Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အပတ်စဥ်သတင်းစုစည်းမှု (Weekly News)AB News-သြဂုတ် ၂၈ ရက်

အပတ်စဥ်သတင်းစုစည်းမှု (Weekly News)AB News-သြဂုတ် ၂၈ ရက်

ဩဂုတ်လ ၂၇ရက်နေ့

ရခိုင်ပြည် ရမ်းဗြဲမြို့နယ် လေးတောင်မြို့က အသက် ၄နှစ် ၈လအရွယ် ကလေးတစ်ဦးအား မုဒိမ်းမှုကျူးလွန်ခဲ့သူကို သက်ဆိုင်ရာ အာရက္ခပြည်သူ့အစိုးရက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့သိရပါတယ်။

ဩဂုတ်လ ၂၆ရက်နေ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် ဇီးကုန်းတိုက်နယ်မှာရှိတဲ့ ငါးမြောင်းရွာက နေအိမ်တစ်လုံး ဓားမြတိုက်ခံခဲ့ရကာ နေအိမ်ထဲ အိပ်ပျော်နေတဲ့ လူ၅ဦးမှာလည်း ပစ်သတ်ခံရတယ်လို့သိရပါတယ်။

ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီးမှာ မြေပြိုကျမှုဖြစ်ပြီး လမ်းမကြီးပျက်စီးနေတဲ့နေရာမှာ ဘေလီတံတားဆောက်လုပ်ပြီးဖြစ်သော်လည်း လမ်းခိုင်ခန့်မှုအားနည်းနေသေးတဲ့အတွက် သွားလာခွင့်ကိုပိတ်ထားဆဲဖြစ်တယ်လို့သိရပါတယ်။

ဩဂုတ်လ ၂၅ရက်နေ့

ရခိုင်ပြည်ရဲ့ အဓိကကုန်စည်စီးဆင်းရာ လမ်းတစ်ခုဖြစ်တဲ့ ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းမှာ စစ်ကောင်စီက ခရီးသွားပြည်သူများကို စစ်ဆေးရေးတင်းကျပ်လာတယ်လို့ ဒေသခံတွေပြောကြားချက်အရသိရပါတယ်။

ဩဂုတ်လ ၂၃ရက်နေ့ ညနေ ၅အချိန်က ရခိုင်ပြည် ဘူသီးတောင်မြို့မှာ စကစ၏ စကခ တပ်မ (၁၅)က ပစ်လိုက်တဲ့ကျည်မှာ ရက္ခိုင့်တပ်တော် တပ်စခန်းတစ်ခုရဲ့ ဧရိယာအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။

ဩဂုတ်လ ၂၄ရက်နေ့

ရခိုင်ပြည်၊ စစ်တွေမြို့တွင် ၈၄နှစ်မြောက် ဆရာတော် ဦးဥတ္တမမနေ့အထိမ်းပွဲအဖြစ် ပြိုင်ပွဲ ပြုလုပ်ကျင်းပရန် ဗုဒ္ဓကျေးဇူးပရဟိတကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဦးဥတ္တမသိရီက ဦးဆောင်ကာ ၃ကြိမ်မြောက်ပပေးသွားမယ်လို့သိရပါတယ်။

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်က ပုဒ်မ၁၇(၁)ဖြင့် ဆန်စက်ပိုင်ရှင်နဲ့အတူ ပူးတွဲတရားစွဲဆိုခံထားရတဲ့ ကိုမောင်ချေ(ခ) မောင်သက်စိုးအား ဩဂုတ်လ ၂၄ရက်နေ့က ၂၀ကြိမ်မြောက်ရုံးထုတ်ခဲ့သော်လည်း စစ်ကောင်စီဖက်က တရားလိုပျက်ကွက်ခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂၃ရက်နေ့

ရခိုင်ပြည်၊ မြေပုံမြို့နယ် အငူကျေးရွာမှာ တည်ရှိတဲ့ သမိုင်းဝင် ရင်ရိုးတော်ဓာတ်ရဲ့ ဘုရားရင်ပြင်တော်ကို တိုးချဲ့ ဆောက်လုပ်ကိုင်ရန် ငွေကြေးအများအပြား လိုအပ်နေတယ်လို့ ဘုရားဂေါပကထံမှ သိရပါတယ်။

ရခိုင်ပြည်၊ မြောက်ဦးမြို့နယ် ပုရိန်(မူဆလင်)ကျေးရွာက အဖအာမီ၏သား အသက်၄၃အရွယ် ပွီးလှမှာ ဩဂုတ်လ ၂၂ရက်နေ့ က နေအိမ်ရှိ သစ်ပင်ကိုခုတ်ရာ သစ်ပင်နဲ့အတူ ဆလးမြို့မြစ်ထဲမျောပါ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂၂ရက်နေ့

ဩဂုတ်လ ၂၂ရက်နေ့က ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူကျေးရွာမှ အသက် ၆၀ နှစ်အရွယ် ဦးသန်းမောင်(ခ)ကျန်အောင်ချေမှာ အရက်မူးပြီး သောက်ရေကန်တွင် ရေခပ်ရာက ရေနစ်သေဆုံးသွားတယ်လို့သိရပါတယ်။

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် စပါးထား၊ ရဲရိုးပြင်၊ ဆားတောင်ပုတ်၊ အောင်စေယျ၊ သံချောင်းနဲ့ အောင်မြေကုန်စတဲ့ ကျေးရွာတွေမှာ မိုခါဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်ပြီးတဲ့နောက် ဝက်ရောဂါများဖြစ်ကာ သေဆုံးမှုများလာတယ်လို့သိရပါတယ်။

သြဂုတ်လ ၂၂ ရက်နေ့က ပုဏ္ဏားကျွန်းမြို့ ရွာဟောင်းရပ်ကွက်မှာ ကလေးငယ်တစ်ဦး မီးခြစ်ဖြင့်ကစားရာမှ နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

ဩဂုတ်လ ၂၁ရက်နေ့

ဩဂုတ်လ ၂၀ရက်နေ့က ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်အတွင်းမှာရှိတဲ့ အာရှမှာ ဒုတိယအကြီးဆုံးဝန်ဗိုက်ဒီရေသစ်တောကြိုးဝိုင်းကြီးမှာ ပျိုးထားတဲ့ ပျူးပင်နှင့် ပြာပင် ပျိုးပင် ၁သိန်းခန့်ကို စစ်ကောင်စီအဖွဲ့ဝင် သစ်တောဝန်ထမ်း ၃ဦးနှင့်အတူ ရက်ကျငှားခဲ့တဲ့ ဒေသခံ ၂၄ ဦးနှင့်အတူ နှုတ်ယူသွားတယ်လို့သိရပါတယ်။
အဲဒီပျိုးပင်တွေကို စစ်တွေနယ်မှာ မုန်တိုင်းကြောင့်ပျက်စီးသွားတဲ့နေရာတွေမှာ အစားထိုးစိုက်ပျိုးသွားမယ်လို့လည်း သိရပါတယ်။

ထင်မြင်ယူဆချက်‌‌ပေးရန်