Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အပတ်စဥ်သတင်းစုစည်းမှု (Weekly News)

အပတ်စဥ်သတင်းစုစည်းမှု (Weekly News)

Arakan Bay News-ABN

ဇူလိုင်လ ၃၀ရက်သတင်းစုစည်းမှု

မလေးရှားနိုင်ငံ၊ ဆန်းဝေးမြို့မှာ ပြီးခဲ့တဲ့ အပတ်က မြန်မာစားသောက်ဆိုင်တစ်ဆိုင်ကို မလေးရှားရဲတွေ ဝင်ရောက်ရှာဖွေခဲ့တဲ့အတွက် အလုပ်သမားအများစုထွက်းပြေးခဲဲ့ကာ၊ မြန်မာအမျိုးသမီး မရွှေစင်ထက်မှာ လှေကားပေါ်က ပြုတ်ကျပြီးသေဆုံးခဲ့ပါတယ်၊ လုပ်သား၈ဦးမှာလည်းဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ်။

ထိုင်းနိုင်ငံ နရတ်သီဝပ်ပြည်နယ် Sungai Kolok မြို့မှာ ဇူလိုင်လ၂၉ရက်နေ့က မီးရှူးမီးပန်းဂိုဒေါင်တစ်ခုအပြင်းထန် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်၊ ထိုပေါက်ကွဲမှုမှာ လူအနည်းဆုံး ၉ ဦးသေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရရှိခဲတယ်လို့Bangkok Post သတင်းစာဖော်ပြချက်အရသိရပါတယ်။

ဇူလိုင်လ ၂၉ရက် သတင်းစုစည်းမှု

ရခိုင်ပြည်၊ ပေါက်တောမြို့နယ် ကြိမ်နိန်ပြင် မူဆလင်ဒုက္ခသည်စခန်းကကျောင်းသား အဖဦးမောင်နီချေရဲ့သားအသက် ၁၈နှစ်အရွယ် မောင်ဆင်ခမောက်၊ အဖ ဦးလာလုရဲ့သား အသက်၁၉အရွယ် မောင်အလ်ဖင်၊ အဖ ဦးဘော်ထွီး၏သားဆင်ခမောင်တို့ ၃ဦးကို အမည်မသိလူကုန်ကူးတဲ့အဖွဲ့တစ်ခုက သိန်းတစ်ရာတောင်းကာ မပေးပါက အသက်အန္တရာယ်ရှိတဲ့လို့ခြိမ်းခြောက်ထားတယ်လို့သိရပါတယ်။

ရှမ်းပြည်နယ်( မြောက်ပိုင်း) လားရှိုးမြို့နယ်အတွင်းမှာရှိတဲ့ TNLAရဲ့ တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အတွက်အကြောင့် TNLAက တပ်သား ၅ဦးထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ TNLAကထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၂၈ရက်နေ့သတင်းစုစည်းမှု

ဇူလိုင်လ ၂၇ရက်နေ့က ရခိုင်ပြည်တောင်ကုတ်မြို့ရှိရွှေပွင့်အိမ်ရွှေဆိုင် ဓားပြတိုက်ခံခဲ့ရပြီး တရားခံ တစ်ဦးကို ပစ္စည်းများနှင့်အတူ နေ့တွင်းချင်း ဖမ်းဆီးရမိခဲ့ပြီး တရားခံမှာ မြေပုံမြို့နယ် ကမ်းထောင်းကြီးဇာတိဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်မှာ မေလ ၂၄ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ကျောက်တော်မြို့မှာရှိတဲ့ သမိုင်းဝင်မဟာမုနိဘုရားရှိ စိန်ပွင့်ငယ်တစ်ပွင့်ပျောက်ဆုံးသွားခဲ့တယ်လို့သိရပါတယ်။

ရခိုင်ပြည်မှာ ဇူလိုင်လအတွင်း ရေနစ်သေဆုံးသူ အမျိုးသား ၁၁ဦးနဲ့ အမျိူးသမီး ၃ဦး စုစုပေါင်း ၁၄အထိရှိလာပြီဖြစ်ပါတယ်။

ဇူလိုင်လ ၂၇ရက် သတင်းစုစည်းမှု

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့​နယ်မှာရှိတဲ့ ကျေးရွာအချို့မှာ ကျွဲ၊ နွားတွေ မျက်စိကွယ် ရောဂါဖြစ်နေကြတယ်လို့ လယ်သမားတွေဆီက သိရပါတယ်။

ရခိုင်ပြည် ရမ်းဗြဲမြို့တွင် နေအိမ်နှင့် ထမင်းဆိုင်ဖျက်ဆီးခံရကာ အိမ်ဥပဒေပုဒ်မ ၉(၁)နဲ့ အမှုဖွင့်တရားစွဲဆိုခံထားရတဲ့ ရမ်းဗြဲမြို့ အမှတ် ၃ရပ်ကွက်မှ အသက် ၅၇နှစ်အရွယ် ဦးအောင်လွင်နဲ့ အသက် ၄၀ အရွယ် ဦးမောင်းသန်းဌေးတို့ ညီအစ်ကို ၂ဦးကို ရုံးထုတ်စစ်ဆေးခြင်းမပြုဘဲ ဩဂုတ်လ ၃ရက်နေ့သို့ ထပ်မံရုံးချိန်းလိုက်တယ်လို့သိရပါတယ်။

ရခိုင်ပြည် ကျောက်တော်မြို့ ဂစ္ဆပနဒီ တံတားအောက်က ဇူလိုင် ၂၇နေ့မှာ ရေနစ်သေဆုံးတဲ့ အမည်မသိ အလောင်းတစ်လောင်း တွေ့ရှိတယ်လို့သိရပါတယ်။

ဇူလိုင်လ ၂၆ရက်နေ့သတင်းစုစည်းမှု

စစ်ကောင်စီက ရက္ခိုင့်တပ်တော် AAနှင့်ဆက်စပ်တယ်ဟုဆိုကာ ပုဒ်မ ၂ခုနဲ့ တရားစွဲဆိုထားတဲ့ ဘူးသီးတောင်မြို့နယ် မင်းတပ်ချောင်း(ဒိုင်းနက်) ကျေးရွာက အုပ်ချုပ်ရေးမှူး အသက် ၆၆နှစ်အရွယ် ဦးဦးကျော်လှနဲ့ မီးကျောင်းဈေး(မူဆလင်)ကျေးရွာမှ ဦးဟာမိတ်တူဆောင်း တို့နှစ်ဦးကို ဇူလိုင်လ၂၅နေ့က ရုံးထုတ် စစ်ဆေးပြီး ဩဂုတ်လ ၈ရက်နေ့သို့ ရုံးထပ်မံချိန်းဆိုလိုက်တယ်လို့သိရပါတယ်။

ရခိုင်ပြည်၊ စစ်တွေမြို့ ပြည်တော်သာရပ်ကွက်မှာရှိတဲ့ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးရုံးက ငွေအများအပြားယူကာ ရခိုင်ပြည်ရှိ မူဆလင်များကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးလျက်ရှိတယ်လို့သိရပါတယ်။

ဇူလိုင်လ ၂၅အရက် သတင်းစုစည်းမှု

မလေးရှားနိုင်ငံတွင် နိုင်ငံကူးလက်မှတ် ဒဏ်ကြေးငွေမလေးရင်းဂစ် ၄၈၀ထိတိုးမြင့်ကောက်ခံသွားမယ်လို့ ဇူလိုင်လ ၂၄ရက်နေ့က မလေးနိုင်ငံ၊ ကွာလာလမ်ပူ မှာရှိတဲ့ မြန်မာသံရုံးကထုတ်ပြန်ထားတာတွေ့ရပါတယ်။

ရခိုင်ပြည် မင်းပြားမြို့နယ် တောင်ရင်းအနီး နတ်ကံပြင်(ချင်း)ကျေးရွာမှာ အသက် ၅၆အရွယ် ဒေါ် အေးထုတ်နှင့် အသက်၆၅နှစ်အရွယ် ဒေါ်မမြဦးတို့နှစ်ဦးဟာ ဇူလိုင်လ ၂၅ရက်နေ့က မြေပုံမြို့သို့ ဈေးဆိုင်ပစ္စည်းများသွားဝယ်ရာလမ်းမှာ ရေနစ်သေဆုံးခဲ့တယ်လို့သိရပါတယ်။

ဇူလိုင်လ ၂၄ရက်နေ့အတွက် သတင်းစုစည်းမှု

ဇူလိုင်လ ၂၃ရက်နေ့က စစ်ကောင်စီတပ်မှ ကျောက်တံခါးမြို့နယ် အတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ခဲတဲ့အတွက်ကြောင့် သမင်အင်ကုန်းကျေးရွာမှ မိသားစုဝင် ၄ဦးတို့သေဆုံးပါတယ်။

ဇူလိုင်လ ၂၃ နေ့ ညနေက ရခိုင်ပြည် ပေါက်တောမြို့နယ် ကျောက်မောင်းကျေးရွာရှိ ဆိုင်ခန်းနှင့်နေအိမ်ပူတွဲဖွင့်လှစ်ထားတဲ့ ဒေါ်မနုစိန်အိမ်ကို ဓာတ်ဆီလာရောက်ဝယ်နေစဉ် ဓာတ်ဆီလှပ်ထည့်ပေးရာမှ အငွေ့ထွက်ပြီး မီးလောင်ကျွမ်းသွားကာ နေအိမ်နှင့်အတူငွေကျပ်၉၀ဆယ်ခန့်ဆုံးရှူံးသွားတယ်လို့သိရပါတယ်။

ရခိုင်မှာ မေလ ၁၄ရက်နေ့က တိုက်ခတ်ခဲ့တဲ့မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ကျောက်တော်မြို့မှာရှိတဲ့ သမိုင်းဝင်သေလာဂီရိမောရပဗ္ဗတကျောက်တော်တောင်မှာ တည်ရှိတဲ့ စေတီတော်အပါအဝင် တန်ဆောင်းတွေလည်း ပျက်စီးသွားပါတယ်။ ပျက်စီးသွားတဲ့ စေတီတော်မြတ်ကို ပြန်လည်ပြုပြင်ရန် ငွေကြေးလိုအပ်နေတယ်လို့ ဂေါပကအဖွဲ့ထံက သိရပါတယ်။

ထင်မြင်ယူဆချက်‌‌ပေးရန်