Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အပတ်စဥ်သတင်းစုစည်းမှု (Weekly News)

အပတ်စဥ်သတင်းစုစည်းမှု (Weekly News)

ဇွန်လ ၁၁ ရက်နေ့သတင်းများစုစည်းမှု

ဇွန်လ ၁၁ ရက်နေ့က ရခိုင်ပြည်၊ စစ်တွေမြို့ ဓမ္မသုခကျောင်းတိုက်အနီး အိမ်တစ်အိမ်ကို မီးဆင်နေချိန် ထရန်စဖော်မာတွင် ဓာတ်လိုက်၍ ပရဟိတလုပ်နေတဲ့ လျှပ်စစ်ဝန်ထမ်းတစ်ဦး သေဆုံးခဲ့ပါတယ်။

ဇွန်လ ၇ ရက်နေ့က ရခိုင်ပြည်မှာ မုန်တိုင်းဒဏ်သင့်ခဲ့တဲ့ မြို့နယ်တွေကို အကူအညီအထောက်အပံ့ပေးနေတဲ့ INGO၊ NGO နဲ့ တခြားပရဟိတအဖွဲ့စည်းတွေကို စစ်ကောင်စီက ဇွန်လ ၇ ရက်နေ့က ကူညီခွင့်ပိတ်ပင်ခဲ့ပေမယ့် ဇွန်လ ၁၁ ရက်နေ့က ပြန်လည် သွားလာခွင့်ပြုလိုက်ပါတယ်။

ဇွန်လ ၁၀ ရက်နေ့သတင်းများစုစည်းမှု

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ရေလဲဦးရွာမှာ ဇွန်လ ၉ရက်နေ့က စစိကောင်စီပစ်တဲ့ လက်နက်ကြီးကျည်ထိမှန်ကာ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပါတယ်။

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုခါ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ရခိုင်ပြည်ရဲ့ ကျေးရွာတွေအတွင်း ဆားငန်ရေဝင်ခြင်း၊ ရေကန်တွေအတွင်း သစ်ပင်တွေကျိုးကျခဲ့တဲ့အတွက် ရခိုင်ပြည်သူများမှာ မသန့်ရှင်းတဲ့ရေတွေသောက်သုံးရကာ ဝမ်းရောဂါတွေအဖြစ်များလာတာတွေ့ရပါတယ်။

ဇွန်လ ၉ ရက်နေ့ သတင်းများစုစည်းမှု

၂၀၂၂-၂၂၃ ခုနှစ် စနစ်ဟောင်းတက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုခဲ့တဲ့ ရခိုင်ပြည်က ကျောင်သူ/ကျောင်းသား ၁၆၉၂၈ ယောက်အနက် ၉၉၆၄ ယောက် အောင်မြင်ခဲ့ကာ အောင်မြင်မှု ၈၅.၆၆ ရာခိုင်နှုန်းရှိခဲ့ပေမယ့် တိုင်းနှင့်ပြည်နယ် အနိမ့်ဆုံးအဆင့်သာဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဌာနထုတ်ပြန်ထားချက်အရ သိရပါတယ်။

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် ရခိုင်ပြည်မှာ သစ်ပင်များပျက်စီးမှုဟာ တစ်လတာ သစ်တောတွေခုတ်လှဲတဲ့ ပမာဏလောက်မများသေးဘူးလို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူ ကိုမျိုးလွှင်က ပြောပါတယ်။

မုန်တိုင်းအတွင်းပျက်စီးဆုံးရှုံးမှုတွေရှိခဲ့တဲ့ လယ်သမားတွေ နဲ့ ငါးဖမ်းသမားတွေကို လယ်ယာစိုက်ပျိုုးရေးမှာ လိုအပ်တဲ့ မျိုးစပါး၊ ဓာတ်မြေသြဇာတွေအပြင် ငါးဖမ်းသမားတွေအတွက် ဂဏန်းမြုံး နဲ့ ငါးဖမ်းပိုက်တွေကို UNDP က ရက်သတ္တပတ်အတွင်း ထောက်ပံ့ပေးသွားမယ်လို့ ဇွမ်လ ၇ ရက်နေ့ကပြောထားပါတယ်။

ရခိုင်ပြည်မှာ မုန်တိုင်းဒဏ်ခံရပြီးနောက်မှာ အကူညီအထောက်အပံ့တွေပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို စစ်ကောင်စီက တားမြစ်လိုက်တဲ့နောက် ရက္ခိုင့်တပ်တော် ULA/AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အကြပ်အတည်းအခြေနေဖြစ်နေတဲ့အချိန် အင်အားသုံးရင်ပိုဆိုးသွားနိုင်တဲ့အတွက် နည်းပရိယာပ်သုံးကာကျော်ဖြတ်သွားကြရန် ၎င်းရဲ့Twitter ပေါ်မှာရေးသား တိုက်တွန်းထားပါတယ်။

ဇွန်လ ၈ရက်နေ့သတင်းစုစည်းမှု

ရခိုင်ပြည်၊ မင်းပြားမြို့နယ် မေလွမ်းကျေးရွား အနီးမှာရှိတဲ့ စစ်ကောင်စီ တပ်ရဲ့ တိုင်းဗဟို ၉ ဌာနကနေ မနေ့ ဇွန်လ ၇ ရက်နေ့နဲ့ ဇွန်လ ၈ ရက်နေ့ ၇နာရီမှ ၁၀ နာရီအထိ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ၂ ရက်ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ မေလွမ်းကျေးရွာမှ ဒေသခံတစ်ဦးကပြောပါတယ်။

ဇွန်လ ၇ ရက်နေ့အတွက် သတင်းစုစည်းမှု

ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့က စစ်ကိုင်းတိုင်း ကလေးမြို့နယ် နဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းမှာ စစ်ကောင်စီက လက်နက်ကြီး ၊ ဂျက်ဖိုက်တာတွေနဲ့ ကျေးရွာအတွင်းကို ပစ်ခတ်ခဲ့ကာ စစ်ကောင်စီက ပစ်တဲ့ ကျည်စထိမှန်ပြီး အရပ်သားပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ ကျေးရွာအတွင်းမှ စာသင်ကျောင်းအပါအဝင်၊ နေအိမ်အဆောက်အအုံ၊ဥယျာဉ်ခြံမြေတွေ ပျက်စီးသွားတယ်လို့ သိရပါတယ်။

ဇွန်လ ၆ ရက်နေ့က ပြိုကျမှုဖြစ်ပြီး လူထောင်ချီ ဒုက္ခရောက်စေတဲ့ ယူကရိန်းနိုင်ငံ Kherson မြို့အနီး ရုရှားတို့သိမ်းပိုက်ထားတဲ့ ပင်မဆည်ဟာ ရုရှားတို့လုပ်တာဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇလန်စကီးက ပြောပေမဲ့ ရုရှားဘက်က သူတို့မလုပ်ကြောင်းငြင်းပယ်ထားပါတယ်။

ရခိုင်ပြည်၊ မင်းပြားမြို့နယ် ကြိမ်ချောင်းကျေးရွာမှ အသက် ၅၈နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ မင်းပြားမြို့နယ် ကျွဲရွာမှာရှိတဲ့ အစ်မဖြစ်သူရဲ့ ရက်လည်ဆွမ်းကျွေးအလှူပွဲ သွားရာလမ်းတွင် ရေနစ်မြုပ်ပြီး သေဆုံးခဲ့တယ်လို့သိရပါတယ်။

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် သင်ပုန်းတန်း ကျေးရွာမှ စတုတ္ထတန်း ကျောင်းသား မောင်ဟိန်းထက်အောင်ဟာ ဇွန်လ ၇ရက်နေ့မှာ ကပ္ပလီ(ပီလောပီနံ) ဥ နဲ့ ဓညှင်းသီးစားမိကာ အစာအဆိပ်သင့် သတိလစ်မေ့မျောသဖြင့် စစ်တွေသို့ အရေးပေါ်ပို့ဆောင်ခဲ့ရပါတယ်။

ရခိုင်ပြည်၊ မောင်တောမြို့နယ် ကံပြင်သာစည်ရွာက အသက် ၃၆ နှစ်အရွယ် ကိုမောင်နေဝင်းမှာ ဇွန် ၇ ရက်နေ့က အဖော်ဖြစ်သူနဲ့ လယ်ကွင်းအတွင်း ဖားရှာနေစဉ် တောင်ရိုင်းဆင်အနင်းခံရကာ သေဆုံးခဲ့ပါတယ်။

ဇွန်လ ၆ ရက်နေ့သတင်းများစုစည်းမှု

စစ်ကောင်စီက မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)နဲ့ တရားစွဲဆိုထားခံရတဲ့ ကျောက်တော်မြို့နယ်၊ ကဝိရတနာ စစ်ဘေးရှောင်စခန်းက ဦးကျော်သိန်းမှာ ဇွန်လ ၂ ရက်နေ့က ၁၈ ကြိမ်မြောက်ရုံးထုတ်ခဲ့ပေမဲ့ တရားလိုထပ်မံပျက်ကွက်ခဲ့တယ်လို့သိရပါတယ်။

ရခိုင်ပြည် ရသေ့တောင်မြို့နယ်မှာ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ဈေးဆိုင်တွေ ပျက်စီးသွားခဲ့ကာ အဆိုပါဈေးဆိုင်တွေကို ယခုအချိန်ထိ ပြန်လည်မဖွင့်နိုင်သေးတဲ့အတွက် ဒေသခံတွေအတွက် အခက်အခဲဖြစ်နေပါတယ်။

မုန်တိုင်းအတွင်း တစ်ရွာလုံးရေနစ် ပျက်စီးသွားခဲ့တဲ့ ရခိုင်ပြည် ၊ ပေါက်တောမြို့နယ်ရှိ ငမန်းရဲကျွန်းမှာ ကူညီကယ်ဆယ်ရေးများ မရရှိသေးပေ။

ထင်မြင်ယူဆချက်‌‌ပေးရန်