Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အပတ်စဥ်သတင်းစုစည်းမှု (Weekly News)

အပတ်စဥ်သတင်းစုစည်းမှု (Weekly News)

ABN-ထက်မြတ်ခင်

ဧပြီ၂ရက်အတွက် သတင်းစုစည်းမှု

ရခိုင်ပြည် စစ်တွေမြို့ ဓညဝတီရပ်ကွက်မှာ ဧပြီလ ၁ရက်နေ့ ညနေ ၉နာရီခွဲအချိန်က ဆီမီးခွက်ထွန်းရာကနေ ​နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် တစ်လုံး မီးလောင်ကျွမ်းသွားကြောင်း သိရသည်။ မီးသတ်ကားများနဲ့ လူမှုကယ်ဆယ်ရေးအသင်းများ ရောက်တဲ့အချိန်မှာ နေအိမ်မီးလောင်ကျွမိးနေပြီလို့ သိရပါတယ်။

ရုရှား FSBက ဖမ်းဆီးထားတဲ့ Wall street ဂျာနယ်က သတင်းထောက် Evan Gershkovichကို ချက်ချင်းပြန်လွတ်ပေးရန်တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် အမေရိကန်သမ္မတကလည်း ပြန်လွှတ်ပေးဖို့ဘတောင်းဆိုထားပါတယ်။

ရခိုင်ပြည် ကျောက်ဖြူခရိုင်၊ မြို့ချောင်းတိုက်နယ် ကျောက်ခမောက်ကျေးရွာအနီးရှောက်ချောင်းထဲမှာ ပေ၂၅ပေကျော်ရှိတဲ့ ဝေလငါးမန်းကြီး၁ကောင် သောင်တင်သေဆုံးနေတာကို  ဧပြီလ ၁ရက်နေ့က တွေ့ရှိခဲ့ပါတယ်။

မတ်လ ၃၀ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်းမှာ ခိုးဝင်တဲ့မြန်မာရွှေ့ပြောင်းလုပ်သား၂၅ဦးကို ထိုင်းအာဏာပိုင်အဖွဲ့တွေက ချူဖွန်ခရိုင် အဝေးပြေးလမ်းမ စစ်ဆေးရေးဂိတ်တစ်ခုမှာ ဖမ်းဆီးလိုက်တယ်လို့သိရတယ်။

ရခိုင်ပြည် ရသေ့တောင်မြို့နယ် အာကာတောင်ကျေးရွာက အသက်၁၄နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားလည်လှီးသတ်ဖြတ်ခံရလို့ သေဆုံးသွားခဲ့ပါတယ်။ သေဆုံးသွားသူမှာ မမွတ်ဆာတက် ဖြစ်ပြီး အလောင်းကို ရသေ့မြို့နယ် သမီးလှရွာအနီးမှာတွေ့ရှိခဲ့တယ်လို့သိရပါတယ်။

ရခိုင်ပြည် မြောက်ဦးမြို့မှ ဒေသခံများ သောက်သုံးရေ ပြတ်လပ်မှုကြုံနေရကြရတဲ့အတွက် မြောက်ဦးမြို့ရှိ ရှေးဟောင်းရေတွင်း၂တွင်းနဲ့ လက်ဆည်ကန်အနီးမှာရှိတဲ့ သောက်ရေကန်ကို ပြန်လည်တူးဖော်နေကြတယ်လို့ မြောက်ဦးမြိုခံ ကိုခိုင်မင်းသျှင်က ပြောပါတယ်။

ဧပြီ ၁ရက်နေ့အတွက် သတင်းစုစည်းမှု

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာ ပေါ်တော်မူရပ်ကွက်မှာ မတ်လ ၃၁နေ့ ည ၉နာရီအချိန်က ဦးလှမောင်သာရဲ့ သားဖြစ်သူကအရက်မူးပြီး ဆေးလိပ်သောက်ရာကနေ နေအိမ်မီးလောင်သွားပြီး ဦးလှမောင်သာရဲ့သား အသက် ၃၁အရွယ် မောင်ပြားချေသေဆုံးသွားခဲ့ပါတယ်။

မတ်လ ၃၁ရက်နေ့က စစ်ကောင်စီိက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် အင်ဒေါင်းရွာမှ အရပ်သား၄ဦးသေဆုံးကာ ၉ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်။

ရခိုင်ပြည် စစ်တွေမြို့အလယ်ရှိ မာစီးဒီးတည်းခိုခန်း တတိယအခန်းကို ငှားနေတဲ့သူက လျှပ်စစ် လေပန်ကာကို မပိတ်ဘဲထားခဲ့ရာမှ ဝါယာရှော့ဖြစ်ပြီး မီးလောင်မှု အနည်းငယ်ဖြစ်ပွားခဲ့တယ်လို့သိိရပါတယ်။

ချင်းပြည်နယ် ထန်တလန်မြို့နယ် ခွာဖိုကျေးရွာကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခြင်းဖြစ်တယ်လို့ ချင်းအမျိုးသားတစ်ဦး CNFက ဧပြီလ ၁ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ရခိုင်ပြည် ရသေ့တောင်မြို့နယ် မယူကမ်းသရက်ချောင်းကျေးရွာမှာ မျက်မမြင်သူ၃ဦးရှိတဲ့ မိသားစုတစ်စု စားဝတ်နေရေးတွက် အကူညီများလိုအပ်နေပါတယ်။

ရခိုင်ပြည် မြောက်ဦးမြို့နယ်မှာရှိတဲ့ မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်းမှာ အိမ်ထောင်စု ၁၉၁စု၊ လူဦးရေ ၇၉၁ဦးရှိပြီး စားနပ်ရိက္ခာဆန်များပြတ်လပ်နေတဲ့အတွက် စားသောက်ရေးအခက်အခဲနဲ့ ရင်ဆိုင်နေကြရပါတယ်။

မတ်လ၃၁ ရက်နေ့အတွက် သတင်းများစုစည်းမှု

ရခိုင်ပြည် ကျောက်ဖြူမြို့တွင် မတရားအသင်းဆက်သွယ်မှုပုဒ်မ၁၇ (၁)ဖြင့် တရားစွဲခံထားရတဲ့ ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်အပါဝင်၁၄ဦးကို မတ်လ၂၉ရက်နေ့က ၁၅ကြိမ်မြောက်ရုံးထုတ်ခဲ့သော်လည်း တရားလို မရောက်တဲ့အတွက် ရုံးချိန်းထပ်မံရွှေ့ဆိုင်းလိုက်ပါတယ်။

မတ်လ ၃၀ရက်နေ့က  စစ်ကောင်စီက တပ်စွဲထားတဲ့မြောက်ဦးမြို့ ရွှေတောင်မီးလောင်မှုဖြစ်ပွားခဲ့ပြီး ည ၁၂နာရီအချိန်မှာ ရွာသားများနဲ့ ထိုတောင်နေ စစ်ကောင်စီတပ်သာအချို့ မီးသတ်ခဲ့တဲ့အတွက် မီးငြိမ်းသွားခဲ့ပါတယ်။

မလေးရှားနိုင်ငံ၊ ပီနန်ပြည်နယ် ရေပိုင်နက်အတွင်း မြန်မာနိုင်ငံသား ၅ဦးပါတဲ့ လှေတစ်စီးကို Muka Head၏ အနောက်မြောက်ဖက်ရေမိုင် ၃၂.၇မိုင်မှာ မတ်လ ၃၀ရက်နေ့ ညည့်သန်းခေါင်ယံအချိန်မှာ ဖမ်းဆီးခံခဲ့ရပါတယ်

အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပါတီမှတ်ပုံတင် လျှောက်ထားခြင်းမရှိတဲ့ နိုင်ငံရေး ပါတီ ၄၀ကို မတ်လ၂၈ရက်နေ့မှာ ဖျက်သိမ်းကြောင်း ထုတ်ပြန်ကြောညာချက်မှာ ရခိုင်က ပါတီ၃ခုပါဝင်ကြောင်းလည်းသိရပါတယ်။

ရက္ခိုင့်တပ်တော်နှင့်စစ်ကောင်စီတို့ကြား တကျော့ပြန် အပစ်ခတ်ရပ်ထားပြီးနောက် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ၃ကြိမ်မြောက် ရခိုင်သို့ရောက်ရှိခဲ့ပါတယ်။

အိန္ဒိယနိုင်ငံရှိ မဒ္ဒယာပရာဒက်ပြည်နယ် အလယ်ပိုင်းမှာ ကြာသပတေးနေ့က Indoreရှိ ဟိန္ဒူ ဘာသာဝင်အများကိုးကွယ်တဲ့ ဟိန္ဒးဘာသာ ဘုရားကျောင်းတစ်ခုမှာ ရာမနုတ်ဘုရားအတွက် ပွဲတစ်ခုပြုလုပ်ရာကဘုရားကျောင်းပြိုကျပြီး အနီးအနားရှိ ရေတွင်းအတွင်းသို့ ဘုရားဝတ်ပြုနေသူ အများအပြားကျသွားကာ သေဆုံးသူ၃၅ဦးအထိရှိခဲ့ပါတယ်။

Jesus Lin, [4/3/2023 9:00 PM]
မော်စကို၏ The wall street Journalမှာ အလုပ်လုပ်နေတဲ့ အသက် ၃၁အရွယ် အမေရိကန်သတင်းထောက် Evan Gershovish ကို အမေရိကန်အစိုးအတွက် သူလျှိုလုပ်နေတယ်ဟုဆိုကာ ဖမ်းဆီလိုက်တယ်လို့ ရုရှားပြည်ထောင်စုံလုံခြုံရေး FSBတပ်ဖွဲ့များက ကြာသပတေးနေ့ကပြောခဲ့ပါတယ်။

မတ်လ ၃၁ ညနေ့က ရခိုင်ပြည် ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များကို စစ်ကောင်စီက အတင်းနေရပ်ပြန်ခိုင်းပြီး အဆောင်များကိုပါ ဖြိုဖျက်ခိုင်းတဲ့အတွက်ကြောင့် စစ်ဘေးရှောင်များကိုယ်တိုင်ဖြိုဖျက်ခဲ့ရတယ်လို့သိရပါတယ်။

ရခိုင်တွင်အာဏာသိမ်းစစ်ကောင်စီက မတရားဖမ်းဆီးကာ တရားစွဲဆိုခံပြီး တရားရင်ဆိုင်နေရတဲ့အမှုများ စစ်ဆေးပြီးဖြစ်သော်လည်း အပြီးသတ်အမိန့်မချဘဲ ဥပဒေကို လက်တစ်လုံးခြားလုပ်ကာအကြောင်းအမျိုးမျိုးပြပြီး အကြိမ်ကြိမ်ရုံးချိန်းရွှေ့ဆိုင်းနေပါတယ်။

မတ်လ၃၀ နေ့အတွက် သတင်းများစုစည်းမှု

ရခိုင်ပြည် ကျောက်တော်မြို့ စစ်ဘေးရှောင်စခန်းမှာရှိတဲ့ စစ်ဘေးရှောင် ၆၀၀ ကျော်ကို စစ်ကောင်စီက အတင်းအဓမ္မနေရပ်ပြန်ခိုင်းတာကြောင့် မတ်လ ၃၀ရက်နေ့က စပြီး နေရပ်ပြန်သွားခဲ့ကြပါတယ်။

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ မတ်လ ၃၀နေ့နံနက်ပိုင်းက စစ်ကောင်စီက တိုက်ပွဲဖြစ်ဘဲ ခွါဖိုရွာကို ရဟတ်ယာဥ်များဖြင့် တိုက်ခိုက်ခဲ့တဲ့အတွက် ခရစ်ယာန် ဘာသာရေး ဆရာ Mr.za mawingရဲ့ သမီး ၂ဦး မြေး ၂ဦးအပါဝင် ၁၀ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရရှိသူ ၂၀ အထိရှိခဲ့တယ်။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ ရခိုင်ပြည် ကျောက်တော်မြို့နယ် ရောင်စုံကျေးရွာမှာ ကိုကံလှမောင်မှာ ဆိုင်ကယ်တိုက်ခိုက်ခံရပြီး ဒဏ်ရာပြင်းထန်းစွာရရှိသွားတဲ့အတွက်ကြောင်း ဆေးရုံမှာ ဆေးကုသမှုခံယူနေရပြီး ခွဲစိပ်ကုသဖို့ ငွေကြေးအကူညီလိုအပ်နေတယ်လို့ သိရပါတယ်။

မတ်လ၂၉နေ့အတွက် သတင်းစုစည်းမှု

စစ်ကောင်စီက ပြဋ္ဌာန်းထားတဲ့ နိုင်ငံရေပါတီ မှတ်ပုံပြန်တင်ရမယ့်ရက်မှာ ရက်ပြည်ပီဖြစ်တဲ့အတွက် မြန်မာပြည်တပြည်လုံးကမှတ်ပုံမတင်တဲ့ ပါတီပေါင်း ၄၀ကို ဖျက်သိမ်းလိုက်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က မတ်လ၂၈နေ့ကထုတ်ပြန်လိုက်ပါတယ်။

ပုဒ်မ၂ခုဖြင့်တရားစွဲဆိုခံထားရတဲ့ ရခိုင်ပြည် မြောက်ဦးမှဒေသခံ ၃ဦးတို့ အမှုမှာ ၉လထိကြာမြင့်လာသည့်တိုင်အောင် အမှုမပြီးပြတ်နိုင်သေးဘဲ မတ်လ၂၈ရက်နေ့က ရုံးထုတ်ခဲ့သော်လည်း စစ်ကောင်စီဖက်က တရားလို မရောက်ရှိခဲ့ပါဘူးလို့ သိရပါတယ်။

ရခိုင်ပြည် ကျောက်တော်မြို့ သိမ်ပြင်စစ်ဘေးရှောင်စခန်းမှာ စစ်ဘေးရှောင်တွေနေတဲ့ အဆောင်များ ပေါက်ပြဲ၊ ပျက်စီးနေတဲ့အတွက် ပြန်လည်ပြုပြင်ရန် အကူအညီများလိုအပ်နေတယ်လို့သိရပါတယ်။

ရခိုင်ပြည်ရဲ့ ရှေးဟောင်းမြို့တော်တစ်ခုဖြစ်တဲ့ မြောက်ဦးမြို့မှာ စည်းကမ်းမဲ့ အမှိုက်တွေ စွန့်ပစ်မှုနဲ့ စည်ပင်ကလည်း ပုံမှန်အမိူက်သိမ်းမှုမရှိတဲ့ အတွက်ကြောင်း မြို့အတွင်း သင်္ဘော ဆိပ်ကမ်း၊ စန္ဒမုနိဘုရားလမ်း၊ နန်းရာကုန်းစတဲ့နေရာတွေမှာ အမှိုက်တွေ စုပြုံလျက်ရှိပါတယ်။

ထိုင်ဝမ်သမ္မတအနေဖြင့် အမေရိကန် လွှတ်တော် ပြောခွင့်ရပုဂ္ဂိုလ် Kevin McCarthyနဲ့တွေ့ဆုံခဲ့ပါက လက်စားချေမယ်လို့ တရုတ်က ခြိမ်းခြောက်ပြီးတဲ့နောက် ထိုခြိမ်းခြောက်မှုကို လျစ်လျူရူကာ အမေရိကန်သို့ သွားရောက်ခဲ့တဲ့ သမ္မတ Tsai Ing-Wenက ကမ္ဘာကြီးနှင့် ဆက်ဆံနေတဲ့ ထိုင်ဝမ်နိုင်ငံအတွက် ပြည်ပဖိအားတွေ ရပ်တန့်သွားမှာ မဟုတ်ဘူးလို့ မတ်လ၂၈နေ့ရက်ပြောကြားခဲ့ပါတယ်။

ရခိုင်ပြည် ကျောက်တော်မြို့နယ် ကာဒီရွာမှ စစ်ကောင်စီတပ်က စစ်ပုန်ကန်မှုဖြင့်တရားစွဲထားတဲ့ ဆန်စက်ပိုင်ရှင်နှင့်အတူ ဒေသခံတစ်ဦးတို့မှာ ၉ကြိမ်တိုင်တိုင် တရားရုံးထုတ်ခဲ့သော်လည်း စစ်ကောင်စီဖက်မှ တရားလိုရောက်မလာခဲ့လို့ ရုံးချိန်းထပ်မံရွှေ့ဆိုင်းခဲ့ပါတယ်။

မတ်လ ၂၈နေ့အတွက်သတင်းစုစည်းမှု

အမေရိကန် ကိုယ်ပိုင်ကျောင်း၁ခုမှာ Nashvileဧရိယာမှာနေထိုင်တဲ့ အသက်၂၈နှစ်အရွယ် အမျိုးသမီးတစ်ဦးက ကျောင်းသား ၃ဦးအပါအဝင် လူ ၆ဦးကိုသေနတ်ဖြင့် ပစ်သတ်ခဲ့ကာ ထိုအမျိုးသမီးကို ရဲတပ်ဖွဲ့က အသေပစ်ပြီး ဖမ်းဆီးလိုက်ပါတယ်။

ကရင်နီပြည်နယ်၊ ပြည်သူ့ကာကွက်ရေးတပ်-(DMO-Local-PDF) D.M.O.Local PDF Drone Teamမှ 50 MM အသီးကို ဇန်နဝါရီလ ၁ရက်နေ့က စတင်စမ်းသပ်လုပ်ခဲ့ပြီး မတ်လ၂၅ရက်နေ့မှာ ရာနှုန်းပြည့်စမ်းသပ်ထုတ်လုပ်အောင်မြင်ခဲ့တယ်လို့ မတ်လ၂၇နေ့ကထုတ်ပြန်ထားပါတယ်။

ကရင်ပြည် သံလွှင်မြစ်ဘေးအနီးမှာတည်ရှိတဲ့ စစ်ကောင်စီရဲ့ အကြီးဆုံးတပ်စခန်းတစ်ခုဖြစ်တဲ့ မယ့်ခါထားတပ်စခန်းကို မတ်လ၂၈ရက်နေ့ နံနက်ပိုင်းက KNLA တပ်မဟာ(၅)က တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။

ရခိုင်ပြည် ကျောက်တော်မြို့မှာရှိတဲ့ စစ်ဘေးရှောင်အများစုမှာ စစ်ကောင်စီက ပေးတဲ့ငွေ ၆သိန်း ကိုယူပြီး မတ်လ ၃၁နေ့ကို နောက်ဆုံးထားပြီးတော့ နေရပ် နေရပ်ပြန်ကြမှာဖြစ်ပြီး ၎င်းတို့၏နေအိမ်တွေကိုပါဖြိုဖျက်ထားခဲ့ရမယ်လို့ စစ်ကောင်စီကပြောပါတယ်။

ရခိုင်ပြည် မြောက်ဦးမြို့နယ်မှာရှိတဲ့ တိန်ညိုစစ်ဘေးရှောင်စခန်းနဲ့ တင်းထိန်ကန်စစ်ဘေးရှောင်စခန်းတွေက စစ်ဘေးရှောင်အချို့မှာ နေရပ်ပြန်နိုင်ရေးအတွက် စစ်ကောင်စီထံစာရင်းပေးထားတယ်လို့ သိရပါတယ်။

Jesus Lin, [4/3/2023 9:00 PM]
မတ်လ ၂၈ရက်နေ့ မွန်းလွှဲအချိန်က ရခိုင်ပြည် စစ်တွေမြို့ ရွှေမင်းဂံဆိတ်ကမ်းသို့ ပင်လယ်ဖက်က လာတဲ့ စစ်ကောင်စီနေဗီတစ်စီမှာ စစ်သားအင်အား၅၀၀ခန့်နှင့် လက်နက်ခဲယမ်းတွေနဲ့အတူ ရောက်ရှိလာတယ်လို့သိရပါတယ်။

ရခိုင်ပြည် ကျောက်တော်မြို့မှ စစ်ကောင်စီက မတရားဖမ်းဆီးပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရတဲ့ လူထုဇော်ဝင်း အပါအဝင် ဒေသခံ ၃ဦးကို မတ်လ၂၈ရက်နေ့မှာ အပြီးသတ်အမိန့်ချမယ်လို့ ပြောထားသော်လည်း အမိန့်မချဘဲ ထပ်မံရုံးချိန်းရွှေ့ဆိုင်းလိုက်ပါတယ်။

ရခိုင်ပြည် ရသေ့တောင်မြို့နယ်ရှိ စေတီပြင် စစ်ဘေးရှောင်စခန်းမှာ စစ်ဘေးရှောင်များအတွက် အဆောင်များပြန်လည်ဆောက်လုပ်ဖို့ အရေးတကြီးအကူအညီများလိုအပ်နေပါတယ်။ အဲဒီစခန်းမှာ စစ်ဘေးရှောင် အိမ်ထောင်စု ၃၁၃စုရှိပါတယ်။

အင်တာနက်လိုင်း မကောင်းတဲ့အတွက်ကြောင့် အာဖဂန်က အမျိုးသမီးတွေ အွန်လိုင်းသင်တန်းတက်ရောက်ဖို့ အခက်အခဲနဲ့ရင်ဆိုင်နေကြရပါတယ်။

မတ်လ ၂၇နေ့အတွက် သတင်းစုစည်းမှု

စစ်ကောင်စီရဲ့ ၇၈နှစ်မြောက် တပ်မတော်နေ့က ဗိုလ်ချုပ်မှူးကြီးမင်းအောင်နိုင်ဟာ NUG၊PDFတို့ကို ကူညီထောက်ပံပေးတဲ့ မည်သူ့​ကိုမဆို ပြင်းပြင်းထန်းထန်း အရေးယူသွားမယ်လို့ပြောခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာရှိတဲ့ အသက်၁၅နှစ်မှ၂၄အရွယ် ထိုင်းလူငယ် ၁.၅သန်း နိုင်ငံရဲ့ ၁၅ရာခိုင်နှုန်းဟာ အလုပ်လက်မဲ့ဖြစ်နေကြရပါတယ်။

အစ္စရေးနိုင်ငံရဲ့ တရားရေးစနစ်ပြောင်းလဲမယ့် အစီအစဉ်ကို ရပ်ထားရန် တောင်းဆိုခဲ့တဲ့ အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအက်ဗ်ဂေလန့်ကို ဝန်ကြီးချုပ် ဆင်ဂျမင်နေတန်ယာဟုက မတ်လ၂၆ရက်နေမှာ ရာထူးက ထုတ်ပယ်လိုက်တယ်လို့သိရပါတယ်။

မတ်လ၂၇နေ့ ညနေပိုင်းက အနောက်ပိုင်းတိုင်း စစ်ဌာနာချုပ်တည်ရှိတဲ့ အမ်းမြို့မှာ တပ်မတော်နေ့ (စကစ) အထိမ်းအမှတ်အဖြစ် ညပွဲတွင် လက်နက်ကြီး/ငယ်တွေ ပစ်ဖောက်ခဲ့တယ်လို့သိရပါတယ်။ အဲလိုပစ်ဖောက်ခဲ့လို့ မြို့နေပြည်သူများအထိတ်တလန့်ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

ထင်မြင်ယူဆချက်‌‌ပေးရန်