Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အပတ်စဥ်သတင်းစုစည်းမှု-Weekly News

အပတ်စဥ်သတင်းစုစည်းမှု-Weekly News

AB News- စက်တင်ဘာ ၂၅ ရက်

စက်တင်ဘာလ ၂၄ရက်

စက်တင်ဘာလ ၂၁ရက်နေ့ နေ့လည်ပိုင်းက စစ်တွေမြို့မှာ စောမြရာဇာလင်းဦးဆောင်တဲ့ ALP အဖွဲ့က ၎င်းတို့ရုံးအနီး မုန်တီဆိုင် တစ်ဆိုင်ကို ဆိုင်မရောင်းဆိုပြီး ပိတ်သိမ်းလိုက်ပြီး ဆိုင်ကိုပါ ဖြိုဖျက်ခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည် ၊ စစ်တွေမြို့ လောကာနန္ဒာစေတီ မီးပွိုင့်အနီးစက်တင်ဘာလ ၂၄ရက်နေ့ ညနေ ၅နာရီ ၄၀မိနစ်အချိန်က ကားအမည်းတစ်စီး ဆိုင်ကယ် ၃စီးကိုဝင်တိုက်မှုဖြစ်၍ အမျိုးသမီး၂ဦးပြင်းထန်ဒဏ်ရာရရှိသွားပါတယ်။ ဒဏ်ရာရှိသူတွေဟာ ကျောင်းသူတွေဖြစ်တယ်လို့ သိရပြီး ဆေးရုံမှာ အရေးပေါ်ဆေးကုသမှုခံယူခဲ့ရပါတယ်။

စက်တင်ဘာလ ၂၃ရက်

စက်တင်ဘာလ ၂၁ရက်နေ့ နေ့လည် ၃နာရီကျော်အချိန်က မြေပုံမြို့နယ် ကြက်ရေကြီးရွာမှာ အမျိုးသားတစ်ဦး ဂဏန်းမြုံးထောင်နေစဥ် ရေနစ်သေဆုံးခဲ့တယ်လို့သိရပါတယ်။ ရခိုင်မှာ သြဂုတ်နှင့် စက်တင်ဘာ ၂ လအတွင်း ရေနစ်သေဆုံးသူ ၅၀ ကျော်ရှိနေပါတယ်။

သေဆုံးသွားတဲ့ အမျိုးသားမှာ မြေပုံမြို့နယ် ကြက်ရေကြီးရွာ အဖ ဦးစောလှမောင်ရဲ့သား အသက် ၅၀အရွယ် ဦးအောင်နိုင်ဦးဖြစ်ကြောင်းသိရပါတယ်။

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်က ဆရာမ ဒေါ်နှင်းယုနွယ် သတ်ဖြတ်ခံရမှုမှာ အဓိကတရားခံ တစ်ဦးထွက်ပြေး လွတ်မြောက်နေတယ်လို ရက္ခိုင့်တပ်တော် ULA/AAက ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကပြောပါတယ်။

ထွက်ပြေးလွတ်မြောက်နေတဲ့ အဓိက သံသယတရားခံမှာ ဒေါ်နှင်းယုနွယ်နဲ့ တစ်ရွာတည်းနေ အဖ ဦးကြိုင်လှအောင်ရဲ့သား အသက် ၄၁ နှစ်အရွယ် ဦးမောင်မောင်အေး ဖြစ်ကြောင်းသိရပါတယ်။

စက်တင်ဘာလ ၂၂ရက်

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာမှ မတရားအသင်းဆက်သွယ်မှု ပုဒ်မ (၁၇)နဲ့ တရားစွဲဆိုခံထားရတဲ့ ကိုမောင်ချေ(ခ)မောင်သက်စိုးရဲ့ အမှုအမှန်ကို အမြန်ဆုံးစစ်ဆေးပေးဖို့ ဇနီးဖြစ်သူက တောင်းဆိုထားပါတယ်။

စက်တင်ဘာလ ၂၁ရက်

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် အမဲခင်ကျေးရွာမှာ မီးရရှိရန် လုပ်ဆောင်နေစဥ်အတွင်း မီးကြိုး ပေ ၂ထောင်ခန့် အခိုးခံခဲ့ရတယ်လို့ သိရပါတယ်။

လျှပ်စစ်ဝန်ထမ်းများက စက်တင်ဘာ ၁၈ရက်နေ့င အမဲခင်ရွာ နဲ့ ကျွဲချဖက်ကို ဆက်သွယ်ပြုလုပ်မယ့် မီးကြိုးတွေကို အမဲခင်ရွာရဲ့ကမ်းအနီးမှာ ချန်ထားခဲ့တဲ့ မီးကြိုးတွေ အခိုးခံခဲ့ရတာပါဖြစ်ပါတယ်။

ယခုလိုအခိုးခံရမှုကြောင့် လျှပ်စစ်မီး အချိန်မရရှိသေးတာဖြစ်ပြီး ကျေးရွာတစ်ချို့ကိုတော့ စက်တင်ဘာလ ၂၄ ရက်နေ့မှာ ပြန်လည် စတင်မီးပေးသွားမယ်လို လျှပ်စစ်ဝန်ကြီးဌာနက တာဝန်ရှိသူကပြောဆိုခဲ့ပါတယ်။

စက်တင်ဘာလ ၂၀ရက်

ယခုလအတွင်း စစ်ကောင်စီတပ်က ပုဏ္ဏားကျွန်း၊ ကျောက်တော်နဲ့ တောင်ကုတ်မြို့ပေါ်တွေမှာ ညည့်အချိန်စစ်ရေးလှုပ်ရှားမှု ပြုလုပ်နေတာတွေ ကိုတွေ့မြင်ရပါတယ်။

စက်တင်ဘာလ ၁၉ရက်နေ့ ည ၉နာရီကျော်အချိန်က ပုဏ္ဏားကျွန်းမြို့ပေါ်မှာ စစ်ကောင်စီတပ် ၅၅၀က စစ်ကား ၂စီးနဲ့မြို့ထဲ နေရာအနှံ့ပတ်သွားနေခဲ့တယ်လို့သိရပါတယ်။

မင်းပြားမြို့ ပြည်တော်လှရပ်ကွက် ရွှေပြည်စိုးပေါင်းကူးကွန်ကရစ်တံတားဘေးမြောင်းထဲတွင် အမျိုးသားတစ်ဦးရေနစ်သေဆုံးလျက် တွေ့ရှိခဲ့တယ်သိရပါတယ်။

သေဆုံးတဲ့သူမှာ မင်းပြားမြို့ ပြည်တော်လှရပ်ကွက်က အဖ ဦးမောင်ထွန်းမြရဲ့သား အသက် ၅၈နှစ်အရွယ် ဦးဗိုလ်ကျော်အောင်ဖြစ်ပါတယ်။

ရခိုင်ပြည်၊ မာန်အောင်မြို့ရှိ မေဃသစ္စာဖုန်းဆိုင်ပိုင်တစ်ဦးဖြစ်တဲ့ ဦးစည်သူကို PDF နှင့်ဆက်စပ်ပြီး စစ်ကောင်စီက ၅၀၅ ( က )ဖြင့် စက်တင်ဘာလ ၂၀ရက်နေ့က အမှုဖွင့်လိုက်တယ်လို့သိရပါတယ်။

ဦးစည်သူမှာ စစ်ကောင်စီရဲ့လုပ်ရပ်တွေကို လူမှုကွန်ရက် စာမျက်နှာမှာ ဆန့်ကျင်ရေးသားတာတွေနှင့် ယခင်က NLD ထောက်ခံသူတစ်ဦးဖြစ်တဲ့အတွက် ယခုလို ဖမ်းဆီးလိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။

စက်တင်ဘာလ ၁၉ရက်

စစ်တွေက ပုဒ်မ ၅၀၅(ခ)နဲ့ ဖမ်းဆီး တရားစွဲဆိုခံထားရတဲ့ ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးကို စစ်ကောင်စီက ဆေးကုသခွင့် မပေးခဲ့ဘူးလို့သိရပါတယ်။

ဒေါ်ညိုအေးမှာ သြဂုတ် ၁၉ ရက်နေ့က ဆန်ပြဿနာနေ့ကျင်းပရာမှာ တက်ရောက်ခဲ့ကာ အတွေ့အကြုံတွေကို ဟောပြောခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပါတယ်။

စက်တင်ဘာလ ၁၈ရက်

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်က မုဒိန်းကျင့် လည်လှီးသတ်ဖြတ်ခံခဲ့ရတဲ့ ကျောင်းဆရာမ ဒေါ်နှင်းယုနွယ်ရဲ့အမှု ရက္ခိုင်တပ်တော် ULA/AAက သံသယရှိသူတွေကို စုံစမ်းဆေးနေတယ်လို့သိရပါတယ်။

ကျောင်းဆရာမ ဒေါ်နှင်းယုနွယ်မှာ အသက် ၃၅နှစ်သာရှိပြီး စက်တင်ဘာလ ၁၆ရက်နေ့ နံနက် ၉နာရီကျော်အခန့်က လည်လှီး သတ်ဖြတ်ခံခဲ့ရတာပါ။

Arakan Bay News က ရခိုင်ပြည်တွင်း တစ်ပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဥ်တွေကို သတင်းအနှစ်ချုပ် တင်ပေးတာ ဖြစ်ပါတယ်။

Arakan Bay News

ထင်မြင်ယူဆချက်‌‌ပေးရန်