်းစုစည်းမှု

ရခိုင်ပြည်အတွင်း ARSA အကြမ်းဖက်အဖွဲ့က အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သော သက်သေများထွက်လာသောကြောင့် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာရေအဖွဲ့ရဲ့ အစီရင်ခံစာအရသိရပါတယ်။

ARSA အကြမ်းဖက်အဖွဲ့ကဟိန္ဒူဘာသာဝင်အမျိုးသမီးများကို သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်း ညှဥ်းပန်းနှိပ်စက်ခြင်း များဆက်တိုက်ပြုလုပ်ခဲ့တဲ့သက်သေတွေ့ကို နိုင်ငံတကာအဖွဲ့ကရရှိထားတယ်လို့သိရပါတယ်။

ရက္ခိုင့်ပြည်သူလူထုနဲ့ ကျောင်းသားထုကို စော်ကားခြိမ်ခြောက်တဲ့ စစ်ကောင်စီတရားစီရင်ရေးကို အသိအမှတ်မပြုကြောင်း ရက္ခိုင့်ပြည်ကျောင်းသားသမဂ္ဂမှ သြဂုတ်လ ၃၁ရက်နေ့ကထုတ်ပြန်လိုက်ပါတယ်။

ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးကို သြဂုတ်လ ၂၉ရက်နေ့က စစ်တွေမြို့နယ် တွဲဖက်တရားရုံးမှာ တရားသူကြီးက စွဲချက်တင်၍ အမှုလက်ခံခဲ့ပြီး ရုံးချိန်ပေးလိုက်ကြောင်းသိရပါတယ်။

ထိုစွဲချက်တင် ရုံးချိန်ပေးရာတွင် တရားသူကြီးက ဒေါ်ညိုအေးအမှုကို ကျောင်းသားများဖမ်းဆီးရမိမှ စစ်ဆေးလိုရမယ်ဟုပြောပါတယ်။

တရားသူကြီးတစ်ယောက်အနေ့နဲ တရားခွင်မှာအခုလို့ပြောလိုက်တာဟာ ပြည်သူလူထုကိုစော်ကားရာရောက်တယ်လို ဒေသခံတွေကပြောပါတယ်။

သြဂုတ်လ ၃၀ရက်နေ့သတင်းစုစည်းမှု

မင်းပြားမြို့နယ် ကျောက်ခုတ်ရွာမှ စိတ်ဝေဒနာရှင် ဦးမောင်ဝင်းသိန်းမှာ သြဂုတ်လ ၃၀ရက်နေ့က ကြိုးဆွဲချ၍ သေဆုံးခဲ့တယ်လို့သိရပါတယ်။

ရခိုင်မှာ စပါးပျိုးပင်တွေ ရှားပါးလို့ လယ်သမားတွေမှာ စပါးအစားထိုးစိုက်ဖို့ အခက်တွေ့နေကြတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လက ရေကြီးမှု​ကြောင့် မြို့နယ် ၇ ခုမှာ လယ်ကွင်းတွေ၊ စပါးတွေ များစွာ ပျက်စီးသွားခဲ့ရပါတယ်။

သြဂုတ်လ ၃၀ရက်နေ့မနက်ပိုင်းက မင်းပြားမြို့နယ် ကြောင်ရှည်ချောင်းရွာက ရေနစ်၍ ၃တန်းကျောင်းသား တစ်ဦးသေဆုံးခဲ့ပါတယ်။

သေဆုံးခဲ့သော ကျောင်းသားသည် အသက် ၈နှစ်သာရှိပြီး သူငယ်ချင်းများနဲ့ ဘောလုံးကစားရာမှ ဘက်ဟိုးကျင်းထဲသို့မတော်တဆကျသွားပြီး ရေနစ်သေဆုံးခဲ့တယ်လို့သိရပါတယ်။

သြဂုတ်လ ၂၉ရက်နေ့သတင်းစုစည်းမှု

မင်းပြားမြို့နယ် တုတ်ပင်လယ်ရွာမှ အသက် ၂၈နှစ်ရှိတဲ့ မဝင်းနုမှာ ပုဇွန်ရှာတဲ့ချောင်းထဲ ရေနစ်သေဆုံးခဲ့တယ်လို့သိရပါတယ်။

မဝင်းနုသည် စိတ်ဝေဒနာသည်တစ်ဦးဖြစ်သော်လည်း မိခင်နဲ့ ညီမဖြစ်သူကို လုပ်ကျွေးနေတယ်လို့သိရပါတယ်။

ရခိုင်တွင် ၁ပတ်အတွင်း အခြေခံ စားသုံးကုန် ပစ္စည်းတွေ စျေးအဆမတန်မြင့်တတ်နေတယ်လို့သိရပါတယ်။

စားသောက်ကုန်ပစ္စည်းများထဲရှိ စားသုံးဆီမှာ ယခင်ထက် တစ်သောင်းကျော် နှစ်သောင်းနီးပါမြင့်တတ်ခဲ့တယ်လို့သိရပါတယ်။

မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့တဲ့ စစ်တွေမြို့ ကမ်းနားလမ်းကိုပြုပြင်ဖို့ ကျောက်များကို မင်းပြားမြို့နယ်မှသင်္ဘောဖြင့် သယ်ယူနေရပါတယ်။

မောင်တောမြို့နယ်မှာ ပြည်သူပိုင် ကျွဲတွေကို စစ်ကောင်စီမှ သိမ်းယူပြီးပိုင်ရှင်ကိုလည်း ဖမ်းဆီးထားတယ်လို့သိရပါတယ်။

သြဂုတ်လ ၂၆ရက်နေ့က မောင်တောမြို့နယ် ဥဒေါင်းရွာမှ ကျွဲအကောင်ရေ ၇၀ကို မောရဝတီ နခခ (၄) စစ်ကောင်စီတပ်ရင်းသို့ ဖမ်းဆီးသွားတယ်လို့သိရပါတယ်။

ကျွဲ ပိုင်ရှင်ကိုလည်း ဖမ်းဆီးချုပ်နှောင်ကာ စစ်ကောင်စီ တရားစွဲဆိုထားတယ်လို့သိရပါတယ်။

Arkan Bay News-Weekly News Collections

ထင်မြင်ယူဆချက်‌‌ပေးရန်