Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အပတ်စဥ်သတင်းများစုစည်းမှု (ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၅ ရက်နေ့အထိ)

ABN -ကိုဟိန်းထွန်း

ဖောဖော်ဝါရီလ ၅ ရက်နေ့အတွက်သတင်းများစုစည်းမှု

အမေရိကန်ဝေဟင်ထက် အမြင့်ပေ ၆သောင်းခန့်တွင် ပျံသန်းနေသည့် ကျောင်းကား ၃ စီး စာမျှ အရွယ်အစားရှိ တရုတ်၏ သူလျိုမိုးပျံပူဖောင်းကို အမေရိကန်လေတပ်က ကာရိုလိုင်းနားပြည်နယ်ကမ်းလွန်တွင် ပစ်ချခဲ့ပြီးနောက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ၎င်းနှင့်ပတ်သတ်၍ အရေးယူဆောင်ရွက်သွားမည်ဟု ပြောခဲ့သည်။

နီပွန်ဖောင်ဒေးရှင်း ဥက္ကဌ ဒေါက်တာဆာဆာကာဝါက မြောက်ဦးရှိ မြို့ဦးဂေါင်း စစ်ဘေးရှောင်စခန်းနှင့် မြတန်ဆောင်းစခန်းများအပြင်အခြားစခန်းများသို့ သွားရောက်၍ စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရန်အတွက် ကြိုးပမ်းသွားမည်ဟု ဖေဖော်ဝါရီလ ၄ ရက်နေ့တွင်ပြောကြားခဲ့ပြီး စစ်ဘေးရှောင်များအား သူ့၏ငယ်ဘဝ ဒုတိယကမ္ဘာစစ်အတွင်းက ၎င်း၏ မိခင်နှင့်အတူ စစ်၏ ဒဏ်ကို ခါးသီးကြောက်ရွံ့စွာ ခံစားခဲ့ပုံကို စစ်ဘေးရှောင်များအားပြောပြခဲ့သည်။

ဒေါက်တာဆာဆာကာဝါ၏ ကြားဝင်ညှိနှိုင်းမှုကြောင့် ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ ရခိုင်ပြည်တွင် အပစ်အခေတ်ရပ်စဲထားခဲ့သော်လည်း စစ်ကောင်စီမှ စစ်အင်အားနဲ့ စစ်တပ်ရိက္ခာများ ဆက်တိုက် သယ်ယူပို့ဆောင်နေသည့်အတွက်ကြောင့် နောက်ထပ်တိုက်ပွဲများဖြစ်လာမည်ကို ပြည်သူများ စိုးရိမ်နေသည်။

၆၂ နှစ်မြောက် ကချင်တော်တော်လှရေးနေ့ အခမ်းအနားသို့ ညီနောင်မဟာမိတ် သုံးဖွဲ့မှ ဂုဏ်ပြု သဝဏ်လွှာဖြင့် ပေးပို့ခဲ့ပြီး ကချင်တော်လှရေး၏ သမိုင်းတစ်လျှောက်တွင်ပေးဆပ် အနစ်နာခံခဲ့သော အာဇာနည်အပေါင်းတို့်အား ဦးညွတ်အလေးပြုကြောင်း ULA/AAမှ ထုတ်ပြန်ခဲ့သည်။

အသက် ၇၉ နှစ်ရှိ ပါကစ္စတန် သမ္မတဟောင်း ဗိုလ်ချုပ်ကြီး Pervez Musharrafမှာ ဒူဘိုင်း-အမေရိကန် ဆေးရုံတွင် နာတာရှည် နာမကျန်းဖြစ်ပြီးနောက်ပိုင်း ဒူဘိုင်းတွင် ကွယ်လွန်သွားခဲ့သည့်ကြောင့် CNNသို့ ပေးပို့သည့် ကြေညာချက်တွင် နှစ်နှစ်ကာကာဝမ်းနည်းကြေ ကွဲရမှုကိုဖော်ပြခဲ့ပြီး ပါကစ္စတန်နိုင်ငံရေးသမားများကလည်း ဝမ်းနည်းကြေကွဲခြင်းဖြင့် ချီးကျူးဂုဏ်ပြုသည့်အနေဖြင့် ဟောပြောခြင်းများပြုလုပ်ပေးခဲ့သည့်အပြင် ပါကစ္စတန်လွှတ်တော် ဥက္ကဌ Muhammad Sadiq Sanjraniမှ အလွန်အမင်ဝမ်းနည်းပူဆွေခဲ့သည်ဟု ပြောဆိုခဲ့သည်။

တောင်ကုတ်မြို့ နယ်၊ မောင်းချောင်း တံတားအောက်တွင် လည်ပင်းကိုကြိုးဖြင့်ဆွဲကာ အသတ်ခံထားရသည့် ဦးသောင်းမြင့်၏အ လောင်းကို ဖေဖော်ဝါရီလ ၅ရက်နေ့က တွေ့ရှိခဲ့ပြီး အဆိုပါသူမှာ ဆိုင်ကယ်ကယ်ရီအငှားလိုက်ရာ လမ်းခုလတ်တွင် အသတ်ခံခဲ့ရသည်ဟု ဒေသခံတစ်ဦးပြောကြားခဲ့သည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့အတွက် သတင်းများစုစည်းမှု

စစ်ကောင်စီက မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) နှင့် စစ်ပုန်ကန်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၁ ဖြင့် တရားစွဲဆိုခံထားရသော ရခိုင်ပြည် ကျောက်တော်နယ်မှ ဆန်စက်ပိုင်ရှင်၏ ရုံးချိန်းကို တရားလိုမရောက်သဖြင့် ထပ်မံရွှေ့ဆိုင်းခဲ့ပြီး ၇ နှစ်ကြိမ်တိုင်တိုင် ရှိနှင့်နေပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းရှိ လက်ရှိဖြစ်ပျက်နေသော ပြဿနာများကို ပြေလည်နိုင်စေရန် နည်းလမ်းမှာ သက်ဆိုင်သူအားလုံးပါဝင်နိုင်သည့် အမျိုးသားအဆင့်ဆွေးနွေးပွဲကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်မှု အဓိကဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တ်နိုမာဆူဒီကပြောကြားခဲ့သည်။

ရုရှားသံအမတ် ၄ ဦးကို သံတမန်နဲ့ မကိုက်ညီသည့်လုပ်ရပ်များကို ပြုလုပ်သည်ဟုဆိုကာ ဩစတြေးလျနိုင်ငံမှ ဖေဖော်ဝါရီလ ၈ ရက်နေ့ နောက်ဆုံးထား၍ ထွက်သွားရန် သြစတေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး ဗီယက်နမ်အခြေစိုက် သံမတ် ၂ ယောက်တို့မှာလည်း သံတမန်အဆင့်နဲ့မကိုက်ညီသည့် အပြုအမှုတစ်ရပ်ကိုလုပ်ဆောင်ခဲ့သည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့အတွက်သတင်းများစုစည်းမှု

မောင်တောခရိုင်တွင်တာဝန်ထမ်းဆောင်နေသည့် ဆရာ/ဆရာမများကို နေပြည်တော်မှ အမိန့်စာ ရောက်လာသဖြင့် ပုံမှန်အတိုင်း လစာ ၂ ဆ ပြန်လည်ရရှိပြီဖြစ်သည်။

စစ်ကိုင်းမြို့နယ်၊ တံတားဦးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပစ်ခေတ်ခဲ့မှုကြောင့် အသက်၆ နှစ်အရွယ် မလင်းရူပါမျိုး ကျည်ထိမှန်၍သေဆုံးသွားခဲ့သည့်အပြင် ထိုနေ့မွန်းလွဲတစ်နာရီကျော်တွင် နေအိမ် ၅၃လုံးနှင့် စာသင်ကျောင်းအတွင်းရှိ ပစ္စည်းများ၊ ဆိုင်ကယ်များနှင့် လယ်ယာသုံးပစ္စည်းများကိုပါ မီးရှို့ ဖျက်ဆီးသွားခဲ့သည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် မောင်တောမြို့နယ် ခမောင်းဆိပ်ရွာမှ အသက်၁၃ နှစ်အရွယ် ၅ တန်းကျောင်းသား မောင်ကျော်စိုးမှာ ခမောင်းဆိပ်ကင်းစခန်းတောင်ဖက်၌ ငှက်ကိုင်းထောင်နေစဥ် စစ်တပ်ကထောင်ထားသည့် မိုင်းကိုနင်းမိ၍ သေဆုံးသွားခဲ့သည်။

စစ်တွေမြို့တွင် သတ်ဖြတ်ခံခဲ့ရသည့် မနွယ်သန္တာဝင်းအမှုတွင် ကျူးလွန်သူတရားခံ ဦးမျိုးမြင့်ဇော်ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ (၁) (ဂ) အရ ရက္ခိုင့်ပြည်သူ့အစိုးရ၏ ဒေသအဆင့်တရားရုံးက သေဒဏ်ချမှတ်လိုက်ကြောင်း ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောခဲ့သည်။

မြန်မာ့စပါးအုံးဟုခေါ်ဆိုသည့် MMA ကစားသမား အောင်လအင်ဆန်းနှင့် တရုတ်ဖိုက်တာ ဖန်ရောင်းတို့ လာမည့် မေလ ၅ရက်နေ့ အမေရိကန်နိုင်ငံတွင်ယှဥ်ပြိုင် ထိုးသတ်သွားမည်ဟု သိရသည်။

ဖောဖော်ဝါရီလ ၂ ရက်နေ့အတွက် သတင်းများစုစည်းမှု

အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုက မြန်မာနိုင်ငံတွင် စစ်အာဏာရှင်လက်ထက်၌ မြန်မာ့အရေး ထပ်မံတိုးတက်မှုတစ်စုံတစ်ရာ မရှိပါက ပြတ်ပြတ်သားသားလုပ်ဆောင်သင့်သည်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၊ ၎င်းအပြင် မြန်မာနိုင်ငံသို့ စစ်ဗိုလ်ချုပ်ကြီးတစ်ဦးစေလွတ်ရန်ရှိကြောင်းကိုပြောကြားခဲ့သည်။

စစ်တပ်ကအာဏာသိမ်းပြီး ၂ နှစ်အကြာတွင် စစ်ကောင်စီက ရခိုင်ပြည်နယ်လုံဝန်ဝန်း ဗိုလ်မှူးကြီးဟောင်းထိန်လင်းအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ခဲ့ပြီး၊ ယာယီခန့်အပ်သည့်ဝန်ကြီးချုပ် ဒေါက်တောကျော်မင်းအပါအဝင် ဒေါ်အေးနုစိန်မှာ စစ်ကောင်စီ၏ဗဟိုအကြံပေးအဖွဲ့သို့ ရာထူးတိုးမြင့်လိုက်ကြောင်းသိရသည်။

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တလျှောက်ရှိ စစ်ရေးလှုပ်ရှားခြင်း၊ဖြတ်သန်းသွားလာခြင်းများ ကန့်သတ်ထားသည့် နယ်မြေ (No Man’s Land Zone) တွင် မြေအောက်ဥမင်လှိုင်ခေါင်းများတွေခဲ့ပြီး ၎င်းဥမင်မှာ အာဆာ-ARSA ရိုဟင်ဂျာကာကွယ်ရေးတပ်မတော် က လူများကိုပြန်ပေးဆွဲရာတွင်သုံးပြီး မြန်မာပိုင်နက်တွင်းကို ဖြတ်ကျော်ဝင်ရောက်နိုင်သည့် ဥမင်တစ်ခုဖြစ်သည်။

ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် ၉ နာရီတွင် ကုန်စည်ပြပွဲတစ်ခုကို ကျောက်ဖြူမြို့ ၊ရမ္မာဝတီခန်းမတွင် ကျောက်ဖြူခရိုင် MDME ထုတ်ကုန်ပြပွဲ နှင့်ရောင်းချသည့်ကုန်စည်ပြပွဲကို ၃ ရက်ကြာကျင်းပခဲ့ပြီး ရခိုင်ပြည်စီးပွားရေးဝန်ကြီး ဦးစံရွှေမောင်တို့တက်ရောက်ခဲ့သည်။

ပုဏ္ဏားကျွန်း ၅၅၀ တပ်ရင်းမှ ဗျူဟာမှူးကိုယ်တိုင် ပုဏ္ဏားကျွန်းမြို့ပေါ်မှ စီးပွားရေးလုပ်ငန်းရှင်များကို အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ခေါ်၍ နယ်လှည့်ဆေးကုသပေးရန်ဟုဆိုကာ ငွေကျပ်သိန်း ၂၀ ကျော်ကိုတောင်းခံခဲ့သည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့အတွက်သတင်းများစုစည်းမှု

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်ကအာဏာသိမ်းခြင်း ၂ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။

တရားမဝင် အတုယောင် ရွေးကောက်ပွဲကို ကြိုးကိုင်၍ လိမ်လည်မဲများကို တရားဝင်ရရှိရန်အတွက် ကြိုးစားနေကြသည့် မြန်မာ့စစ်ခေါင်းဆောင်များ၏ အစီအစဥ်ကို ပယ်ချရန် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော UN အထူးစုံစမ်းစစ်ဆေးသူက နိုင်ငံအားလုံးကိုတိုက်တွန်းခဲ့ပြီး အတိုက်ခံများကို၊ ဖမ်းဆီး၊ ထိန်းသိမ်း၊ ညှဉ်းပန်းနှိပ်စက်၊ ကွပ်မျက်ပြီး၊ သတင်းထောက်များအား သတင်းရယူခွင့် တားမြစ်ထားခြင်းနှင့် စစ်တပ်ကို ဝေဖန်လျှင် ရာဇ၀တ်မှုလို့ စစ်တပ်က စွပ်စွဲခြင်းမှာ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲမျိုး မကျင်းပနိုင်ဟု အင်ဒရူးစ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ ဆက်လက်ထူထောင်လိုသည့် အဖွဲ့အစည်းများအနေဖြင့် ဇန်နဝါရီလ ၃၁ ရက်နေ့မှစ၍ ရွေးကောက်ပွဲကော်မရှင်ထံ လာရောက်လျှောက်ထားနိုင်ပြီဟု စစ်ကောင်စီ UEC မှထုတ်ပြန်ခဲ့သည်။

ဇန်နဝါရီလ ၃၁ ရက် ညည့် ၁၁နာရီကျော်အချိန်နှင့်၂ နာရီကျော်အချိန်တွင် ကျောက်ဖြူမှ နွားကုန်သည် ၃ ဦး၊ အမ်းမှ ၁ ဦး နှင့် ရသေ့တောင်မြို့နယ် သမီးလှရွာမှ ၂ ဦးတို့မှာ နွား ၄၂ ကောင်ကို ဘုတ်ဖြင့်ရောင်းချရန်သွားရာ ပုဏ္ဏားကျွန်း ၅၅၀ တပ်ရင်းမှ သေနတ်ပစ်ဖောက်ပြီး ဖမ်းဆီးခံခဲ့သည်။

တောင်ကုတ်မြို့နယ် တန်းလွှဲရွာမတိုက်နယ် ကျွန်းတောတောင်အနီး ချောင်းကမ်းနားတွင် လူသေအလောင်းတစ်လောင်းတွေ့ရှိခဲ့ပြီး ဇန်နဝါရီလ ၃၀ ရက်နေ့တွင်လည်း ရသေ့တောင်မြို့နယ် စေတီပြင်ရွာအနီး အောက်ကျောက်တောင် ချောင်းဝတွင် လူသေအလောင်းတစ်လောင်းတွေ့ရှိခဲ့သည်။

မောင်တောခရိုင်တွင် တာဝန်ထမ်းဆောင်နေကြသည့် ပညာရေးဝန်ထမ်းများ ဇန်နဝါရီလအတွက် ပုံမှန် လစာငွေ နှစ်ဆမရရှိခြင်းမှာ နေပြည်တော်မှ အမိန့်စာ မရောက်ရှိခြင်းကြောင့်ဟု မောင်တောခရိုင်ပညာရေးမှုးက ပြောခဲ့ပြီး အမိန့်စာရောက်ရှိလာလျှင် ရောက်သည့်နေ့တွင် လစာငွေထုတ်ပေးမည်ဟုဆိုခဲ့သည်။

စစ်ကောင်စီ၏ အာဏာသိမ်းမှု ၂ နှစ်ပြည့်နေ့တွင် ရန်ကုန်၊ ဆူးလေ၊ လှည်းတန်းနှင့် ရွှေတိဂုံဘုရားအပါအဝင် အခြားသော တိုင်းဒေသ မြို့နယ်များတွင်လည်း အသံတိတ်ဆန္ဒပြမှုများ ပြုလုပ်ခဲ့သောကြောင့် လမ်းသွားလမ်းလာ ကင်းမဲ့ပြီး တိတ်ဆိတ်နေသည်ကိုတွေ့ခဲ့ရသည်။

ကျောက်တော်၊ သရက်အုပ်စစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာနှင့် သောက်သုံးရေ အခက်ခဲဖြစ်နေပြီး ၎င်းစခန်းအတွင်းနေထိုင်သူဦးရေ ၁၅၄၇ ရှိနေသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့၊ မွန်းတည့် ၁၀ နာရီ ၃၀ တွင် မြေပုံမြို့မှ စစ်ကောင်စီတပ် ခလရ (၉၃) တပ်ရင်းမှ စီမံ (ဗိုလ်မှူး) ရဲကျော်သူအောင်နှင့် ဗိုလ်ကြီး အောင်ခင်မောင်တို့ ဦးစီးကာ မြေပုံမြို့ရှိ ကားသမားများအား ခေါ်ယူကာ ၎င်းတို့ထံတွင်အကြောင်းကြားပြီးမှသာ သွားလာရမည်ဟုပြောဆိုခဲ့ပြီး လိုင်စင်မရှိတဲ့ကားသမားများကို ဒဏ်ငွေ ၂၀၀၀၀ ကျပ်စီပေးဆောင်ရမည်ဟု သိရသည်။

စစ်တွေတွင် ဖေဖော်ဝါရီလ ၁ရက် ညနေ ၃နာရီ ၁၀ မိနစ် ပြည်တော်သာရပ်ကွက် ခိုင်သဇင်ပန်းခြံရှေ့တွင် အမည်မသိလူ ၁ ဦး၏ဆိုင်ကယ်ဘောက်ထဲ၌ သေနတ်တွေ့ရှိသဖြင့် စစ်ကောင်စီမှဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ထိုသူမှာ စစ်ကောင်စီတပ်၏ တပ်ပြေးတစ်ဦးဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့သည် အိန္ဒိယနိုင်ငံ အန်ဒမန်ကျွန်းတွင် ဗိုလ်ချုပ်ခိုင်ရာဇာနှင့် အဖွဲ့သားများ လုပ်ကြံသတ် ဖမ်းဆီးခံရသည်မှာ ၂၅ နှစ်ပြည့်ပြီဖြစ်သည်။

ပုဏ္ဏားကျွန်းမြို့နယ် ပန်းနီလာရွာမှ ဦးမောင်နိုင်အေး၊ ဒေါ်သူဇာဝင်းတို့၏ သမီး မပန်းအေးနွယ် အသက် ၂ နှစ်အရွယ်ကလေးငယ်တစ်ဦး ဖော်ဖော်ဝါရီလ ၁ ရက်နေ့တွင် ရေနစ်သေဆုံးသွားခဲ့သည်။

ရုရှားကို တိုက်သည့်စစ်ပွဲတွင် ယူကရိန်းအားကစားသမားများနှင့် နည်းပြ ၂၂၀ ဦး သေဆုံးခဲ့ပြီး အားကစားပစ္စည်း ၃၄၀ ကျော် ယိုယွင်းပျက်စီးခဲ့သည်ဟု ယူကရိန်း အားကစားဝန်းကြီးအား ကိုးကားပြီး Reuters သတင်းဌာနတွင် အင်္ဂါနေ့က ဖော်ပြခဲ့သည်။

ဇန်နဝါရီလ ၃၁ ရက်နေ့အတွက် သတင်းများစုစည်းမှု

အမေရိကန်တွင်ရာသီဥတုဖောက်ပြန်မှုကြောင့် လေယာဉ် ခရီးစဥ် ၁၀၀၀ နီးပါးကို တနင်္လာနေ့က ဖျက်သိမ်းခဲ့ပြီး အနည်းဆုံး ပြည်နယ် ၁၅ ခုတွင် ရေခဲများစုပုံလာမည်ဟု အမျိုးသားမိုးလေဝသဌာန၏ မိုးလေဝသခန့်မှန်းရေး စင်တာမှ ပြောကြားခဲ့သည်။

ရခိုင်တွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း မိုင်းကြောင့် ၇ ဦးသေဆုံးခဲ့ပြီး ပြင်းထန်ဒဏ်ရာရရှိသူ ၄ ဦးရှိခဲ့ကြောင်းကို ABN မှစုစည်းချက်အရဖော်ပြခဲ့သည်။

ရသေ့တောင်မြို့နယ်၊ စေတီပြင်ရွာအနီးရှိ အောက်ကျောင်းတောင် ချောင်းဝတွင် လူသေအလောင်းတစ်လောင်းကို ဇန်နဝါရီ ၃၀ ရက် နေ့လည် ၁၀ နာရီခွဲတွင် တွေ့ရှိခဲ့ပြီး ညနေ ၅ နာရီခွဲတွင် သင်္ဂြုဟ်လိုက်ကြောင်း သိရသည်။

ပါကစ္စတန်တွင် ဗလီကျောင်းတစ်ခု အသေခံဗုံးခွဲ တိုက်ခိုက်ခံခဲ့ရသည့်အတွက် ၇၄ ဦးသေဆုံး၍ ၁၅၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး အဆိုပါနေရာမှာ အစိုးရအဆောင်များနှင့်အတူ လုံခြုံရေး တင်းကြပ်ထားသည့်နေရာများထဲမှ တစ်နေရာ ဖြစ်ပြီး ၄င်းနေရာမှာ ရဲဌာချုပ်၊ ထောက်လှမ်းရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့များတည်ရှိသည့် နေရာများဖြစ်သည်။

ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် မြေပြိုကျမှုကြောင့် သေဆုံးသွားခဲ့ရသည့် ရခိုင် ၃ ဦးတို့မှာ စစ်တွေ၊ မြေပုံနှင့် မောင်တောမြို့တို့မှ ဖြစ်ပြီး ဇန်နဝါရီ ၃ဝ ရက်နေ့တွင်ပင် ဆိုင်းတောင်(ဆိပ်မှု)သုသာန်သို့ ပို့ဆောင်ပြီး သင်္ဂြိုလ်ပေးခဲ့ကြောင်းသိရသည်။

အကြမ်းဖက်မှုနှင့်ပတ်သက်၍ Facebook တွင် Post, Share, Like, Comment တင်ခြင်း သို့မဟုတ် တခြားလူ Post များကိုလည်း Share, Like, Comment လုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်း စစ်ကောင်စီ၏ CCCT အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုမှ SMSမှ တဆင့် ညနေ ၆ နာရီ ၁၁ မိနစ်က ပေးပို့ခြိမ်းခြောက်ခဲ့သည်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်ကောင်စီတပ်မှ ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးသည့်အတွက်ကြောင့်အသက် ၁၇ နှစ်အရွယ်ရှိ လူငယ်တစ်ဦးသေဆုံးပြီး ရွာလုံးကျွတ် ပြာကျသွားခဲ့သည်။

ဇန်နဝါရီလ ၃၀ ရက်နေ့အတွက် သတင်းများစုစည်းမှု

ဇန်နဝါရီလ ၂၉ ရက်နေ့၊ ပါကစ္စတန်နိုင်ငံတွင် ဘတ်စ်ကား တစ်စီး မတော်တဆ တိမ်းမှောက်၍ မီးလောင်မှုဖြစ်ပွားကာ ခရီးသည် ၄၀ ဦးသေဆုံးခဲ့သည်ဟု လက်စဘယ်လာမြို့၏ အာဏာပိုင်များကပြောခဲ့သည်။

Bosch, Timeless နှင့် ၂၄ ရုပ်ရှင်များတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် အမေရိကန်မင်းသမီး အန်နီဝါချိန်းဂ် အသက် ၄၅ နှစ်တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။

မြောက်ဦးမြို့ ကုန်သည်လမ်းခွဆုံတွင် အိန္ဒီယဘီး ၃ စီးနှင့် ဆိုင်ကယ် ၃ စီးကို စစ်ကောင်စီရဲများက ဖမ်းဆီးခဲ့ပြီး လိုင်စင်ပါ မပါ စစ်ဆေးမေးမြန်း၍ ထိန်းသိမ်းခံခဲ့ရသည်။

အရှေ့ ဒူနက်ခ်ဒေသတွင် ရုရှားတပ်များက ပြင်းထန်သည့် တိုက်ခိုက်မှုများကို လုပ်ဆောင်နေသည့်အတွက်ကြောင့် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်စကီးက လက်နက်အသစ်များအသုံးပြုရန်လိုအပ်နေသည်ဟု ပြောပြီး တင့်ကားများပေးပို့သည့် ဘာလင် နှင့် ဝါရှင်တန်တို့ကိုလည်း ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ရသေ့တောင်မြို့နယ်၊ ကူတောင်တိုက်နယ်ပြည်သူ့ဆေးရုံ၏ ဆရာဝန်မှာ ပုဏ္ဏားကျွန်းသို့ ရွှေ့ပြောင်းသွားခဲ့သည့်အတွက်ဆေးကုသမှုအပိုင်း အခက်အခဲရှိနေခြင်း နှင့် ဦးဂါတိုက်နယ်ဆေးရုံတွင်လည်း ဆေးဝါးလုံလောက်မှုမရှိကြောင်းကို နာရေးကူညီမှုအသင်း ဥက္ကဌ ကိုဇော်မင်းဦးက ဆိုခဲ့သည်။

အပတ်စဥ်သတင်းများစုစည်းမှု (ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၅ ရက်နေ့အထိ)

ထင်မြင်ယူဆချက်‌‌ပေးရန်