Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အပတ်စဥ်သတင်းများစုစည်းမှု (Weekly News Collections)

အပတ်စဥ်သတင်းများစုစည်းမှု (Weekly News Collections)

ABN-ရာဟု

၂၆ရက်နေ့သတင်းများစုစည်းမှု

အမေရိကန်ပြည်နယ် မစ္စစ္စပီပြည်နယ်တွင် မတ်လ၂၅ ရက်နေ့က လေဆင်နှာမောင်းတိုက်ခတ်ခဲ့တဲ့အတွက် သေဆုံးသူ ၂၆ဦးအထိရှိခဲ့တယ်ဟု အစိုးရတာဝန်ရှိသူတွေ ပြောကြားချက်အရ သိရပါတယ်။

ဘီလာရုစ်နိုင်ငံတွင် တာတိုပစ် နျူးကလီးယားနက်လက်တွေ တပ်ဆင်မယ်လို့ ရုရှားသမ္မတပူတင်က စနေနေ့တွင်ပြောဆိုလိုက်တဲ့အပေါ် အမေရိကန်က သတိကြီးစွာနဲ့ တုန့်ပြန်ပြောဆိုလိုက်ပါတယ်။

ရခိုင်ပြည် မောင်တောမြို့ ၄မိုင်ရပ်ကွက်ရှိ ရွာတွေကို အလင်းတစ်စက်ရွှေ့ပြောင်းစာကြည့်တိုက်က တစ်ပတ်၂ရက် လှည့်လည်ကာ စာအုပ်တွေကို ငှားရမ်းပေးနေတယ်လို့ သိရပါတယ်။စာဖတ်တဲ့သူတွေက မူဆလင်တွေအပါအဝင် ရခိုင်၊သက်၊မြိုနဲ့ ဟိန္ဒူ စတဲ့ရခိုင်မျိုးနွယ်စု လူငယ် လူလတ်ပိုင်းတွေ စာအုပ်ဖတ်ကြတယ်လို့ သိရပါတယ်။

ရခိုင်ပြည် အမ်းမြို့ ချောင်းဘုတ်ရွာတွင် ဆရာတော် ဦးပညာစက္က (အမေရိက) ဦးဆောင်ကာ လူ ၁၂၀ ရှင်ပြု ရဟန်ခံပွဲကို ဒီနေ့မတ်လ ၂၆ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

ရခိုင်ပြည် ကျောက်တော်မြို့ ကွမ်းအုံချောင်းရွာအနီးတွင် ဒီနေ့ ညနေ ၄နာရီကျော်က ခရီးသည်တင် ရွှေရည်စုဝေ ကားနှင့် အိမ်စီးကားတို့ တိုက်မိပြီး အမျိုးသားတစ်ဦးသေဆုံးကာ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။သေဆုံးသူမှာ စာရေးဆရာ ခိုင်ဖွား (ပြောင်းဆိပ်) ရဲ့သားဖြစ်ကာ ဒဏ်ရာရရှိတဲ့ အမျိုးသမီးက ပေါက်တောမြို့က ဖြစ်တယ်လို့ သိရပါတယ်။

၂၅ ရက်သတင်းများစုစည်းမှု

ဟောင်ကောင်ရှိ ဂိုဒေါင်တစ်ခုတွင် မီးလောင်မှုဖြစ်တဲ့အတွက် အနီးအနားရှိ စာသင်ကျောင်း ၄ကျောင်းမှ ကျောင်းသားကျောင်းသူတွေ အပါအဝင် လူပေါင်း ၃၆၀၀ကို ဘေးလွတ်ရာနေရာတွေကို ရွှေ့ပြောင်းခဲ့ရပါတယ်။

ကရင်နီ (ကယား) ပြည်နယ်ရှိ ဒီမော့ဆိုမြိုနယ် ဒေါတမကြီးအုပ်စုတွင် ကရင်နီတပ်ပေါင်းစုတွေနဲ့ စစ်ကောင်စီ တပ်တို့ ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီဖက်က ရဟတ်ယာဥ်တွေနဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲတွင် စစ်ကောင်စီတပ်သားတွေ အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းတွေ တပ်ရင်း တစ်ရင်းစာလောက် သိမ်းဆည်းရမိတယ်လို့ ကရင်နီတပ်ပေါင်းစု ထုတ်ပြန်ချက်အရ သိရပါတယ်။

ရခိုင်ပြည် စစ်တွေမြို့တွင် ဒီနေ့မတ်လ ၂၅ရက်နေ့ တွင် ဒေသခံတစ်ဦး ရထားတိုက်မိကာ ခြေနှစ်ဖက်လုံး ပြတ်သွားတယ်လို့ ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်းရဲ့ ပြောပြချက်အရ သိရပါတယ်။ ရထားတိုက် ခံရသူမှာ စစ်တွေမြို့ ရဲနေစုရပ်ကွက်က ဦးထွန်းထွန်း အသက်၄၈နှစ်ဆိုသူ ဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်လို့ မတ်လ ၂၅ ရက်နေ့ မနက်ပိုင်းတွင် ယာယီပိတ်ထားခဲ့ရတဲ့ မြဝတီ -မဲဆောက်အမှတ်၁ ချစ်ကြည်ရေးတံတားကို နေ့လည် ၁၂နာရီတွင် ပြန်ဖွင့်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲတွင် စကစဖက်က ရဟတ်ယာဥ်နှင့်ပါ တိုက်ခိုက်ခဲ့တဲ့အတွက် မြဝတီကုန်သွယ်ရေးဇုန်ရှိ ရုံးခန်းတစ်ချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံ အတိုက်အခံ ကွန်ကရက်ပါတီ ခေါင်းဆောင် ရာဟူးဂန္ဒီကို ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။ ဝန်ကြီးချုပ် မိုဒီကို” သူခိုး “ဟု ပြောဆိုတဲ့အတွက် တရားရုံးက ထောင်ဒဏ်၂ နှစ်ချမှတ်ခံရခြင်းဟာ လွှတ်တော် စည်းကမ်းအရရွှေးကောက်ပွဲဝင်ပြိုင်ရန် အရည်းအချင်း မပြည့်တဲ့သူအဖြစ် သတ်မှတ်နိုင်တယ်လို့ သိရပါတယ်။

၂၄ ရက်နေ့သတင်းများစုစည်းမှု

အိန္ဒိယနိုင်ငံရှိ အတိုက်အခံခေါင်းဆောင် ကွန်ကရက်ပါတီ ဥက္ကဌတစ်ဦးဖြစ်တဲ့ ရာဟူးဂန္ဒီက ဝန်ကြီးချုပ်နာရင်ဒရာ မိုဒီကို “သူခိုး”လို့ ပြောဆိုခဲ့တဲ့အတွက် အသရေဖျက်မှုနှင့် တရားစွဲဆိုခံရပြီး ထောင်ဒဏ်၂နှစ် ချမှတ်လိုက်တယ်လို သိရပါတယ်။

ကျောက်တော်မြို့နယ်ရှိ ဇီးချောင်းသင်္ကြန်ပွဲတော်ကို ဒုတိယအကြိမ်မြောက်အဖြစ် မနှစ်ကထက် စည်းကားသိုက်မြိုက်စွာ ကျင်ပသွားမယ်လို့ ပွဲဖြစ်မြောက်ရေး ကော်မတီတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ရခိုင်ပြည် ပေါက်တောမြို့ သမဝါယာမနှင့် ကျေးလက်ဖွံဖြိုးရေး ဦစီးမှူးဖြစ်သူ ဒေါ်အုန်းတင်ကို ဒီနေ့မတ်လ ၂၄ရက်နေ့တွင် အလယ်ပိုင်ရပ်ကွက်ရှိ သောက်သုံးရေကန်တွင် ရေနစ်မြုပ် သေးဆုံးနေတာကို တွေ့ရှိရတယ်လို့ ပေါက်တောမီးသတ်တပ်ဖွဲ့ဝင်တွေ ပြောပြချက်တွေအရ သိရပါတယ်။

ကရင်နီ (ကယား)ပြည်နယ် ဘောလခဲမြို့နယ်တွင် စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေ လေကြောင်းတွေနှင့် တိုက်ခိုက်ပစ်ခတ်တာတွေကြောင့် ဒေသခံပြည်သူ ၂ဦးသေဆုံးကာ၊ ၃ဦးဒဏ်ရာရရှိပြီး အိမ်ခြေ ၂၀နှင့် ဘုန်းကြီးကျောင်းတစ်ကျောင်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်တစ်ယောက် နယူးယော့ခ် အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့ ရဲအရာရှိတွေထံတွင် အဖမ်းခံထားရတဲ့ ဓာတ်ပုံတစ်ပုံနှင့် ရုရှားသမ္မတ ပူတင်တစ်ယောက် ထောင်အင်္ကျီဝတ်ဆင်ကာ အလင်းရောင်နည်းနေတဲ့ အကျဥ်းခန်းကို ရောက်ရှိနေတဲ့ ပုံတွေ အွန်လိုင်းထက်တွင် ပျံ့နှံနေတယ်လို့ သိရပါတယ်။ ဓာတ်ပုံတွေကို AI ပညာနဲ့ ဖန်တီးထားတယ်လို့ သိရပါတယ်။

ရက္ခိုင့်တပ်တော်နဲ့ ဆက်စပ်တယ်ဟုဆိုကာ တရားစွဲဆိုခံထားရတဲ့ လူ ၉ဦးကို ၁၄ကြိမ်မြောက်အဖြစ် ကျောက်တော်မြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ရာ တရားလိုမရောက်လာတဲ့အတွက် ထပ်မံရုံးချိန်း ရွှေ့လိုက်တယ်လို့ သိရပါတယ်။ ထိုလူ ၉ဦးကို ၂၀၂၂ခုနှစ် နိုဝင်ဘာလစကတည်းက ကျောက်တော်တရားရုံးတွင် ရုံးထုတ်ခံနေရတာဖြစ်ပါတယ်။

ရခိုင်ပြည် မြောက်ဦးမြို့ လက်ကောက်စျေး စစ်ဘေးရှောင်စခန်းကို WFPဝန်ထမ်းတစ်ဦးဖြစ်တဲ့ မြောက်ဦးမြိုခံ ဦးမြထွန်းကျော်ဦးဆောင်တဲ့ အဖွဲ့ဝင်၆ဦးက စခန်းတာဝန်ခံတွေကို အသိပေးတာမျိုးမရှိဘဲ ရှောင်တခွင် ဝင်ရောက်ပြီး လူဦးရေစာရင်များကို စစ်ဆေးနေတာတွေကြောင့် စစ်ဘေးရှောင်တွေက ဝေဖန်နေကြတယ်လို့ သိရပါတယ်။

၂၃ရက်နေ့သတင်းများစုစည်းမှု

ထိုင်းနိုင်ငံ ဘန်ကောက်တွင် လတ်ချဒါတိုက်ပေါ်ရှိ ရေလှောင်ကန်ကို သန့်ရှင်းရေလုပ်နေတဲ့ မြန်မာနိုင်ငံ သားတစ်ဦးနှင့် ထိုင်းနိုင်ငံသားတစ်ဦးတို့ ဓာတ်လိုက်သေဆုံးသွားတယ်လို့ မတ်လ၂၁ ရက်နေ့က ဒေသသတင်းတွေအရ သိရှိရပါတယ်။ အခင်း ဖြစ်ပွားချိန်တွင် အတူလုပ်နေကြတဲ့သူတွေကအရေးပေါ်ကယ်ဆယ်ရေးတွေကို လုပ်ဆောင်ပေးသော်လည်း မအောင်မြင်ခဲ့ဟု သိရပါတယ်။

အမေရိကန် Denver အထက်တန်းကျောင်းတွင် အသက် ၁၇နှစ်ရှိတဲ့ အထက်တန်းကျောင်းသား Austin Lyle က ကျောင်းအုပ်ချုပ်သူနှစ်ဦးကို သေနတ်နှင့်ပစ်ခတ်ကာ ကားနှင့်ထွက်ပြေးလွတ်မြောက်နေတယ်လို့ သိရပါတယ်။

ရခိုင်ပြည် ကျောက်တော်မြို့ရှိ ရှေ့ဟောင်းသမိုင်းဝင် စေတီတစ်ဆူဖြစ်တဲ့ သေလာဂီရိ မောရပဗ္ဗတတောင် ဗုဒ္ဓပူဇနိယပွဲတော်ကို ဧပြီ ၂၆မှ ၃၀ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ်လို့ ကျောက်တော်ဂေါ်ပကအဖွဲ့ဝင်တစ်ဦး ပြောကြားချက်အရ သိရပါတယ်။

ထိုင်းနိုင်ငံတွင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၄၃ဦး စီးနင်းလာတဲ့ ထိုင်းလိုင်းကားတစ်စီးကို ဒေသခံအာဏာပိုင်ရဲတွေက မတ်လ ၂၃ ရက်နေ့တွင် ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။ ဖမ်းရတဲ့သူများကို အရေးယူမှုတွေလုပ်ဆောင်နိုင်ဖို့ ဘန်ဖဲ့ရဲစခန်းကို ပို့ဆောင်ထားတယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးတဲ့နောက် နေရပ်စွန့်ခွာတဲ့သူတွေ ၁ ဒဿမ ၇သန်းကျော်အထိ ရှိလာတယ်လို့ UN-OCHAက မတ်လ၂၂ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါတယ်။ ကရင်နီ ၊ ကချင်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းနှင့် ပဲခူးတိုင်းစတဲ့နေရာတွေမှ နေရပ်စွန့်ခွာတဲ့သူ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ မဲဆောက်ရှိ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းတွင် အာဏာပိုင်တွေက အဆောက်အဦးတွေကို ဝင်ရောက်စီးနင်းရာတွင် တရားမဝင် နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ကလေးငယ်တွေအပါအဝင် ၂၀၀ကျော်ကိုဖမ်းစီး စစ်အသုံးအဆောင် ပစ္စည်းတွေနဲ့ ဆေးဝါးတွေကိုပါ ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။ တာဝန်ရှိတဲ့သူတွေက အမယ်တော်နှင့် မရွှေဗီလာရှိ လေးထပ် အဆောက်အဦး ၄၀ကျော်ကို ဝင်ရောက်စီးနင်း ရှာဖွေခဲ့တာလို့ သိရပါတယ်။

၂၂ရက်နေ့သတင်းများ စုစည်းမှု

ကရင်ပြည်နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းဖြင့် ၉ကြိမ်တိုင်တိုင် လာရောက်တိုက်ခိုက်တာတွေကြောင့် နေအိမ်၅လုံးနှင့် စာသင်ကျောင်းတစ်ကျောင်း မီးလောင်ပြာကျခဲ့ပြီး အသက် ၇၀အရွယ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာတွေရရှိကာ ကျေးရွာပေါင်း ၂၁ရွာမှ ပြည်သူ ၃၁၉၅ဦး ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ဂျပန်ဝန်ကြီးချုပ်Fumio Kishido ကကြိုတင်အသိပေး ကြေငြာထားခြင်းမရှိဘဲ ယူကရိန်သမ္မတ Zelenskyyနှင့် တွေ့ဆုံရန် ယူကရိန်နိုင်ငံကို အင်္ဂါနေ့က ရောက်ရှိလာတယ်လို့ သိရပါတယ်။ ဂျပန်ဝန်ကြီးချုပ် Fumio Kishidoသည် G7 အဖွဲ့ဥက္ကဌဖြစ်သလို ယူကရိန်ကိုနောက်ဆုံးရောက်ရှိလာသည့် G7အဖွဲ့ ဝင်လည်းဖြစ်တယ်လို့ သိရပါတယ်။ သမ္မတ Zelenskyyနှင့် တွေ့ဆုံခဲ့သလို Bucha မြို့တွင် စစ်ပွဲဒဏ်ရာကြောင့် အသက်သေဆုံးရသူတွေကိုလည်း သွားရောက် ဂါရဝပြုခဲ့တယ်လို့သိရပါတယ်။

မတ်လ၂၂ရက်နေ့ ကျောက်တော်မြို့နယ် ဂါပုကျေးရွာတွင် ကျင်းပပြုလုပ်နေတဲ့ ၆ကြိမ်မြောက်မြို အမျိုးသားနေ့မှာ ခမီစကားပြော မြိုအမည်ခံတွေက ကျင်းပပြုလုပ်နေတဲ့ပွဲသာဖြစ်ပြီး မြိုအမျိုးသားနေ့ အစစ်အမှန်က ကဆုန်လဆန်း၇ ရက်နေ့ပဲ ဖြစ်တယ်လို့ မြိုတိုင်ရင်းသားစာပေနှင့် ယဥ်ကျေးမှုအသင်းဥက္ကဌ ဦးဇနီဖြူ က ပြောဆိုလိုက်ပါတယ်။

တနင်္သာရီတိုင်း လောင်းလုံမြို့နယ်ရှိ ညောင်ပြင်နှင့် အောက်ကျောက်ဝပ်ကျေးရွာတွေကို မတ်လ ၂၁ ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီတပ်က လာရောက်မီးရှို့ ဖျက်ဆီးခဲ့တဲ့အတွက် အိမ်ခြေ ၁၃၀ကျော် ပျက်စီးသွားတယ်လို့သိရပါတယ်။

ဂျပန်ဝန်ကြီးချုပ် Fumio Kishida ယူကရိန်းမှ ထွက်ခွာပြီး နာရီပိုင်းအကြာတွင် ရှရှားက ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် ယူကရိန်းပြည်သူ ၃ဦးသေဆုံးခဲ့ပြီး ၂ဦးဒဏ်ရာတွေ ရရှိသွားတယ်လို့ သိရပါတယ်။

မတရားအသင်းဆက်သွယ်မှု ပုဒ်မတွေနဲ့ တရားစွဲဆိုခံထားရတဲ့ ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်အပါအဝင် စုစုပေါင်း ၁၄ဦးကို ရုံးထုတ်စစ်ဆေးခဲ့သော်လည်း စစ်ကောင်စီဖက်က တရားလိုမရောက်တဲ့အတွက် အမှုကိုထပ်မံရုံးချိန်းလိုက်တယ်လို့သိရပါတယ်။ အမှုတွင် တရားလို မရောက်တာ ၁၅ကြိမ်အထိရှိလာပြီဖြစ်တယ်လို့သိရပါတယ်။

၂၁ရက်နေ့သတင်းများ

အိန္ဒိယနိုင်ငံရှိ ရဲတွေက ဆစ်ခ်ခွဲထွက်ရေးသမားတွေကိုရှာဖွေနေတဲ့အချိန် ပန်ဂျပ်ပြည်နယ်မှ လူပေါင်း၂၇သန်းနီးပါးခန့်ကို အာဏာပိုင်တွေက အင်တာနက်လိုင်းတွေကို ဖြတ်တောက်ထားသည်မှာ ၃ရက်ကြာလာတဲ့နောက် အိန္ဒိယနိုင်ငံတွင် အကြာဆုံးအင်တာနက်ဖြတ်တောက်မှုတွေထဲက တစ်ခုဖြစ်လာတယ်ဟု သိရပါတယ်။

မတ်လ၂၀ရက် ညနေ ၃နာရီကျော်ခန့်က လေပြင်းတိုက်ခတ်ခဲ့တဲ့အတွက် ပုဏ္ဏားကျွန်းမြို့နယ် ဂဏန်းတောင် စစ်ဘေးရှောင်စခန်းတွင် လူနေအိမ်၁၅ ဆောင်ခန့် ပြိုကျပျက်စီးသွားတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် မြေပုံမြို့နယ်ရှိ ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်းတွင် မသန်စွမ်းသူ ၃၅ဦးအထိရှိနေကာ ဆေးဝါးများ ကုသရန်အတွက် ငွေကြေးနှင့် စားနပ်ရိက္ခာအတွက် ထောက်ပံ့အကူအညီးများလိုအပ်နေတယ်လို့ သိရပါတယ်။ စခန်းတွင် မသန်းစွမ်းသူတွေက စကားမပြောတတ်သူ၊လက်ကျိုးနေသူ၊ စိတ်ဝေဒနာခံစားနေရသူ၊မျက်မမြင်များနှင့် မိုင်းကြောင့် ခြေပြတ်နေသူတွေဖြစ်ကာ စုစုပေါင်း ၃၅ဦးအထိရှိတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံတွင် နိုင်ငံရေး၌ စစ်တပ်လွှမ်းမိုးမှုကို လျှော့ချရန်နှင့် မေလတွင် ကျင်ပမည့်အထွေထွေ ရွှေးကောက်ပွဲကို ပြင်ဆင်နိုင်ရန်အတွက် ထိုင်းအစိုးရက ဥပဒေတစ်ရပ်ဖြင့် တနင်္လာနေ့က ပါလီမန်ကို ဖျက်သိမ်းခဲ့သည်ဟု သိရပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြိုတွင် ကျင့်ပနေတဲ့ ၅၃ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ မြန်မာပြည်သူတွေကို အကာအကွယ်ပေးဖို မေ့မသွားကြရန်နှင့် အာဏာသိမ်း စစ်ကောင်စီတပ်ကို စစ်လက်နက်နှင့် ဆက်စပ်တဲ့ ထောက်ပံ့ပေးမှုတွေ လုံးဝမလုပ်ကြရန် နိုင်ငံတ ကာ အစိုးရတွေကို မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးကိုယ်စာလှယ် မစ္စတာ တွမ်းအင်ဒရူးစ်က သတိပေးတောင်းဆိုလိုက်တယ်လို့ သိရပါတယ်။

ရခိုင်ပြည် ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတွေမှ စစ်ဘေးရှောင်အများစု လာမယ့် မတ်လ၃၀ ရက် ၃၁ရက်နေ့တွေမှာ နေရပ်ပြန်မယ်လို့ သိရပါတယ်။ ရထားဘူတာ၊ ကဝိရတနာ၊ ညောင်ချောင်း၊ သိမ်ကျောင်းနှင့် မဟာမုနိ စစ်ဘေးရှောင် စတဲ့စခန်းတွေက စစ်ဘေးရှောင် ပြည်သူတွေ နေရပ်ပြန်မယ်လို့သိရပါတယ်။ နေရပ်ပြန်သူတွေကို စကစက တစ်အိမ်ထောင်ကို ငွေ၅သိန်း၊ ဘေးစီမံမှ ငွေကျပ် ၁သိန်း နှင့် ပစ္စည်း၁၂မျိုး ပေးတယ်လို့ သိရပါတယ်။

စစ်ကောင်စီက ဖမ်းဆီးကာ တရားစွဲဆိုခံထားရတဲ့ မြောက်ဦးဒေသခံ ၃ဦး အမှုကို တရားရုံးမှာ စစ်ဆေးတာ ၉လအထိ ရှိလာသော်လည်း မပြီးပြတ်နိုင်သေးဘူးလို့ သိရပါတယ်။ ၅၀၅(က)၊၁၇(၁) စတဲ့အမှုတွေနဲ့ တရားစွဲဆိုခံရသူတွေမှာ ကိုကိုညွန့်၊ကိုကျော်ဝင်းလှိင်နှင့် ကိုပြည့်စုံဝင်း တို့ဖြစ်ကြပါတယ်။

ရသေ့တောင်မြို့အရှေ့တောင်ရပ်ကွက်တွင် အသက်၁နှစ်နှင့် ၇လအရွယ်ကလေးငယ်တစ်ဦး မော်တော်ကား မတော်တဆ တိုက်မှုတစ်ခု ဖြစ်ပွားသွားတယ်လို့ သိရပါတယ်။ အတိုက်ခံရတဲ့သူက အဖဦးမျိုးလှိုင်ဝင်း၏သား မောင်မဲလာအောင်ဖြစ်ပြီး ကားမတော်တဆတိုက်မှုကြောင့် ကလေးငယ် ထိပ်တွင် ပေါက်ပြဲဒဏ်ရာတွေ ရရှိသွားတယ်လို့ သိရပါတယ်။

မတ်လ၂၀ရက်

ထိုင်းနိုင်ငံ နခွန်ရာ့ချ်စီမာခရိုင်ရှ် ရာဘာခြံတစ်ခုတွင် အစာရေစာပြတ်နေတဲ့ မြန်မာလုပ်သား ၃၉ဦးကို ထိုင်းအာဏာပိုင်တွေ ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ၎င်းတို့ ၃၉ဦးကို ရာဘာခြံတွင် ပွဲစားဖြစ်သူက ပစ်ထားခဲ့တာဖြစ်တယ်လို့ ထိုင်းမီဒီယာတွေက ရေသားဖော်ပြခဲ့ကြပါတယ်။

စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ပြီး ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကိုလိုလားတဲ့ နိုင်ငံရေးရည်မှန်ချက်တူတဲ့ ဘယ်အဖွဲ့အစည်း ၊ လူပုဂ္ဂိုလ်နဲ့မဆို လက်တွဲပြီးအဆုံးတိုင် တိုက်ပွဲဝင်သွားမယ်လို့ မတ်လ ၂၀ရက်နေ့တွင် ကျရောက်တဲ့ ၃၅နှစ် မြောက် ချင်းအမျိုးသားတော်လှန်ရေးနေ့တွင် ချင်းအမျိုးသားတော်လှန်ရေး၊ ချင်းတပ်မ တော် CNF က ထုတ်ပြန်လိုက်ပါတယ်။

ကျောက်ဖြူမြို့နယ် သစ်ပုတ်တောင် ကျေးရွာမှာ ကျားပိုက်ချကာ လုပ်ကိုင်စားသောက်နေကြတဲ့ရေလုပ်သား ၁၅ဦးကိုမတ်လ ၁၉ရက်နေ့က ပိုက်ပြန်လည်းချခွင့် ပေးလိုက်တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၂၃ရက်နေ့က စစ်ကောင်စီက ကျားပိတ်ချခွင့်ကို ပိတ်လိုက်တာဖြစ်ပြီး ၁လနီးပါးကြာမြင့်ခဲ့တာလို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အလယ်ပိုင်းတွင် တနင်္ဂနွေနေ့က အရှိန်အဟုန်ပြင်းပြင်းနှင့်မောင်းလာတဲ့ ကားတစ်စီ ယာဥ်မတော်တစ်ဆဖြစ်ကာ လမ်းဘေးမြောင်းထဲကို ကျသွား တဲ့အတွက် လူ ၁၉ဦးသေဆုံးကာ ၂၀ဦးဒဏ်ရာရရှိတယ်လို့ ရဲတပ်ဖွဲ့ကပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မတော်တဆ ဖြစ်ပွားတဲ့အကြောင်းအရင်းကို အတိအကျမသိရသေးဘူးလို့ သိရပါတယ်။

ရခိုင်ပြည် မြေပုံမြို့နယ် ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်းမှာရှိတဲ့ စစ်ဘေးရှောင်တစ်ဦးဖြစ်တဲ့ ဦးမိုးအောင်ရဲ့ ပေါင်ထဲက စတီးရိုးကို ပြန်ထုတ်ရန်အတွက် ငွေ ၁၀သိန်းကျပ် လိုအပ်နေတယ်လို့သိရပါတယ်။ အသက် ၄၉နှစ်ရှိပြီဖြစ်တဲ့ ဦးမိုးအောင်မှာ အမ်းမြို့နယ် ဒါးလက်ချောင်း ကွေ့ရှည်ကျေးရွာမှ ဖြစ်ပြီး ၂၀၁၉ခုနှစ်က ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်နေစဥ် မိသားစုနင့်အတူ ရွာမှထွက်ပြေးလာတဲ့လမ်းမှာ ပေါင်ကိုကျဥ်ထိမှန်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ချင်းပြည်နယ် ပလက်၀မြို့နယ် ထရွန်အိုင်ရွာအနီးရှိတဲ့ စစ်ကောင်စီ စကခ -၁၉တပ်က ပလက်ဝ- ကျောက်တော်ကို ခရီးသွားနေတဲ့ စျေးသည်၊ ခရီးသည်တွေထံ တာပေါ်လင် တစ်လိပ်စီတောင်း ခံနေပြီး ၊ တာပေါ်လင် မပါက ငွေ ၃၂၀၀၀၀ ကျပ် တောင်းခံနေကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်တွင် မတ်လ ၁၈ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး မိုးသီး မုန်တိုင်းဝင်ရောက်တိုက်ခိုက်ခဲ့လို့ အိမ်ခြေ ၆၀၀ခန့် ပျက်စီးသွားတယ်လို့ အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရခိုင်အမျိုးသားရေးနှင့် ရခိုင့်နိုင်ငံရေး ရှင်သန်ရပ်တည်ရေးအတွက် ပါတီကို သက်တမ်းတိုးမှတ်ပုံတင်ရခြင်းသာဖြစ်ကြောင်း ရခိုင်အမျိုးသား ပါတီဥက္ကဌ ဦးသာထွန်းလှက ပြောဆိုလိုက်တယ်လို့ သိရပါတယ်။

ကျောက်တော်မြို့မှ Wi-Fi တိုင်များအငှားလိုက်ထောင်နေကြတဲ့ စစ်ဘေးရှောင် ၃ဦး ဓာတ်လိုက်ကာ ဒဏ်ရာတွေရရှိသွား၍ ဆေးရုံတင်လိုက်ရတယ်လို့ သိရှိရပါတယ်။ ဒဏ်ရာရရှိသွားသူတွေမှာ ပလက်ဝမြို့နယ် ကြက်ကိုင်းရွာမှ မောင်အောင်သိန်းထွန်း အသက်၁၈နှစ်၊ ရီချမ်းဝရွာမှ အသက်၁၇နှစ်အရွယ် မောင်အေးလှထွန်း (မဟာကံကြီးရှင်စစ်ဘေးရှောင်စခန်း)တွင်နေထိုင်သူ၊ ကျောက်တော်မြို့နယ် မီးဝရွာမှ မောင်ကျော်ဆန်း အသက်၁၈နှစ် (ကဝိရတနာစစ်ဘေးရှောင်စခန်း) တွင် နေထိုင်သူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

ထင်မြင်ယူဆချက်‌‌ပေးရန်