Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အပတ်စဥ်သတင်းစုစည်းမှု-Weekly News

AB News- ဟိန်းထွန်း
အောက်တိုဘာလ ၉ ရက်မှ ၁၅ ရက်ထိသတင်းများစုစည်းမှု

အောက်တိုဘာလ ၁၅ ရက်

ရခိုင်ပြည်၊ မြေပုံမြိုနယ် စညှင်းရွာမှာ အောက်တိုဘာလ ၁၄ရက်နေ့က ကစကတပ်ဖွဲဝင် ၂ ဦးဟာ အရက်ရောင်းချနေတဲ့ မဥမ္မာစိုးရဲ့ ဖုန်း ၁ လုံးကိုခိုးသွားခဲ့ပြီး ပြန်လည်ရရှိခဲ့တယ်လို သိရပါတယ်။

ပေါက်တောမြိုနယ် လက်ပံပြားရွာက ပျောက်ဆုံးနေတဲ့ ဦးမောင်ရဲ့သားဖြစ်တဲ့ အသက် ၂၉နှစ်အရွယ် ဦးဇော်ဦးချေကို အောက်တိုဘာလ ၁၃ ရက်နေ့က ရွာရဲ့မြောက်ဖက်ရေကန်မှာ ရေနစ်ပြီးသေဆုံး နေတာကို တွေ့ခဲ့တယ်လို သိရပါတယ်။

ရသေ့တောင်မြိုပေါ်ရှိ ရွှေပါရမီ စစ်ဘေးရှောင်စခန်းမှာ အိပ်ယာခင်းဖျာများလိုအပ်နေတယ်လို စခန်းတာဝန်ခံနဲ့ စစ်ဘေးရှောင်တွေက အောက်တိုဘာလ ၁၅ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။

ဆရာမ နှင်းယုနွယ်သတ်အား သတ်ဖြတ်ရာမှာ အသုံးပြုခဲ့ မောင်မောင်အေးရဲ့ သက်သေခံဓားကို အောက်တိုဘာလ ၁၅ ရက်နေ့က ရက္ခိုင့်တပ်တော် တပ်ဖွဲဝင်တွေ ရေငုတ် ရှာဖွယ်တွေ့ရှိသွားပြီလို မိသားစု ဝင်တွေက ပြောပါတယ်။

အောက်တိုဘာလ ၁၄ ရက်

ဆရာမ နှင်းယုနွယ်အမှုမှာ Western News သတင်းဌာနမှတင်တဲ့ “တရားခံတစ်ဦးထက်ပိုတယ်” လို ရေးသားထားခြင်းဟာ သတင်းမှားဖြစ်တယ်လို အောက်တိုဘာလ ၁၄ ရက်နေ့က မီဒီယာများကို AA ပြန်ကြားရေးတာဝန်ခံဦးခိုင်သုခက အတည်ပြုပြောကြားခဲ့တာကိုတွေ့ရပါတယ်။

ဂါဇာကမ်းမြောင်ဒေသ မြောက်ဘက်အခြမ်းမှာ  နေထိုင်တဲ့ အရပ်သား ၂.၃ သန်းကျော်ထဲက ၁ သန်းကျော်ကို တောင်ဘက်ပိုင်းကို ၂၄ နာရီအတွင်း ထွက်သွားဖို  အစ္စရေး ကာကွယ်ရေးဌာနက ကြေညာထားခြင်းကို လျစ်လျူရှုဖို ဟားမတ်စ်က ဂါဇာအရပ်သားတွေကို အောက်တိုဘာလ ၁၄ ရက်နေ့မှာ ပြောကြားခဲ့တယ်လို  APသတင်းဌာနတွင်ဖာ်ပြချက် သိရပါတယ်။

ပုဏ္ဏားကျွန်းမြိုနယ်ရှိ၊ ဂဏန်းတောင်စစ်ဘေးရှောင်စခန်းမှာ စားနပ်ရိက္ခာပြတ်လပ်နေတဲ့အတွက် သက်ဆိုင်တဲ့အဖွဲအစည်းတွေက လောက်ရောက်ကူညီပေးစေချင်တယ်လို အောက်တိုဘာလ ၁၄ ရက်နေ့က ဒုစခန်းတာဝန်ခံနဲ့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

အောက်တိုဘာလ ၁၃ရက်နေ့ ညပိုင်း ၈နာရီကျော်အချိန်လောက်က တစ်ရွာတည်းနေ ကိုမောင်စောအေးက ဦးနိုင်နိုင်ကို  ကျောက်ပြင်ရွာလှေဆိပ်နားမှာ ဓားရှည်နဲ့ခုတ်သတ်ခဲ့တဲ့အတွက် သေဆုံးသွားခဲ့တယ်လို သိရပါတယ်။ သေဆုံးသွားတဲ့သူမှာ သားသမီး ၂ဦးရှိပြီး မိန်းမဖြစ်သူမှာ ကိုယ်ဝန်ရှိနေတယ်လို သိရတယ်။ တရားခံကို AA ကဖမ်းဆီး အရေးယူထားတယ်လိုသိရပါတယ်။

ကျောက်တော်မြိုနယ် အပေါက်ဝကျေးရွာက ရက္ခိုင့်တပ်တော်နဲ့ဆက်စပ်ပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁)နဲ့ တရားစွဲဆိုခံထားရတဲ့ ကိုမောင်ချေ(ခ)မောင်သက်စိုးရဲ့ အမှုမှန်ကို အမြန်ဆုံး စစ်ဆေးပေးဖို ဇနီးဖြစ်သူက အောက်တိုဘာလ ၁၄ရက်နေ့ကတောင်းဆိုလိုက်ပါတယ်။

အောက်တိုဘာလ ၁၃ ရက်

ပုဏ္ဏားကျွန်းမြို အလယ်စုရပ်ကွက်က အဖဦးဝမ်းဖားရဲ့ သမီးဖြစ် တဲ့ အသက် ၆၀အရွယ်ရှိ စိတ်မနှံသူ ဒေါ်မနုဟာ  အောက်တိုဘာလ ၁၂ ရက်နေ့က ရေတွင်းကိုခုန်ချပြီး သေဆုံးသွားတယ်လို ဒေသခံတွေက ပြောပါတယ်။

ကျောက်ဖြူမြိုမှာ ဆိုင်ကယ်ခိုးမှုနဲ့ ဖမ်းဆီးချုပ်နှောင်ထားတဲ့ ကိုအောင်နိုင်ရဲ့အလောင်းမှာ AA ရဲ့ရိုက်နှက်ဒဏ်ရာကြောင့် မဟုတ်ဘူးလို ထိုအလောင်းကို ရင်ခွဲစစ်ဆေးတဲ့ဆရာဝန်က အောက်တိုဘာလ ၁၃ ရက်နေ့မှာ အတည်ပြုပြောကြားလိုက်ပါတယ်။

ဆရာမနှင်းယုနွယ်အား လှည်လှီးသတ်ဖြတ်ခဲ့တဲ့ သံသယတရားခံမောင်မောင်အေားဟာ သူကိုယ်တိုင်သတ်ဖြတ်ခဲ့တယ်လို အောက်တိုဘာလ ၁၃ ရက်နေ့က က္ခိုင့်တပ်တော် တရားရေးဌာနမှာဝန်ခံခဲ့ပြီး သတ်ဖြတ်ပုံ အဆင့်ဆင့်ကို သရုပ်ပြရိုက်ကူးခဲ့ကြောင်း သိရပါတယ်။

အောက်တိုဘာလ ၁၂ ရက်

အောက်တိုဘာလ ၁၂ ရက်နေ့က မြေပုံမြိုနယ် စညှင်းရွာရဲ့လမ်းနားမှာ စကစရဲ့ ထောက်ပို စခန်း ၂ခု တည်ဆောက်ထားတဲ့အတွက် ဒေသခံပြည်သူတွေ စိုးရိမ်နေကြတယ်လို သိရပါတယ်။

ရသေ့တောင်မြိုပေါ်ရှိ စေတီတောင်စစ်ဘေးရှောင်စခန်းမှာ စားနပ်ရိက္ခာအခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့အတွက် ကူညီပေးနိုင်တဲ့ ဘယ်အဖွဲအစည်းမဆို လာရောက်ထောက်ပံ့ပေးစေချင်တယ်လို စစ်ဘေးရှောင်တွေက ပြောပါတယ်။

အောက်တိုဘာလ ၁၀ ရက်

ဒိန်းမတ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ဟောင်းတဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး မသင်္ကာတဲ့ အသက် ၁၉ နှစ် အရွယ် စိုင်းမြတ်မိုးမြန်မာလူငယ်တဦးကို ထိုင်းရဲတပ်ဖွဲက လိုက်လံရှာဖွေနေပြီး ချင်းရိုင်ခရိုင်မှတစ်ဆင့် နယ်စပ်ဖြတ်ကျော်ကာ မြန်မာနိုင်ငံကို ထွက်ပြေးသွားခဲ့တယ်လို ဘန်ကောက်ပိုစ်မှာ ဖော်ပြထားတာကိုတွေ့ရပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့ ည၁၁ နာရီကျော်အချိန်မှာကချင်ပြည်နယ်၊ KIA/KIO  ဌာနချုပ်ရှိတဲ့ လိုင်ဇာကို စစ်ကောင်စီတပ်က လက်နက်ကြီးများနဲ့ ပစ်ခတ်ခဲ့တဲ့အတွက်ကြောင့် ကလေးငယ် ၁၃ ဦး အပါအဝင်  ပြည်သူ ၃၂ ဦး ထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရရှိခဲ့တယ်လို သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်၊

အောက်တိုဘာလ ၉ ရက်

မိုခါကြောင့်ပျက်စီးသွားခဲ့တဲ့ ရသေ့တောင်မြို၊ ကဿပညီနောင်ရှင်တစ်ထောင်ဘုရားမှာ ပြန်လည်ပြုလုပ်ဖိုအတွက် ငွေကြေးအကူအညီလိုအပ်နေတယ်လို ဂေါပက ဥက္ကဋ္ဌဦးသန်းကျော်အေးက အောက်တိုဘာလ ၉ ရက်နေ့က ပြောဆိုလိုက်ပါတယ်။

ထင်မြင်ယူဆချက်‌‌ပေးရန်